မန္တလေးလူငယ်သင်တန်းကျောင်းက ကျောင်းအုပ်ပြောင်းရွှေ့မှု ကျောင်းသားနှစ်ဦးသေဆုံးမှုနဲ့ တိုက်ရိုက်မသက်ဆိုင်

မန္တလေးလူငယ်သင်တန်းကျောင်းက ကျောင်းအုပ်ပြောင်းရွှေ့မှု ကျောင်းသားနှစ်ဦးသေဆုံးမှုနဲ့ တိုက်ရိုက်မသက်ဆိုင်

မန္တလေး၊ ဩဂုတ် ၂၅-၂၀၂၀
မှူးသခင် (VOM)

မန္တလေးမြို့ လူငယ်သင်တန်းကျောင်းက ကျောင်းအုပ်ဆရာဦးနေအောင်ကျော် နေရာပြောင်းရွေ့ခံရတာဟာ သင်တန်းကျောင်းမှာဖြစ်ခဲ့တဲ့ ကျောင်းသား ၂ဦးသေဆုံးတာနဲ့ တိုက်ရိုက်မသက်ဆိုင်ဘူးလို့ မန္တလေးတိုင်း လူမှုဝန်ထမ်းဦးစီးဌာန ရဲ့ညွှန်ကြားရေးမှုး ဦးဇော်မင်းကပြောပါတယ်။

” ကျောင်းအုပ်ဦးနေအောင်ကျော်ဟာ အပြောင်းအရွှေ့ခံရတာမဟုတ်ပါဘူး၊ သူ့ရဲ့အခြေနေနဲ့ အချိန်အခါပေါ်မူတည်ပြီးတော့ ပြောင်းတာရွှေ့တာက လူကြီးတွေစဉ်းစားပြီး လုပ်နေကြအလုပ်တွေပါပဲ၊ သူက လူငယ်သင်တန်းကျောင်းမှာ တာဝန်ထမ်း‌ဆောင်ခဲ့တာက ၃နှစ်ကျော်ခဲ့ပါပြီ၊ ပြောင်းရွှေ့ရမယ့်အချိန်ရောက်နေပါပြီ၊ ပုံမှန်အပြောင်းအရွှေ့ပါပဲ၊ ဒီဖြစ်စဉ်နဲ့ တိုက်ရိုက်မပတ်သတ်ပါဘူး”လို့ ညွန်ကြားရေးမှုး ဦးဇော်မင်းကပြောပါတယ်။

မန္တလေး လူငယ်သင်တန်းကျောင်းက‌နေထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ လူငယ်ငါးဦး ပြန်လည်ဖမ်းဆီးခံရချိန်မှာ ထိခိုက်ဒဏ်ရာတွေရပြီး လူငယ်နှစ်ဦး သေဆုံးမှုနှင့်ပတ်သက်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူ‌တွေကလည်း ဩဂုတ်(၇)ရက်မှာ သင်တန်းကျောင်းကို လာရောက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

အခုလိုဖြစ်တာနဲ့ပတ်သက်ပြီး ကျောင်းအုပ်ဖြစ်သူ ဦးနေအောင်ကျော်ကိုဆက်သွယ်မေးမြန်းရာမှာတော့ ” နောက်ကျောင်းအုပ်ရောက်လာရင်ပြောင်းရမှာပါ၊ မလာသေးလို့ ထိမ်းပေးထားတာပါ၊ တရားဝင်စာတော့ မဝင်သေးပါဘူး၊ viberကနေ ကနဦးသတင်းသိရတာပါ၊ ဒီပြောင်းရွှေ့မှုက ၃၁ရက်နေ့ဖြစ်စဉ်အပေါ်မှာ အခြေခံပြီးဖြစ်ရတာပါ၊ မိခင်ဌာနရဲ့ Actionယူမှုဖြစ်ပါတယ်”လို့ ပြောပါတယ်။

လူငယ်သင်တန်းကျောင်းရဲ့ကျောင်းအုပ်ဦးနေအောင်ကျော်ဟာ ရွာငံမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ မြို့နယ်ဦးစီးမှူးအဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မန္တလေးလူငယ်ထိမ်းသိမ်းရေးသင်တန်းကျောင်းမှာ ခိုးမှုနဲ့ သင်တန်းကျောင်းကိုရောက်လာတဲ့ အသက် ၁၇နှစ်အရွယ် ကျောင်းသား ၂ ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လက သင်တန်းကျောင်းကနေထွက်ပြေးတဲ့အတွက် ရိုက်နှက်ခံရပြီး လက်လွန်သေဆုံးသွားပြီးနောက်ပိုင်း သင်တန်းကျောင်းကျောင်းအုပ်ကို အခုလိုမျိုးနေရာပြောင်းရွှေ့ခံရတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

မႏၲေလးလူငယ္သင္တန္းေက်ာင္းက ေက်ာင္းအုပ္ေျပာင္းေ႐ႊ႕မႈ ေက်ာင္းသားႏွစ္ဦးေသဆုံးမႈနဲ႔ တိုက္႐ိုက္မသက္ဆိုင္

မႏၲေလး၊ ဩဂုတ္ ၂၅-၂၀၂၀
မႉးသခင္ (VOM)

မႏၲေလးၿမိဳ႕ လူငယ္သင္တန္းေက်ာင္းက ေက်ာင္းအုပ္ဆရာဦးေနေအာင္ေက်ာ္ ေနရာေျပာင္းေ႐ြ႕ခံရတာဟာ သင္တန္းေက်ာင္းမွာျဖစ္ခဲ့တဲ့ ေက်ာင္းသား ၂ဦးေသဆံုးတာနဲ႔ တိုက္႐ိုက္မသက္ဆိုင္ဘူးလို႔ မႏၲေလးတိုင္း လူမႈဝန္ထမ္းဦးစီးဌာန ရဲ႕ၫႊန္ၾကားေရးမႈး ဦးေဇာ္မင္းကေျပာပါတယ္။

” ေက်ာင္းအုပ္ဦးေနေအာင္ေက်ာ္ဟာ အေျပာင္းအေ႐ႊ႕ခံရတာမဟုတ္ပါဘူး၊ သူ႔ရဲ႕အေျခေနနဲ႔ အခ်ိန္အခါေပၚမူတည္ၿပီးေတာ့ ေျပာင္းတာေ႐ႊ႕တာက လူႀကီးေတြစဥ္းစားၿပီး လုပ္ေနၾကအလုပ္ေတြပါပဲ၊ သူက လူငယ္သင္တန္းေက်ာင္းမွာ တာဝန္ထမ္း‌ေဆာင္ခဲ့တာက ၃ႏွစ္ေက်ာ္ခဲ့ပါၿပီ၊ ေျပာင္းေ႐ႊ႕ရမယ့္အခ်ိန္ေရာက္ေနပါၿပီ၊ ပုံမွန္အေျပာင္းအေ႐ႊ႕ပါပဲ၊ ဒီျဖစ္စဥ္နဲ႔ တိုက္႐ိုက္မပတ္သတ္ပါဘူး”လို႔ ၫြန္ၾကားေရးမႈး ဦးေဇာ္မင္းကေျပာပါတယ္။

မႏၲေလး လူငယ္သင္တန္းေက်ာင္းက‌ေနထြက္ေျပးဖို႔ ႀကိဳးစားခဲ့တဲ့ လူငယ္ငါးဦး ျပန္လည္ဖမ္းဆီးခံရခ်ိန္မွာ ထိခိုက္ဒဏ္ရာေတြရၿပီး လူငယ္ႏွစ္ဦး ေသဆုံးမႈႏွင့္ပတ္သက္လို႔ ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္ တာဝန္ရွိသူ‌ေတြကလည္း ဩဂုတ္(၇)ရက္မွာ သင္တန္းေက်ာင္းကို လာေရာက္စစ္ေဆးတာေတြ ျပဳလုပ္ခဲ့ပါတယ္။

အခုလိုျဖစ္တာနဲ႔ပတ္သက္ၿပီး ေက်ာင္းအုပ္ျဖစ္သူ ဦးေနေအာင္ေက်ာ္ကိုဆက္သြယ္ေမးျမန္းရာမွာေတာ့ ” ေနာက္ေက်ာင္းအုပ္ေရာက္လာရင္ေျပာင္းရမွာပါ၊ မလာေသးလို႔ ထိမ္းေပးထားတာပါ၊ တရားဝင္စာေတာ့ မဝင္ေသးပါဘူး၊ viberကေန ကနဦးသတင္းသိရတာပါ၊ ဒီေျပာင္းေ႐ႊ႕မႈက ၃၁ရက္ေန႔ျဖစ္စဥ္အေပၚမွာ အေျခခံၿပီးျဖစ္ရတာပါ၊ မိခင္ဌာနရဲ႕ Actionယူမႈျဖစ္ပါတယ္”လို႔ ေျပာပါတယ္။

လူငယ္သင္တန္းေက်ာင္းရဲ႕ေက်ာင္းအုပ္ဦးေနေအာင္ေက်ာ္ဟာ ႐ြာငံၿမိဳ႕၊ လူမႈဝန္ထမ္းဦးစီးဌာနရဲ႕ ၿမိဳ႕နယ္ဦးစီးမွဴးအျဖစ္ေျပာင္းေ႐ႊ႕တာဝန္ထမ္းေဆာင္ရမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

မႏၲေလးလူငယ္ထိမ္းသိမ္းေရးသင္တန္းေက်ာင္းမွာ ခိုးမႈနဲ႕ သင္တန္းေက်ာင္းကိုေရာက္လာတဲ့ အသက္ ၁၇ႏွစ္အရြယ္ ေက်ာင္းသား ၂ ဦးဟာ ၿပီးခဲ့တဲ့ ဇူလိုင္လက သင္တန္းေက်ာင္းကေနထြက္ေျပးတဲ့အတြက္ ႐ိုက္ႏွက္ခံရၿပီး လက္လြန္ေသဆံုးသြားၿပီးေနာက္ပိုင္း သင္တန္းေက်ာင္းေက်ာင္းအုပ္ကို အခုလိုမ်ိဳးေနရာေျပာင္းေရႊ႕ခံရတာလည္း ျဖစ္ပါတယ္။

#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW