သမ္မတပူတင်ကို ဝေဖန်တဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အဆိပ်မိလို့ ဆေးရုံမှာသတိလစ်နေ

သမ္မတပူတင်ကို ဝေဖန်တဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အဆိပ်မိလို့ ဆေးရုံမှာသတိလစ်နေ

မော်စကို၊ သြဂုတ်-၂၀-၂၀၂၀
မျိုးဆက် (VOM)

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗာနီဟာ သံသယဖြစ်ဖွယ်အဆိပ်မိသွားတာကြောင့် ဆေးရုံမှာ သတိလစ်မေ့မြောနေတယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေး လှုပ်ရှားသူ နာဗာနီဟာ ခရီးစဉ်တစ်ခုအတွင်း ဖျားနာလာတာကြောင့် စီးနှင်းလာတဲ့လေယာဉ်ကို အွမ်းခ်မှာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ကီယာရာမတ်ရှ်ကပြောပါတယ်။

မစ္စတာနာဗာနီ သောက်သုံးတဲ့ လက်ဖက်ရည်အတွင်း တစ်စုံတစ်ခုထည့်လိုက်တာကြောင့် အဆိပ်သင့်မှုဖြစ်တယ်လို့ သံသယရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မစ္စတာနာဗာနီဟာ သမ္မတပူတင်ကို ဝေဖန်မှုပြုသူတစ်ဦးလည်းဖြစ်ပါတယ်။

ရုရှားနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် မဲပေးမှုဟာ အာဏာသိမ်းမှုတစ်ရပ်ဖြစ်ကြောင်းနဲ့ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်မှုတစ်ရပ်ဖြစ်တယ်လို့ သူကဇွန်လအတွင်းမှာ ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်မှုတွေဟာ သမ္မတပူတင်ကို နောက်ထပ်သက်တမ်းနှစ်ခု တာဝန်ထမ်းဆောင်ခွင့်ပြုထားပါတယ်။

မစ္စတာနာဗာနီဟာ နံနက်ပိုင်းမှာ မော်စကိုကနေ အွမ်းခ်ကိုပြန်လာခဲ့ပြီး လေယာဉ်ခရီးစဉ်အတွင်း ဖျားနာခဲ့ကြောင်း၊ လက်ရှိမှာတော့ သူ့ကို အရေးပေါ်စောင့်ရှောက်ကုသမှုများပြုနေတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #မော်စကို

Zawgyi

သမၼတပူတင္ကို ေ၀ဖန္တဲ႔ ရုရွားအတိုက္အခံေခါင္းေဆာင္ အဆိပ္မိလို႔ ေဆးရံုမွာသတိလစ္ေန

ေမာ္စကို၊ ၾသဂုတ္-၂၀-၂၀၂၀
မ်ိဳးဆက္ (VOM)

ရုရွားအတိုက္အခံေခါင္းေဆာင္ အလက္ဇီနာဗာနီဟာ သံသယျဖစ္ဖြယ္အဆိပ္မိသြားတာေၾကာင္႔ ေဆးရံုမွာ သတိလစ္ေမ႔ေျမာေနတယ္လို႔ သူ႕ရဲ႕ ေျပာေရးဆိုခြင္႔ရိွသူက ေျပာပါတယ္။

အက်င္႔ပ်က္ခ်စားမႈတိုက္ဖ်က္ေရး လႈပ္ရွားသူ နာဗာနီဟာ ခရီးစဥ္တစ္ခုအတြင္း ဖ်ားနာလာတာေၾကာင္႔ စိီးနွင္းလာတဲ႔ေလယာဥ္ကို အြမ္းခ္မွာ အေရးေပၚဆင္းသက္ခဲ႔ရတယ္လို႔ ေျပာေရးဆိုခြင္႔ရိွသူ ကီယာရာမတ္ရွ္ကေျပာပါတယ္။

မစၥတာနာဗာနီ ေသာက္သံုးတဲ႔ လက္ဖက္ရည္အတြင္း တစ္စံုတစ္ခုထည္႔လိုက္တာေၾကာင္႔ အဆိပ္သင္႔မႈျဖစ္တယ္လို႔ သံသယရိွေၾကာင္း ေျပာေရးဆိုခြင္႔ရိွသူက ေျပာပါတယ္။ မစၥတာနာဗာနီဟာ သမၼတပူတင္ကို ေ၀ဖန္မႈျပဳသူတစ္ဥိီးလည္းျဖစ္ပါတယ္။

ရုရွားနိုင္ငံမွာ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးအတြက္ မဲေပးမႈဟာ အာဏာသိမ္းမႈတစ္ရပ္ျဖစ္ေၾကာင္းနဲ႔ ဒါဟာ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ခ်ိဳးေဖာက္မႈတစ္ရပ္ျဖစ္တယ္လို႔ သူကဇြန္လအတြင္းမွာ ေ၀ဖန္ေျပာဆိုခဲ႔ပါတယ္။

ဖြဲ႔စည္းပံုျပင္ဆင္မႈေတြဟာ သမၼတပူတင္ကို ေနာက္ထပ္သက္တမ္းနွစ္ခု တာ၀န္ထမ္းေဆာင္ခြင္႔ျပဳထားပါတယ္။

မစၥတာနာဗာနီဟာ နံနက္ပိုင္းမွာ ေမာ္စကိုကေန အြမ္းခ္ကိုျပန္လာခဲ့ၿပီး ေလယာဥ္ခရီးစဥ္အတြင္း ဖ်ားနာခဲ႔ေၾကာင္း၊ လက္ရိွမွာေတာ႔ သူ႔ကို အေရးေပၚေစာင္႔ေရွာက္ကုသမႈမ်ားျပဳေနတယ္လို႔ ေျပာေရးဆိုခြင္႔ရိွသူက ေျပာပါတယ္။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ေမာ္စကို

Related posts

Leave a Comment

VOM News

FREE
VIEW