ရခိုင်မှာ ကိုဗစ်အတည်ပြုလူနာ (၂) နှစ်ဦး ထပ်တွေ့တဲ့ထဲ စစ်တွေဆေးရုံက ဆရာဝန်တစ်ဦးပါဝင်

ရခိုင်မှာ ကိုဗစ်အတည်ပြုလူနာ (၂) နှစ်ဦး ထပ်တွေ့တဲ့ထဲ စစ်တွေဆေးရုံက ဆရာဝန်တစ်ဦးပါဝင်

စစ်တွေ၊ ဩဂုတ် ၂၀- ၂၀၂၀
ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေမှာ နောက်ထပ်ကိုဗစ်အတည်ပြုလူနာ (၂) ဦးထပ်မံတွေ့ရှိရကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ ဒီကနေ့ မနက်ကထုတ်ပြန်ထားပါတယ်။ အဲဒီ ကိုဗစ်အတည်ပြုလူနာ နှစ်ဦးအနက် အသက် (၄၀) နှစ်အရွယ် အမျိုးသားမှာ စစ်တွေပြည်သူ့ဆေးရုံကြီးက ဆရာဝန်တစ်ဦးဖြစ်ကြောင်း သိရပါတယ်။

အဲဒီ လူနာအမှတ် (၃၉၅) ဟာနား၊ နာခေါင်းနဲ့ လည်ချောင်းအထူးကု ဆရာဝန်ဖြစ်ကြောင်းသိရကာ လူနာအမှတ် (၃၉၆) ကိုဗစ် ၁၉ အတည်ပြုလူနာအမျိုးသမီးကတော့ ထွေအုပ်ဝန်ထမ်း ဖြစ်ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင် ဆီကနေသိ ရပါတယ်။

ဒီကနေ့ ဆေးစစ်အဖြေတွေအရ စစ်တွေမြို့ နယ်ကကိုဗစ်အတည်ပြုလူနာ နှစ်ဦးနဲ့ပတ်သပြီး ဒေါက်တာဇော်လွင်ပြောတာက” စစ်တွေဆေးရုံက ဆရာဝန်ဟုတ်ပါတယ်။ သူကတော့ အပြင်မှာတွေ့တဲ့ ဆရာဝန်ပေါ့။ သူ့ကိုလည်း လိုအပ်တာတွေအကုန်လုံးဆောင်ရွက် ထားပါတယ်။လူနာတွေထဲကလည်း သူနဲ့ထိတွေ့တဲ့ သူတွေကို အကုန်လုံးနမူနာယူထားပါပြီ။ သူက နား၊ နာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်ဖြစ်တယ်။” လို့ ပြောပြပါတယ်။

ပိုးတွေ့တဲ့ အမျိုးသမီးကတော့ အသက် (၂၉) နှစ်အရွယ်ဖြစ်ပြီး ခရီးသွားရာဇဝင်မရှိပေမယ့် ခရီသွားရာဇဝင်ကတော့ CB ဘဏ်ကို တစ်ခါသွားဖူးကြောင်း ဒေါက်တာဇော်လွင်က ပြောပါတယ်။

ဒေါက်တာဇော်လွင်ပြောတာက” နောက်တစ်ယောက်က ထွေအုပ်ဝန်ထမ်း။ ခရီးသွားရာဇဝင်ကတော့ CB ဘဏ်ကို တစ်ခါသွားဖူးတယ်ပေါ့။ လက်ရှိကျနော်တို့ စစ်တွေဆေးရုံမှာ ပိုးတွေ့လူနာ (၆) ယောက်နဲ့ သံသယလူနာ (၄) ယောက်ရှိပါတယ်။ ကျန်းမာရေးတွေကတော့ အာလုံးကောင်းကြပါတယ်။ ကျန်းမာရေးက စိုးရိမ်စရာမရှိပါဘူး။” လို့ ပြောပါတယ်။

စစ်တွေမြို့ပြည်သူ့ဆေးရုံးကြီးမှာ လက်ရှိကိုဗစ်ပိုးတွေ့လူနာ (၆) ဦးထိရှိနေပြီး ဒါဟာ စစ်တွေခရိုင်အတွင်း အများဆုံးအရေအတွက်ဖြစ်ပါတယ်။

ယခုလိုမျိုး ရခိုင်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာတွေ ဆက်တိုက်ပေါ်ထွက်လာနေတာကြောင့် ဒေသခံတွေကြားမှာ စိုးရိမ်မှုတွေရှိနေပါတယ်။

စစ်တွေမြို့က ဒေသခံတစ်ဦးဖြစ်သူ ဦးအဘုက” ဒီရောဂါက ကြောက်ဖို့ကောင်းပါတယ်။ မိသားစု၊ ညီကိုမောင်နှမတွေ၊ သူငယ်ချင်းတွေနဲ့ ပတ်သတ်လို့ဆိုရင်တော့ အစစ အရာရာကြောက်ဖို့ကောင်းတာပေါ။ အဲဒါတွေကို ကျနော်တို့အနေနဲ့ ရှောင်ကြည်ဖို့ လိုအပ်တာပေါ့။” လို့ သူ့ရဲ့စိုးရိမ်မှုကို ပြောပြပါတယ်။

လက်ရှိအချိန်မှာ စစ်တွေမြို့အတွင်း နာခေါင်းစည်း(Mask) မတွေကို သက်ဆိုင်ရာတွေနဲ့ အရပ်ဖက်အဖွဲ့ အစည်းတွေက လမ်းသွားလမ်းလာတွေကို ပေးဝေမှုတွေပြုလုပ်နေကြပါတယ်။

ဆက်လက်ပြီး မနက်ဖြန် ဩဂုတ်လ ၂၁ ရက်နေ့ကနေစပြီး နာခေါင်းစည်း (Mask) မတပ်ပဲ သွားလာသူတွေကို အရေးယူသွားမှာဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတွေဆီကနေသိရပါတယ်။

စစ်တွေမြို့မှာ ကိုဗစ်အတည်ပြုလူနာ (၆) ယောက်အနက် အမျိုးသမီး (၅) ဦး ကျန်တစ်ဦးကတော့ ဆရာဝန်အမျိုးသားဖြစ်ပြီး ပထမဆုံးစစ်တွေမြို့တွင်းပိုးတွေ့လူနာကတော့ လူနာအမှတ် (၃၇၅) အမျိုးသမီး၊ လူနာအမှတ် (၃၇၇) အမျိုးသီးနဲ့ (၃၉၆) အမျိုးသမီးတို့ဟာ စောင့်ကြည့်လူနာထဲကဖြစ်ကြောင်းနဲ့ ကျန်တဲ့ လူနာအမှတ် (၃၇၈)၊ (၃၇၉) အမျိုးသမီးတွေနဲ့ လူနာအမှတ် (၃၉၅) ဆရာဝန်တို့ဟာ အသွားအလာကန့်သတ်ထားရှိသူ(Quaratine) ဝင်နေတဲ့အထဲက ဖြစ်ကြောင်းသိရပါတယ်။

ရခိုင်ပြည်နယ်မြို့တော်စစ်တွေမှာ ကိုဗစ်အတည်ပြုလူနာတွေ ဆက်တိုက်တွေ့ရှိပြီးနောက်ပိုင်း ဒီကနေ့ သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းကနေ မကျည်းမြိုင်ရပ်ကွက်က လူနာအမှတ် (၃၇၅) ရဲ့ နေအိမ်ရှေ့ လမ်း၊ လမ်းသစ်ရပ်ကွက်က (၂) နေရာ ကို အသွားအလာကန့်သတ်လိုက်ပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #Sittwe #စစ်တွေ

Zawgyi

ရခိုင္မွာ ကိုဗစ္အတည္ျပဳလူနာ (၂) ႏွစ္ဦး ထပ္ေတြ႕တဲ့ထဲ စစ္ေတြေဆး႐ုံက ဆရာဝန္တစ္ဦးပါဝင္

စစ္ေတြ၊ ဩဂုတ္ ၂၀- ၂၀၂၀
ထက္ေအာင္စိုင္း(VOM)

ရခိုင္ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္စစ္ေတြမွာ ေနာက္ထပ္ကိုဗစ္အတည္ျပဳလူနာ (၂) ဦးထပ္မံေတြ႕ရွိရေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကေန ဒီကေန႔ မနက္ကထုတ္ျပန္ထားပါတယ္။ အဲဒီ ကိုဗစ္အတည္ျပဳလူနာ ႏွစ္ဦးအနက္ အသက္ (၄၀) ႏွစ္အ႐ြယ္ အမ်ိဳးသားမွာ စစ္ေတြျပည္သူ႔ေဆး႐ုံႀကီးက ဆရာဝန္တစ္ဦးျဖစ္ေၾကာင္း သိရပါတယ္။

အဲဒီ လူနာအမွတ္ (၃၉၅) ဟာနား၊ နာေခါင္းနဲ႔ လည္ေခ်ာင္းအထူးကု ဆရာဝန္ျဖစ္ေၾကာင္းသိရကာ လူနာအမွတ္ (၃၉၆) ကိုဗစ္ ၁၉ အတည္ျပဳလူနာအမ်ိဳးသမီးကေတာ့ ေထြအုပ္ဝန္ထမ္း ျဖစ္ေၾကာင္း စစ္ေတြေဆး႐ုံအုပ္ႀကီး ေဒါက္တာေဇာ္လြင္ ဆီကေနသိ ရပါတယ္။

ဒီကေန႔ ေဆးစစ္အေျဖေတြအရ စစ္ေတြၿမိဳ႕ နယ္ကကိုဗစ္အတည္ျပဳလူနာ ႏွစ္ဦးနဲ႔ပတ္သၿပီး ေဒါက္တာေဇာ္လြင္ေျပာတာက” စစ္ေတြေဆး႐ုံက ဆရာဝန္ဟုတ္ပါတယ္။ သူကေတာ့ အျပင္မွာေတြ႕တဲ့ ဆရာဝန္ေပါ့။ သူ႔ကိုလည္း လိုအပ္တာေတြအကုန္လုံးေဆာင္႐ြက္ ထားပါတယ္။လူနာေတြထဲကလည္း သူနဲ႔ထိေတြ႕တဲ့ သူေတြကို အကုန္လုံးနမူနာယူထားပါၿပီ။ သူက နား၊ နာေခါင္း၊ လည္ေခ်ာင္းအထူးကု ဆရာဝန္ျဖစ္တယ္။” လို႔ ေျပာျပပါတယ္။

ပိုးေတြ႕တဲ့ အမ်ိဳးသမီးကေတာ့ အသက္ (၂၉) ႏွစ္အ႐ြယ္ျဖစ္ၿပီး ခရီးသြားရာဇဝင္မရွိေပမယ့္ ခရီသြားရာဇဝင္ကေတာ့ CB ဘဏ္ကို တစ္ခါသြားဖူးေၾကာင္း ေဒါက္တာေဇာ္လြင္က ေျပာပါတယ္။

ေဒါက္တာေဇာ္လြင္ေျပာတာက” ေနာက္တစ္ေယာက္က ေထြအုပ္ဝန္ထမ္း။ ခရီးသြားရာဇဝင္ကေတာ့ CB ဘဏ္ကို တစ္ခါသြားဖူးတယ္ေပါ့။ လက္ရွိက်ေနာ္တို႔ စစ္ေတြေဆး႐ုံမွာ ပိုးေတြ႕လူနာ (၆) ေယာက္နဲ႔ သံသယလူနာ (၄) ေယာက္ရွိပါတယ္။ က်န္းမာေရးေတြကေတာ့ အာလုံးေကာင္းၾကပါတယ္။ က်န္းမာေရးက စိုးရိမ္စရာမရွိပါဘူး။” လို႔ ေျပာပါတယ္။

စစ္ေတြၿမိဳ႕ျပည္သူ႔ေဆး႐ုံးႀကီးမွာ လက္ရွိကိုဗစ္ပိုးေတြ႕လူနာ (၆) ဦးထိရွိေနၿပီး ဒါဟာ စစ္ေတြခ႐ိုင္အတြင္း အမ်ားဆုံးအေရအတြက္ျဖစ္ပါတယ္။

ယခုလိုမ်ိဳး ရခိုင္ျပည္နယ္အတြင္း ကိုဗစ္အတည္ျပဳလူနာေတြ ဆက္တိုက္ေပၚထြက္လာေနတာေၾကာင့္ ေဒသခံေတြၾကားမွာ စိုးရိမ္မႈေတြရွိေနပါတယ္။

စစ္ေတြၿမိဳ႕က ေဒသခံတစ္ဦးျဖစ္သူ ဦးအဘုက” ဒီေရာဂါက ေၾကာက္ဖို႔ေကာင္းပါတယ္။ မိသားစု၊ ညီကိုေမာင္ႏွမေတြ၊ သူငယ္ခ်င္းေတြနဲ႔ ပတ္သတ္လို႔ဆိုရင္ေတာ့ အစစ အရာရာေၾကာက္ဖို႔ေကာင္းတာေပါ။ အဲဒါေတြကို က်ေနာ္တို႔အေနနဲ႔ ေရွာင္ၾကည္ဖို႔ လိုအပ္တာေပါ့။” လို႔ သူ႔ရဲ႕စိုးရိမ္မႈကို ေျပာျပပါတယ္။

လက္ရွိအခ်ိန္မွာ စစ္ေတြၿမိဳ႕အတြင္း နာေခါင္းစည္း(Mask) မေတြကို သက္ဆိုင္ရာေတြနဲ႔ အရပ္ဖက္အဖြဲ႕ အစည္းေတြက လမ္းသြားလမ္းလာေတြကို ေပးေဝမႈေတြျပဳလုပ္ေနၾကပါတယ္။

ဆက္လက္ၿပီး မနက္ျဖန္ ဩဂုတ္လ ၂၁ ရက္ေန႔ကေနစၿပီး နာေခါင္းစည္း (Mask) မတပ္ပဲ သြားလာသူေတြကို အေရးယူသြားမွာျဖစ္ေၾကာင္း သက္ဆိုင္ရာတာဝန္ရွိသူေတြဆီကေနသိရပါတယ္။

စစ္ေတြၿမိဳ႕မွာ ကိုဗစ္အတည္ျပဳလူနာ (၆) ေယာက္အနက္ အမ်ိဳးသမီး (၅) ဦး က်န္တစ္ဦးကေတာ့ ဆရာဝန္အမ်ိဳးသားျဖစ္ၿပီး ပထမဆုံးစစ္ေတြၿမိဳ႕တြင္းပိုးေတြ႕လူနာကေတာ့ လူနာအမွတ္ (၃၇၅) အမ်ိဳးသမီး၊ လူနာအမွတ္ (၃၇၇) အမ်ိဳးသီးနဲ႔ (၃၉၆) အမ်ိဳးသမီးတို႔ဟာ ေစာင့္ၾကည့္လူနာထဲကျဖစ္ေၾကာင္းနဲ႔ က်န္တဲ့ လူနာအမွတ္ (၃၇၈)၊ (၃၇၉) အမ်ိဳးသမီးေတြနဲ႔ လူနာအမွတ္ (၃၉၅) ဆရာဝန္တို႔ဟာ အသြားအလာကန႔္သတ္ထားရွိသူ(Quaratine) ဝင္ေနတဲ့အထဲက ျဖစ္ေၾကာင္းသိရပါတယ္။

ရခိုင္ျပည္နယ္ၿမိဳ႕ေတာ္စစ္ေတြမွာ ကိုဗစ္အတည္ျပဳလူနာေတြ ဆက္တိုက္ေတြ႕ရွိၿပီးေနာက္ပိုင္း ဒီကေန႔ ၾသဂုတ္လ ၂၀ ရက္ေန႔ မနက္ပိုင္းကေန မက်ည္းၿမိဳင္ရပ္ကြက္က လူနာအမွတ္ (၃၇၅) ရဲ႕ ေနအိမ္ေရွ႕ လမ္း၊ လမ္းသစ္ရပ္ကြက္က (၂) ေနရာ ကို အသြားအလာကန႔္သတ္လိုက္ၿပီျဖစ္ပါတယ္။

#voiceofmyanmar #VOM #Sittwe #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW