နှစ်တဝက်နီးပါး ပိတ်ထားရတဲ့ အပန်းဖြေလုပ်ငန်းတွေ ယစ်မျိုးအခွန်စီးကြပ်မှုကြောင့် အခက်ကြုံ

နှစ်တဝက်နီးပါး ပိတ်ထားရတဲ့ အပန်းဖြေလုပ်ငန်းတွေ ယစ်မျိုးအခွန်စီးကြပ်မှုကြောင့် အခက်ကြုံ

မုံရွာ၊ သြဂုတ် ၂၁ – ၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က အပန်းဖြေလုပ်ငန်းတွေဟာ ယခုနှစ် မတ်လ နောက်ဆုံးပတ်ထဲကစတင်ပြီး ကမ္ဘာ့ကူးဆက်မြန် ကိုဗစ်ကပ်ရောဂါကြောင့် လုပ်ငန်းတွေပိတ်ထားရတာဟာ နှစ်တဝက်နီးပါးရှိနေပြီဖြစ်တဲ့အပြင် ယစ်မျိုးအခွန် စီးကြပ်ကောက်ခံမှု သက်သာရာမရဘဲ ယစ်မျိုးအခွန်လက်ကျန်ငွေ ပေးသွင်းခိုင်းနေတဲ့အတွက် အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။

“ ဘဏ္ဍာရေးနှစ် တစ်နှစ်ကို FL – 17 ယစ်မျိုးအခွန်စီးကြပ်ကောက်ခံတဲ့နှုန်းထားဟာ ၂၃ သိန်းဖြစ်တယ် ၊ အဲ့ဒီ ၂၃ သိန်းကို နှစ်ရစ်ခွဲပြီး ပထမတစ်ရစ်ကို ၁၁ သိန်း ၅ သောင်း ၊ ဒုတိယအရစ်ကို ၁၁ သိန်း ၅ သောင်း ပေးဆောင်ရတာပါ ၊ ၂၀၁၉ / ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် လက်ကျန်ဒုတိယအရစ် ပေးဆောင်ခိုင်းနေတာဖြစ်တယ် ၊ အပန်းဖြေလုပ်ငန်းတွေက နှစ်တဝက်နီးပါး ပိတ်ထားရလို့ လက်ကျန်စီးကြပ်အခွန်ကို ပေးသွင်းနိုင်ဖို့ အခက်အခဲဖြစ်ကြတယ် ၊ ပေးသွင်းနိုင်တဲ့သူတွေ ရှိသလို ၊ မပေးသွင်းနိုင်သေးတဲ့သူတွေလည်း ရှိတယ် ၊ ဒီဘဏ္ဍာရေးနှစ်မှာဆို နှစ်တဝက်လောက်က လုံးဝမရောင်းရဘဲ အခွန်စီးကြပ်မှုကို ပေးဆောင်ရတာပါ၊ ယစ်မျိုးအခွန် စီးကြပ်ကောက်ခံမှုကို သက်သာရာရရင်တော့ ပိုးကောင်းမယ် ” လို့ စစ်ကိုင်းတိုင်း ကာရာအိုကေ အပန်းဖြေလုပ်ငန်းရှင်များအစည်းအရုံး ဥက္ကဌ ဦးအေးမင်းကပြောပါတယ်။

မုံရွာမြို့မှာ အပန်းဖြေလုပ်ငန်းအမျိုးအစားပေါင်း များစွာရှိပြီး အဲ့ဒီ အပန်းဖြေလုပ်ငန်းတွေထဲက ကလေးကစားကွင်းကလွဲလို့ အခြား အပန်းဖြေလုပ်ငန်းတွေဟာ အရက်၊ ဘီယာ စတဲ့ ယမကာမျိုးစုံကို ဆိုင်တင်ရောင်းချကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေက အပန်းဖြေလုပ်ငန်းရှိတဲ့နေရာတွေကို လာရောက်အပန်းဖြေ လည်ပတ်သူတွေများခဲ့တဲ့အတွက် ယမကာမျိုးစုံ ရောင်းအားကောင်းခဲ့ပေမယ့် အခုနှစ် မတ်လ နောက်ဆုံးပတ်ကစပြီး ကမ္ဘာ့ကူးဆက်မြန် ကိုဗစ်ကပ်ရောဂါကြောင့် လုပ်ငန်းတွေ ရပ်နားထားခဲ့ရတာဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေ ဝင်ငွေနည်းကာလဖြစ်တာကြောင့် စာနာတဲ့အနေနဲ့ ယစ်မျိုးအခွန်စီးကြပ်ကောက်ခံမှုတွေ သက်သာရာ သက်သာကြောင်း ဖြစ်စေဖို့ လုပ်ငန်းရှင်တွေက မျှော်လင့်နေကြတာဖြစ်ပါတယ်။

“ အလုပ်ဖြစ်လို့တော့ မဟုတ်ဘူး ၊ လုံး၀ အလုပ်မဖြစ်တာ ခြောက်လနီးပါးရှိပြီ၊ ယစ်မျိုးလိုင်စင်သက်တမ်းလေး အသက်ရှိနေစေချင်တော့ ငွေကြေးအခက်အခဲကြားက မဖြစ်မနေ ပေးဆောင်ကြရတာပဲ ” လို့ ဘိလိယက် အပန်းဖြေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အချိန်ကာလ ခြောက်လနီးပါးရပ်နာထားရတဲ့ အပန်းဖြေလုပ်ငန်းတွေဟာ လုပ်ငန်းပြန်လည် ဖွင့်ခွင့်ရမယ့်ရက်ကို မသိရပေမယ့် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိချိန်မှာ ယစ်မျိုးလိုင်စင်သက်တမ်း ကုန်ဆုံးနေတာမျိုး မဖြစ်ဖို့အတွက် ငွေကြေးခက်ခဲမှုကြားက မဖြစ်မနေ ယစ်မျိုးစီးကြပ်မှုအခွန်ကို ပေးဆောင်ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အပန်းဖြေလုပ်ငန်းတွေဟာ စည်ပင်အခွန်စီးကြပ်မှု ၊အမြတ်ခွန်စီးကြပ်မှု ၊ လျှပ်စစ်အခွန်စီးကြပ်မှု ၊ သက်ဆိုင်ရာလုပ်ငန်းအခွန် စီးကြပ်မှုနဲ့ ယစ်မျိုးအခွန်စီးကြပ်မှု စတဲ့ အခွန်စီးကြပ်မှု ၅ မျိုးကို နှစ်စဉ် ဘဏ္ဍာရေးကဏ္ဍတွေမှာ တာဝန်ကြေအောင်ထမ်းဆောင်နေတဲ့ အခွန်ထမ်းလုပ်ငန်းတွေဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ယစ်မျိုးခွန်

Zawgyi

ႏွစ္တ၀က္နီးပါး ပိတ္ထားရတဲ့ အပန္းေျဖလုပ္ငန္းေတြ ယစ္မ်ိဳးအခြန္စီးၾကပ္မႈေၾကာင့္ အခက္ႀကဳံ

မုံ႐ြာ၊ ၾသဂုတ္ ၂၁ – ၂၀၂၀
ကိုတိုးႀကီး(VOM)

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕က အပန္းေျဖလုပ္ငန္းေတြဟာ ယခုႏွစ္ မတ္လ ေနာက္ဆုံးပတ္ထဲကစတင္ၿပီး ကမာၻ႔ကူးဆက္ျမန္ ကိုဗစ္ကပ္ေရာဂါေၾကာင့္ လုပ္ငန္းေတြပိတ္ထားရတာဟာ ႏွစ္တ၀က္နီးပါးရွိေနၿပီျဖစ္တဲ့အျပင္ ယစ္မ်ိဳးအခြန္ စီးၾကပ္ေကာက္ခံမႈ သက္သာရာမရဘဲ ယစ္မ်ိဳးအခြန္လက္က်န္ေငြ ေပးသြင္းခိုင္းေနတဲ့အတြက္ အခက္အခဲႀကဳံေနရတယ္လို႔ သိရပါတယ္။

“ ဘ႑ာေရးႏွစ္ တစ္ႏွစ္ကို FL – 17 ယစ္မ်ိဳးအခြန္စီးၾကပ္ေကာက္ခံတဲ့ႏႈန္းထားဟာ ၂၃ သိန္းျဖစ္တယ္ ၊ အဲ့ဒီ ၂၃ သိန္းကို ႏွစ္ရစ္ခြဲၿပီး ပထမတစ္ရစ္ကို ၁၁ သိန္း ၅ ေသာင္း ၊ ဒုတိယအရစ္ကို ၁၁ သိန္း ၅ ေသာင္း ေပးေဆာင္ရတာပါ ၊ ၂၀၁၉ / ၂၀၂၀ ဘ႑ာေရးႏွစ္အတြက္ လက္က်န္ဒုတိယအရစ္ ေပးေဆာင္ခိုင္းေနတာျဖစ္တယ္ ၊ အပန္းေျဖလုပ္ငန္းေတြက ႏွစ္တ၀က္နီးပါး ပိတ္ထားရလို႔ လက္က်န္စီးၾကပ္အခြန္ကို ေပးသြင္းႏိုင္ဖို႔ အခက္အခဲျဖစ္ၾကတယ္ ၊ ေပးသြင္းႏိုင္တဲ့သူေတြ ရွိသလို ၊ မေပးသြင္းႏိုင္ေသးတဲ့သူေတြလည္း ရွိတယ္ ၊ ဒီဘ႑ာေရးႏွစ္မွာဆို ႏွစ္တ၀က္ေလာက္က လုံး၀မေရာင္းရဘဲ အခြန္စီးၾကပ္မႈကို ေပးေဆာင္ရတာပါ၊ ယစ္မ်ိဳးအခြန္ စီးၾကပ္ေကာက္ခံမႈကို သက္သာရာရရင္ေတာ့ ပိုးေကာင္းမယ္ ” လို႔ စစ္ကိုင္းတိုင္း ကာရာအိုေက အပန္းေျဖလုပ္ငန္းရွင္မ်ားအစည္းအ႐ုံး ဥကၠဌ ဦးေအးမင္းကေျပာပါတယ္။

မုံ႐ြာၿမိဳ႕မွာ အပန္းေျဖလုပ္ငန္းအမ်ိဳးအစားေပါင္း မ်ားစြာရွိၿပီး အဲ့ဒီ အပန္းေျဖလုပ္ငန္းေတြထဲက ကေလးကစားကြင္းကလြဲလို႔ အျခား အပန္းေျဖလုပ္ငန္းေတြဟာ အရက္၊ ဘီယာ စတဲ့ ယမကာမ်ိဳးစုံကို ဆိုင္တင္ေရာင္းခ်ၾကတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ေတြက အပန္းေျဖလုပ္ငန္းရွိတဲ့ေနရာေတြကို လာေရာက္အပန္းေျဖ လည္ပတ္သူေတြမ်ားခဲ့တဲ့အတြက္ ယမကာမ်ိဳးစုံ ေရာင္းအားေကာင္းခဲ့ေပမယ့္ အခုႏွစ္ မတ္လ ေနာက္ဆုံးပတ္ကစၿပီး ကမာၻ႔ကူးဆက္ျမန္ ကိုဗစ္ကပ္ေရာဂါေၾကာင့္ လုပ္ငန္းေတြ ရပ္နားထားခဲ့ရတာျဖစ္ပါတယ္။

လုပ္ငန္းရွင္ေတြ ၀င္ေငြနည္းကာလျဖစ္တာေၾကာင့္ စာနာတဲ့အေနနဲ႔ ယစ္မ်ိဳးအခြန္စီးၾကပ္ေကာက္ခံမႈေတြ သက္သာရာ သက္သာေၾကာင္း ျဖစ္ေစဖို႔ လုပ္ငန္းရွင္ေတြက ေမွ်ာ္လင့္ေနၾကတာျဖစ္ပါတယ္။

“ အလုပ္ျဖစ္လို႔ေတာ့ မဟုတ္ဘူး ၊ လုံး၀ အလုပ္မျဖစ္တာ ေျခာက္လနီးပါးရွိၿပီ၊ ယစ္မ်ိဳးလိုင္စင္သက္တမ္းေလး အသက္ရွိေနေစခ်င္ေတာ့ ေငြေၾကးအခက္အခဲၾကားက မျဖစ္မေန ေပးေဆာင္ၾကရတာပဲ ” လို႔ ဘိလိယက္ အပန္းေျဖလုပ္ငန္းရွင္တစ္ဦးက ေျပာပါတယ္။

အခ်ိန္ကာလ ေျခာက္လနီးပါးရပ္နာထားရတဲ့ အပန္းေျဖလုပ္ငန္းေတြဟာ လုပ္ငန္းျပန္လည္ ဖြင့္ခြင့္ရမယ့္ရက္ကို မသိရေပမယ့္ လုပ္ငန္းလုပ္ကိုင္ခြင့္ရရွိခ်ိန္မွာ ယစ္မ်ိဳးလိုင္စင္သက္တမ္း ကုန္ဆုံးေနတာမ်ိဳး မျဖစ္ဖို႔အတြက္ ေငြေၾကးခက္ခဲမႈၾကားက မျဖစ္မေန ယစ္မ်ိဳးစီးၾကပ္မႈအခြန္ကို ေပးေဆာင္ၾကတာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဒါ့အျပင္ အပန္းေျဖလုပ္ငန္းေတြဟာ စည္ပင္အခြန္စီးၾကပ္မႈ ၊အျမတ္ခြန္စီးၾကပ္မႈ ၊ လွ်ပ္စစ္အခြန္စီးၾကပ္မႈ ၊ သက္ဆိုင္ရာလုပ္ငန္းအခြန္ စီးၾကပ္မႈနဲ႔ ယစ္မ်ိဳးအခြန္စီးၾကပ္မႈ စတဲ့ အခြန္စီးၾကပ္မႈ ၅ မ်ိဳးကို ႏွစ္စဥ္ ဘ႑ာေရးက႑ေတြမွာ တာ၀န္ေၾကေအာင္ထမ္းေဆာင္ေနတဲ့ အခြန္ထမ္းလုပ္ငန္းေတြျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #မံုရြာ #ယစ္မ်ိဳးခြန္

Related posts

Leave a Comment

VOM News

FREE
VIEW