၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း တစ်သီပုဂ္ဂလကိုယ်စားလှယ်တွေ ဝင်ပြိုင်မယ့်ဦးရေ ၄၂ ဦးထိရှိ

၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း တစ်သီပုဂ္ဂလကိုယ်စားလှယ်တွေ ဝင်ပြိုင်မယ့်ဦးရေ ၄၂ ဦးထိရှိ

စစ်တွေ၊ ဩဂုတ် ၁၈- ၂၀၂၀
ထက်အောင်စိုင်း (VOM)

၂၀၂၀ ခုနှစ် နိုဝင်ဘာမှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေရဲ့ မဲဆန္ဒနယ်တွေမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၄၂) ဦးထိ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိတယ်လို့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကနေ သိရပါတယ်။

” ရခိုင်ပြည်နယ်မှာက မဲဆန္ဒနယ်အသီးသီးမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် (၄၂) ယောက်ဝင်ပြိုင်ဖို့ရှိပါတယ်။ အားလုံး အဲလောက်ပဲရှိပါတယ်။” လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း လာမယ့် ရွေးကောက်ပွဲမှာ ပါတီတချို့က နုတ်ထွက်ခွင့်တင်ထားသူတွေရှိပြီး ရခိုင်ပြည်နယ်အတွင်း အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီမှာ ပါတီဝင်တချို့ နုတ်ထွက်ခွင့်တင်ထားပေမယ့် ပါတီမူဝါဒအရ နုတ်ထွက်ခွင့်မပေးတာကြောင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ကြတာတွေလည်းရှိတယ်လို့ သိရပါတယ်။

တချို့မဲဆန္ဒနယ်တွေမှာ တသီးပုဂ္ဂလကိုယ်စားလှယ်တွေ အားကောင်းတာကြောင့် လာမယ့်ရွေးကောက်ပွဲမှာ ပါတီကိုယ်စားလှယ်တွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေကြား ပြိုင်ဆိုင်မှု ပြင်းထန်ဖို့အလားအလာတွေလည်း ရှိနေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကတော့ လာမယ့် ၂၀၂၀ ခုနှစ် နိုဝင်ဘာမှာ ကျရောက်တော့မယ့် အထွေထွေရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ်နဲ့ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းနဲ့ ပြိုင်ဆိုင်မှုပြင်းထန်နိုင်တယ်လို့ ပြောပါတယ်။

” ဟုတ်ပါတယ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ်နဲ့ ဘူးသီးတောင်မှာ ဝင်ပြိုင်ဖို့ ရှိပါတယ်။ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်မှာဖြစ်ပါတယ်။ ပြိုင်ဖက်က ANP၊ USDP၊ NLD နဲ့ နောက်တစ်ခုက ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီဆိုပြီး မူဆလင်ပါတီ တစ်ခုရှိမယ်။ ရခိုင်အမျိုးသားပါတီ (ANP)ကနေ နုတ်ထွက်ဖို့ စာတင်ထားတယ်။ ဒါပေမယ့် ထွက်ခွင့်မပေးတော့ တစ်သီးပုဂ္ဂလအဖြစ်ဝင်ပြိုင်တာပေါ့။ ပြိုင်ဆိုင်မှုကတော့ ပြင်းထန်နိုင်ပါတယ်။ ANPကလည်း ဥက္ကဌကိုယ်တိုင်ပါတယ်။ ANP က ပြည်သူ့လွှတ်တော်မှာဆိုရင် ပရဟိတလုပ်တဲ့ အမ်းသားကြီးလည်းပါတယ်။ ဒီ ဘူးသီးတောင်မှာကတော့ ပြိုင်ဆိုင်မှုတွေရှိဖို့များပါတယ်။” လို့ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲအတွက် ပြိုင်ဆိုင်မှု အခြေအနေကို ဦးအောင်သောင်းရွှေကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်(၄၂) နှစ်ဦးနဲ့ ရခိုင်ပါတီတွေဖြစ်တဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)၊ ရခိုင်အမျိုးသားပါတီ(ANP)၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီတွေအပြင် ပြည်မပါတီကြီးတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)နဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP)တို့ ပြည်နယ်တွင်း မဲဆန္ဒနယ်အသီးသီးမှာ ပါဝင်ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့၂၀၁၅ ခုနှစ်က ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်(၂၆)ဦးသာရှိခဲ့ပြီး အခုလာမယ့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာတော့ တသီးပုဂ္ဂလကိုယ်စားလှယ် (၄၂)ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက် ယှဉ်ပြိုင်လာသူဦးရေပိုများတာကိုလည်း တွေ့ရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ရခိုင္ျပည္နယ္အတြင္း တစ္သီပုဂၢလကိုယ္စားလွယ္ေတြ ဝင္ၿပိဳင္မယ့္ဦးေရ ၄၂ ဦးထိရွိ

စစ္ေတြ၊ ဩဂုတ္ ၁၈- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာမွာက်င္းပမယ့္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲမွာ ရခိုင္ျပည္နယ္အတြင္းက ၿမိဳ႕နယ္ေတြရဲ႕ မဲဆႏၵနယ္ေတြမွာ တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္း (၄၂) ဦးထိ ဝင္ေရာက္ယွဥ္ၿပိဳင္သြားဖို႔ရွိတယ္လို႔ ရခိုင္ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးကေန သိရပါတယ္။

” ရခိုင္ျပည္နယ္မွာက မဲဆႏၵနယ္အသီးသီးမွာ တစ္သီးပုဂၢလ ကိုယ္စားလွယ္ (၄၂) ေယာက္ဝင္ၿပိဳင္ဖို႔ရွိပါတယ္။ အားလုံး အဲေလာက္ပဲရွိပါတယ္။” လို႔ ရခိုင္ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမႉး ဦးသူရိန္ထြန္းက ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း လာမယ့္ ေ႐ြးေကာက္ပြဲမွာ ပါတီတခ်ိဳ႕က ႏုတ္ထြက္ခြင့္တင္ထားသူေတြရွိၿပီး ရခိုင္ျပည္နယ္အတြင္း အင္အားႀကီးပါတီတစ္ခုျဖစ္တဲ့ ရခိုင္အမ်ိဳးသားပါတီမွာ ပါတီဝင္တခ်ိဳ႕ ႏုတ္ထြက္ခြင့္တင္ထားေပမယ့္ ပါတီမူဝါဒအရ ႏုတ္ထြက္ခြင့္မေပးတာေၾကာင့္ တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္းအျဖစ္ ပါဝင္ယွဥ္ၿပိဳင္ဖို႔ ျပင္ဆင္ၾကတာေတြလည္းရွိတယ္လို႔ သိရပါတယ္။

တခ်ိဳ႕မဲဆႏၵနယ္ေတြမွာ တသီးပုဂၢလကိုယ္စားလွယ္ေတြ အားေကာင္းတာေၾကာင့္ လာမယ့္ေ႐ြးေကာက္ပြဲမွာ ပါတီကိုယ္စားလွယ္ေတြနဲ႔ တစ္သီးပုဂၢလကိုယ္စားလွယ္ေတြၾကား ၿပိဳင္ဆိုင္မႈ ျပင္းထန္ဖို႔အလားအလာေတြလည္း ရွိေနတာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေ႐ႊကေတာ့ လာမယ့္ ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာမွာ က်ေရာက္ေတာ့မယ့္ အေထြေထြေ႐ြးေကာက္ပြဲမွာ တစ္သီးပုဂၢလကိုယ္စားလွယ္အျဖစ္နဲ႔ ပါဝင္ယွဥ္ၿပိဳင္သြားမွာျဖစ္ေၾကာင္းနဲ႔ ၿပိဳင္ဆိုင္မႈျပင္းထန္ႏိုင္တယ္လို႔ ေျပာပါတယ္။

” ဟုတ္ပါတယ္ တစ္သီးပုဂၢလကိုယ္စားလွယ္အျဖစ္နဲ႔ ဘူးသီးေတာင္မွာ ဝင္ၿပိဳင္ဖို႔ ရွိပါတယ္။ ျပည္သူ႔လႊတ္ေတာ္ေနရာအတြက္ ဝင္ၿပိဳင္မွာျဖစ္ပါတယ္။ ၿပိဳင္ဖက္က ANP၊ USDP၊ NLD နဲ႔ ေနာက္တစ္ခုက ဒီမိုကေရစီနဲ႔ လူ႔အခြင့္ေရးပါတီဆိုၿပီး မူဆလင္ပါတီ တစ္ခုရွိမယ္။ ရခိုင္အမ်ိဳးသားပါတီ (ANP)ကေန ႏုတ္ထြက္ဖို႔ စာတင္ထားတယ္။ ဒါေပမယ့္ ထြက္ခြင့္မေပးေတာ့ တစ္သီးပုဂၢလအျဖစ္ဝင္ၿပိဳင္တာေပါ့။ ၿပိဳင္ဆိုင္မႈကေတာ့ ျပင္းထန္ႏိုင္ပါတယ္။ ANPကလည္း ဥကၠဌကိုယ္တိုင္ပါတယ္။ ANP က ျပည္သူ႔လႊတ္ေတာ္မွာဆိုရင္ ပရဟိတလုပ္တဲ့ အမ္းသားႀကီးလည္းပါတယ္။ ဒီ ဘူးသီးေတာင္မွာကေတာ့ ၿပိဳင္ဆိုင္မႈေတြရွိဖို႔မ်ားပါတယ္။” လို႔ လာမယ့္ ႏိုဝင္ဘာေ႐ြးေကာက္ပြဲအတြက္ ၿပိဳင္ဆိုင္မႈ အေျခအေနကို ဦးေအာင္ေသာင္းေ႐ႊကေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ တစ္သီးပုဂၢလကိုယ္စားလွယ္(၄၂) ႏွစ္ဦးနဲ႔ ရခိုင္ပါတီေတြျဖစ္တဲ့ ရခိုင့္ဦးေဆာင္ပါတီ(AFP)၊ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (ALD)၊ ရခိုင္အမ်ိဳးသားပါတီ(ANP)၊ ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရးပါတီေတြအျပင္ ျပည္မပါတီႀကီးေတြျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)နဲ႔ ျပည္ေထာင္စုႀကံခိုင္ေရးနဲ႔ဖြံ႕ၿဖိဳးေရးပါတီ (USDP)တို႔ ျပည္နယ္တြင္း မဲဆႏၵနယ္အသီးသီးမွာ ပါဝင္ယွဥ္ၿပိဳင္သြားၾကမွာ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ ၿပီးခဲ့တဲ့၂၀၁၅ ခုႏွစ္က ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲမွာ တစ္သီးပုဂၢလကိုယ္စားလွယ္(၂၆)ဦးသာရွိခဲ့ၿပီး အခုလာမယ့္ ၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲမွာေတာ့ တသီးပုဂၢလကိုယ္စားလွယ္ (၄၂)ဦး ဝင္ေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္တဲ့အတြက္ ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲထက္ ယွဥ္ၿပိဳင္လာသူဦးေရပိုမ်ားတာကိုလည္း ေတြ႕ရပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW