လူနာအမှတ်-၆၀၆နဲ့ ယာဉ်အတူစီးလာသူကို ရှာတွေ့

လူနာအမှတ်-၆၀၆နဲ့ ယာဉ်အတူစီးလာသူကို ရှာတွေ့

နေပြည်တော်၊ သြဂုတ် ၃၀-၂၀၂၀
ကိုထွန်း(VOM)

သြဂုတ်လ ၂၈ ရက်နေ့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတဲ့ COVID-19 အတည်ပြုလူနာအမှတ်-၆၀၆ နဲ့ အတူ ယာဉ်တစ်စီးထဲ အတူစီးနှင်းခဲ့သူ (၂)ဦးကို နေပြည်တော်က အစိုးရဝန်ထမ်းအိမ်ရာမှာရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီထဲက ၁ ဦးဟာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက အငြိမ်းစားဝန်ထမ်းဖြစ်ပြီး နောက် တစ်ဦးကတော့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

သူတို့(၂)ဦးဟာ သြဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်တိုင်း ၊ သန်လျင်မြို့၊ အမှုထမ်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးတော်စပ်သူရဲ့ နာရေးကို သွားရောက်ခဲ့ပြီး သြဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။

သြဂုတ်လ ၂၉ ရက်နေ့မှာတော့ သူတို့တွေဟာ ပျဉ်းမနားမြို့ ခုတင် ၂၀၀ ပြည်သူ့ဆေးရုံကို လာရောက်ဆေးကုသမှုခံယူခဲ့တာဖြစ်ပြီး တို့ဖက် နမူနာတွေကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ကို ပို့ဆောင်စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လူနာအမှတ်-၆၀၆ဟာ ရန်ကုန်ဘက်ကနေ တောင်ငူကို ခရီးသည်တင်ယာဉ်တစ်စီးနဲ့ ပြန်လာခဲ့တာဖြစ်ပြီး သူနဲ့အတူ လိုက်ပါစီးနှင်းခဲ့တဲ့ ယာဉ်ပေါ်ကသူတွေကိုတော့ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက ဆက်သွယ် စုံစမ်းနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi


ကိုထွန်း(VOM)







Related posts

Leave a Comment

VOM News

FREE
VIEW