သိန်း ၇၀၀၀ အကုန်ကျခံတည်ဆောက်ထားတဲ့ မြေထိန်းနံရံ တစ်နှစ်မပြည့်ခင်ပြိုကျ

သိန်း ၇၀၀၀ အကုန်ကျခံတည်ဆောက်ထားတဲ့ မြေထိန်းနံရံ တစ်နှစ်မပြည့်ခင်ပြိုကျ

မော်လိုက် ၊ သြဂုတ် ၁၉-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ အခုရက်ပိုင်း ချင်းတွင်းမြစ်ရေဟာ တဟုန်ထိုးမြင့်တက်နေပြီး မြစ်ရေတိုက်စားမူဖြစ်ပေါ်လာမှာကို စိုးရိမ်တကြီးဖြစ်နေတဲ့အချိန်မှာ မော်လိုက်ကလေးကျေးရွာက မြေထိန်းနံရံပြိုကျမူတွေဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

” အဲ့ဒီ မြေထိန်းနံရံဟာ ၂၀၁၈ / ၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရံပုံငွေ ကျပ် သန်း ၇၀၀ နဲ့ တည်ဆောက်တာဖြစ်တယ်။ ဒီလ ၁ ရက်နေ့ကစပြီး တအိအိပြိုကျနေတာဖြစ်တယ် ”လို့ မော်လိုက်ကလေး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲ့ဒီ မြေထိန်းနံရံပြိုကျတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ မော်လိုက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုးဝင်းပြောပြတာကတော့ “ဒီလ ၇ ရက်နေ့က ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ အရေးတကြီးတင်ပြစာတစ်စောင် ပေးပို့ထားတယ်”လို့ သိရပါတယ်။

အဆောက်အဦး လမ်းတံတားနဲ့ မြေထိန်းနံရံတည်ဆောက်ရေးလုပ်ငန်းတွေရဲ့ အရည်အသွေးပြည့်မီမှုစံချိန်ကို သက်ဆိုင်ရာက စီစစ်လက်ခံတာမျိုးဖြစ်ပေမယ့် မော်လိုက်ကလေး မြေထိန်းနံရံကတော့ တည်ဆောက်ပြီးမကြာမီ သက်တမ်းအတွင်းမှာ အခုလို ပြိုကျပျက်စီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

Photo – မော်လိုက်ကလေးရွာ အုပ်ချုပ်ရေး
#voiceofmyanmar #VOM #မော်လိုက်

Zawgyi

သိန္း ၇၀၀၀ အကုန္က်ခံတည္ေဆာက္ထားတဲ့ ေျမထိန္းနံရံ တစ္ႏွစ္မျပည့္ခင္ၿပိဳက်

ေမာ္လိုက္ ၊ ၾသဂုတ္ ၁၉-၂၀၂၀
ကိုတိုးႀကီး (VOM)

စစ္ကိုင္းတိုင္း၊ ေမာ္လိုက္ၿမိဳ႕နယ္မွာ အခုရက္ပိုင္း ခ်င္းတြင္းျမစ္ေရဟာ တဟုန္ထိုးျမင့္တက္ေနၿပီး ျမစ္ေရတိုက္စားမူျဖစ္ေပၚလာမွာကို စိုးရိမ္တႀကီးျဖစ္ေနတဲ့အခ်ိန္မွာ ေမာ္လိုက္ကေလးေက်း႐ြာက ေျမထိန္းနံရံၿပိဳက်မူေတြျဖစ္ပြားခဲ့တာလို႔ သိရပါတယ္။

” အဲ့ဒီ ေျမထိန္းနံရံဟာ ၂၀၁၈ / ၂၀၁၉ ဘ႑ာႏွစ္ ခြင့္ျပဳရံပုံေငြ က်ပ္ သန္း ၇၀၀ နဲ႔ တည္ေဆာက္တာျဖစ္တယ္။ ဒီလ ၁ ရက္ေန႔ကစၿပီး တအိအိၿပိဳက်ေနတာျဖစ္တယ္ ”လို႔ ေမာ္လိုက္ကေလး ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။

အဲ့ဒီ ေျမထိန္းနံရံၿပိဳက်တဲ့ ျဖစ္စဥ္နဲ႔ပတ္သက္လို႔ ေမာ္လိုက္မဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခ်ိဳခ်ိဳးဝင္းေျပာျပတာကေတာ့ “ဒီလ ၇ ရက္ေန႔က ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးထံ အေရးတႀကီးတင္ျပစာတစ္ေစာင္ ေပးပို႔ထားတယ္”လို႔ သိရပါတယ္။

အေဆာက္အဦး လမ္းတံတားနဲ႔ ေျမထိန္းနံရံတည္ေဆာက္ေရးလုပ္ငန္းေတြရဲ႕ အရည္အေသြးျပည့္မီမႈစံခ်ိန္ကို သက္ဆိုင္ရာက စီစစ္လက္ခံတာမ်ိဳးျဖစ္ေပမယ့္ ေမာ္လိုက္ကေလး ေျမထိန္းနံရံကေတာ့ တည္ေဆာက္ၿပီးမၾကာမီ သက္တမ္းအတြင္းမွာ အခုလို ၿပိဳက်ပ်က္စီးသြားတာျဖစ္တယ္လို႔ သိရပါတယ္။

Photo – ေမာ္လိုက္ကေလး႐ြာ အုပ္ခ်ဳပ္ေရး
#voiceofmyanmar #VOM #ေမာ္လိုက္

Related posts

Leave a Comment

VOM News

FREE
VIEW