ကနီမြို့နယ်မှာ ဘုရားပြုပြင်ဖို့ ရှင်းလင်းတူးဖော်ရာကနေ ရှေးဟောင်းဘုရားဆင်းတုများတွေ့ရှိ

ကနီမြို့နယ်မှာ ဘုရားပြုပြင်ဖို့ ရှင်းလင်းတူးဖော်ရာကနေ ရှေးဟောင်းဘုရားဆင်းတုများတွေ့ရှိ

မုံရွာ၊ သြဂုတ် ၂၆-၂၀၂၀
ရန်နိုင်စိုး(VOM)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဝရာကျေးရွာရှိ သမိုင်းဝင်ရွှေမုဌောဘုရားအနီးက ဘုရားကုန်းကို ပြန်လည်ရှင်းလင်းတူးဖော်ရာကနေ ဩဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်းက ရှေးဟောင်းဘုရားဆင်းတုတော်တွေ တွေ့ရှိခဲ့ပါတယ်။

တူးဖော်တွေ့ရှိခဲ့တဲ့ ဘုရားဆင်းတုတော်အရေတွက်ဟာ ၅၀ ကျော်လောက်ရှိပြီး ကျောက်သားဆင်းတုတော်တွေပါသလို သံထည်သတ္တုသားနဲ့ပြုလုပ်ထားတယ်လို့ ယူဆရတဲ့ ဆင်းတုတော် ၃ ဆူလည်း ပါရှိတယ်လို့ သိရပါတယ်။

” ဒီဒေသက ထီသိန်း ၁ သောင်းခွဲပေါက်တဲ့ ဒါကာက ဘုရားပြန်ပြုပြင်ဖို့ ရွာနဲ့တိုင်ပင်ပြီး ဘုရားကုန်းကိုရှင်းပြီး အုပ်ဖိနပ်လိုင်းကို တူးရာကနေတွေ့တာ။ ထူးဆန်းတာက မြေအိုးတစ်လုံးလည်းတွေ့တယ်၊ အဲ့ဒီအိုးထဲမှာ အံတော်တစ်ဆူကို ရွှေချထားတာ တွေ့ရှိရတယ်။ ကျန်တဲ့အတုံးတွေက အမဲတုံးတွေ ၅၀ခန့် အိုးထဲပါတယ် ။ ဘာတုံးတွေလဲတော့ မစစ်ဆေးရသေးဘူး ၊ ‌ကျောက်စိမ်းရောင် ခွက်တစ်ခုလည်း ပါသေးတယ် ” လို့ ဝရာကျေးရွာ ရွှေမုဌောကျောင်းတိုက်ဆရာတော် ဦးဝေပုံက မိန့်ကြားပါတယ်။

ကျောက်သားဘုရားဆင်းတုတော်အများစုကတော့ ကျိုးပြတ်တာတွေတွေ့ရှိရသလို သံထည်သတ္တုလို့ယူဆရတဲ့ ဘုရားဆင်းတု ၃ ဆူကတော့ အကောင်းတိုင်းရှိသေးတယ်လို့ သိရပါတယ်။

ဘုရားဆင်းတုတော်အများစုရဲ့ အောက်ခြေမှာ မည်သည့်ခေတ်ကမှန်းမသိရသေးတဲ့ စာမှတ်တမ်းတွေလည်း ပါရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဘုရားကုန်းအုပ်ဖိနပ်ကို တူးဖော်နေဆဲဖြစ်ပြီး တွေ့ရှိရတဲ့ ရှေးဟောင်းဆင်းတုတော်တွေနဲ့ ပစ္စည်းတွေအကြောင်းကို နောင်လာနောက်သားတွေ သိရှိဖို့အတွက် တတ်ကျွမ်းနားလည်တဲ့ သမိုင်းပညာရှင်တွေနဲ့ ပြသသွားမယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကလည်း အဲ့ဒီဘုရားကုန်းရဲ့ မြောက်ဘက်မှာ ဘုရားစေတီပြန်လည်ပြုပြင်ရာကနေ ရှေးဟောင်းဆင်းတုတော်တွေ တွေ့ရှိခဲ့ရပြီး စေတီအတွင်းမှာပဲ ပြန်လည် ဌာပနာခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကနီ #ရှေးဟောင်းဆင်းတုတွေ့

Zawgyi

ကနီၿမိဳ႕နယ္မွာ ဘုရားျပဳျပင္ဖို႔ ရွင္းလင္းတူးေဖာ္ရာကေန ေရွးေဟာင္းဘုရားဆင္းတုမ်ားေတြ႕ရွိ

မံုရြာ၊ ၾသဂုတ္ ၂၆-၂၀၂၀
ရန္ႏိ္ုင္စိုး(VOM)

စစ္ကိုင္းတိုင္း၊ ကနီၿမိဳ႕နယ္၊ ဝရာေက်း႐ြာရွိ သမိုင္းဝင္ေ႐ႊမုေဌာဘုရားအနီးက ဘုရားကုန္းကို ျပန္လည္ရွင္းလင္းတူးေဖာ္ရာကေန ဩဂုတ္လ ၂၅ ရက္ေန႔ ညေနပိုင္းက ေရွးေဟာင္းဘုရားဆင္းတုေတာ္ေတြ ေတြ႕ရွိခဲ့ပါတယ္။

တူးေဖာ္ေတြ႕ရွိခဲ့တဲ့ ဘုရားဆင္းတုေတာ္အေရတြက္ဟာ ၅၀ ေက်ာ္ေလာက္ရွိၿပီး ေက်ာက္သားဆင္းတုေတာ္ေတြပါသလို သံထည္သတၱဳသားနဲ႔ျပဳလုပ္ထားတယ္လို႔ ယူဆရတဲ့ ဆင္းတုေတာ္ ၃ ဆူလည္း ပါရွိတယ္လို႔ သိရပါတယ္။

” ဒီေဒသက ထီသိန္း ၁ ေသာင္းခြဲေပါက္တဲ့ ဒါကာက ဘုရားျပန္ျပဳျပင္ဖို႔ ႐ြာနဲ႔တိုင္ပင္ၿပီး ဘုရားကုန္းကိုရွင္းၿပီး အုပ္ဖိနပ္လိုင္းကို တူးရာကေနေတြ႕တာ။ ထူးဆန္းတာက ေျမအိုးတစ္လုံးလည္းေတြ႕တယ္၊ အဲ့ဒီအိုးထဲမွာ အံေတာ္တစ္ဆူကို ေ႐ႊခ်ထားတာ ေတြ႕ရွိရတယ္။ က်န္တဲ့အတုံးေတြက အမဲတုံးေတြ ၅၀ခန႔္ အိုးထဲပါတယ္ ။ ဘာတုံးေတြလဲေတာ့ မစစ္ေဆးရေသးဘူး ၊ ‌ေက်ာက္စိမ္းေရာင္ ခြက္တစ္ခုလည္း ပါေသးတယ္ ” လို႔ ဝရာေက်း႐ြာ ေ႐ႊမုေဌာေက်ာင္းတိုက္ဆရာေတာ္ ဦးေဝပုံက မိန႔္ၾကားပါတယ္။

ေက်ာက္သားဘုရားဆင္းတုေတာ္အမ်ားစုကေတာ့ က်ိဳးျပတ္တာေတြေတြ႕ရွိရသလို သံထည္သတၱဳလို႔ယူဆရတဲ့ ဘုရားဆင္းတု ၃ ဆူကေတာ့ အေကာင္းတိုင္းရွိေသးတယ္လို႔ သိရပါတယ္။

ဘုရားဆင္းတုေတာ္အမ်ားစုရဲ႕ ေအာက္ေျခမွာ မည္သည့္ေခတ္ကမွန္းမသိရေသးတဲ့ စာမွတ္တမ္းေတြလည္း ပါရွိတယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ ဘုရားကုန္းအုပ္ဖိနပ္ကို တူးေဖာ္ေနဆဲျဖစ္ၿပီး ေတြ႕ရွိရတဲ့ ေရွးေဟာင္းဆင္းတုေတာ္ေတြနဲ႔ ပစၥည္းေတြအေၾကာင္းကို ေနာင္လာေနာက္သားေတြ သိရွိဖို႔အတြက္ တတ္ကြၽမ္းနားလည္တဲ့ သမိုင္းပညာရွင္ေတြနဲ႔ ျပသသြားမယ္လို႔ သိရပါတယ္။

လြန္ခဲ့တဲ့ ၁၅ ႏွစ္ေလာက္ကလည္း အဲ့ဒီဘုရားကုန္းရဲ႕ ေျမာက္ဘက္မွာ ဘုရားေစတီျပန္လည္ျပဳျပင္ရာကေန ေရွးေဟာင္းဆင္းတုေတာ္ေတြ ေတြ႕ရွိခဲ့ရၿပီး ေစတီအတြင္းမွာပဲ ျပန္လည္ ဌာပနာခဲ့တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ကနီ #ေရွးေဟာင္းဆင္းတုေတြ႕

Related posts

Leave a Comment

VOM News

FREE
VIEW