COVID – 19 ရဲ့ရိုက်ခတ်မှုကြောင့် မင်္ဂလာဈေးကို ပုံမှန် အပ်နှံနိုင်မယ့်ကာလထက် နောက်ကျမှအပ်နိုင်မယ် ရန်ကုန် သြဂုတ် ၂၃ – ၂၀၂၀ ယဉ်ပပထွန်း( VOM) ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာရှိတဲ့ မင်္ဂလာဈေးတည်ဆောက်နေမူအပိုင်းကို ၂၀၂၁ ခုနှစ် ဧပြီမှာအပြီးသတ်အပ်နိုင်မယ်လို့စီစဉ်ထားပေမယ့် COVID -19 ၏ရိုက်ခတ်မူကြောင့် အပြီးသတ်ကို လအနည်းငယ် နောက်ဆုတ်လိုက်ရပါတယ်လို့ ဈေးကိုတာဝန်ယူ တည်ဆောက်နေတဲ့ စန်းမြတ်ထွန်း ကုမ္ပဏီရဲ့ဥက္ကဌ ဦးနေလင်းထွန်းက ပြောပါတယ်။ သြဂုတ် ၂၃ ရက်က ရန်ကုန်မြို့ရှိ မင်္ဂလာမွန်ဈေးအပေါ်ထပ်မှာ မင်္ဂလာဈေးသူ သားများ၊ လွှတ်တော်ကိုယ်စားလှယ်၊ စည်ပင် နဲ့ ဆောက်လုပ်ရေးကုမ္ပဏီတို့ တွေ့ဆုံဆွေးနွေးရာမှာ ပြောခဲ့တာဖြစ်ပါတယ် ။ ” တည်ဆောက်ရေးအပိုင်းမှာ ခက်ခဲမူကို ဖြစ်တာက COVID ကြောင့်ပါ။ နေ့ဆိုင်း ညဆိုင်းတွေ အလုပ်လုပ်နေတဲ့အပိုင်းမှာ COVID ရဲ့အခြေအနေကြောင့် ညပိုင်းတွေဆင်းမရတော့တာပါ ။…
Read MoreMonth: August 2020
ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါကြောင့် တရက် လူ( ၅၉၀၀ ) နီးပါးသေဆုံးနေ
ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါကြောင့် တရက် လူ( ၅၉၀၀ ) နီးပါးသေဆုံးနေ ဝါရှင်တန်၊ သြဂုတ်-၂၃-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယနိုင်ငံတို့မှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ မြင့်တက်လာတာနဲ့အတူ ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူစုစုပေါင်းဟာ ရှစ်သိန်းနီးပါးထိ ရောက်ရှိလာပြီဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် ၂၄ နာရီကြာတိုင်း ပျမ်းမျှ လူ ၅၉၀၀ နီးပါးသေဆုံးခဲ့တယ်လို့ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က စတင်ပြီး သြဂုတ် ၂၁ ရက်ထိရရှိထားတဲ့ အချက်အလက်အလက်တွေအခြေခံတွက်ချက်မှုကို ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ တစ်နာရီကြာတိုင်း လူ ၂၄၆ ဦးသေဆုံးနေပြီး ဒါမှမဟုတ် ၁၅ စက္ကန့်တိုင်း လူတစ်ဦးနှုန်းသေဆုံးနေပါတယ်။ သေဆုံးသူအရေအတွက် ခြောက်သိန်းကနေ ခုနှစ်သိန်းထိရောက်ရှိဖို့ ၁၇ ရက်သာကြာမြင့်ခဲ့ပြီး ခုနှစ်သိန်းကနေ ရှစ်သိန်းထိကိုလည်း ၁၇ ရက်သာကြာမြင့်ခဲ့ပါတယ်။ သြဂုတ်…
Read Moreပြည်ပဈေးကွက်ဝင် သစ်စေးပင်တွေကို တားမြစ်ထားတဲ့ကြားက ထင်းအဖြစ်ခုတ်လှဲပြီး အုတ်ဖိုတွေမှာ ရောင်းချနေ
ပြည်ပဈေးကွက်ဝင် သစ်စေးပင်တွေကို တားမြစ်ထားတဲ့ကြားက ထင်းအဖြစ်ခုတ်လှဲပြီး အုတ်ဖိုတွေမှာ ရောင်းချနေ မင်းကင်း ၊ သြဂုတ် ၂၃- ၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ် မောက္ကတော်ဘိနယ်အပိုင် မဟာမြိုင်တောကြီးထဲမှာ ပြည်ပဈေးကွက်ဝင် သစ်စေးပင်တွေကို ခုတ်လဲခြင်းမပြုဖို့ သစ်တောရေးရာဌာနက တားမြစ်မိန့်ထုတ်ထားပေမယ့် ထင်းလုပ်ငန်း ရှင်တွေဟာ တားမြစ်အမိန့်ကို လေးစားလိုက်နာခြင်းမရှိဘဲ ခိုးယူခုတ်လဲပြီး အုတ်ဖိုလုပ်ငန်းတွေမှာ ထင်းအ ဖြစ်နဲ့ ရောင်းစားနေတယ်လို့ သိရပါတယ် ။ “ ပြည်ပနိုင်ငံမှာ ထုတ်လုပ်တင်သွင်းနေတဲ့ သုတ်ဆေး ( သင်္ဘောဆေး) အမျိုးမျိုးကို ဖော်စပ်တဲ့အခါ သစ်စေးဟာ မပါမဖြစ်လိုအပ်တယ်၊ သစ်စေးကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ သုတ်ဆေးဟာ ဆေးသားကောင်း ပြီး အရောင်ကိုတက်စေသလို ဆေးသားထု ပါးလွှာပြီး ဆေးစွဲမှု သက်တမ်းကာလ ရှည်ကြာတယ် ၊ ဂျပန်က သုတ်ဆေး ထုတ်လုပ်တဲ့…
Read Moreရခိုင်ကနေဧရာ၀တီကိုလာရင်၂၁ရက်စောင့်ကြည့်လူနာအဖြစ်ထားရှိမည်
Read Moreမိမိဆန္ဒအလျောက် တာဝန်ထမ်းဆောင်မယ့် ဆရာဝန်နဲ့ သူနာပြုများ စစ်တွေကို ရောက်ရှိ
မိမိဆန္ဒအလျောက် တာဝန်ထမ်းဆောင်မယ့် ဆရာဝန်နဲ့ သူနာပြုများ စစ်တွေကို ရောက်ရှိ နေပြည်တော်၊ဩဂုတ်၂၃-၂၀၂၀ ကောင်းလက်ျာ( VOM) ရခိုင်ပြည်နယ် စစ်တွေနဲ့ အခြားမြို့ နယ်အချို့မှာ ကိုရိုနှာဗိုင်းရပ်စ်ေရာဂါ ပိုးပြည်တွင်း ကူးစက်မှုနူန်းပြန်လည် မြင့်တက်လာခဲ့ပြီးနောက် အဲဒီဒေသတွေကို မိမိဆန္ဒအလျောက်တာဝန်ထမ်းဆောင်မယ့်ကျန်းမာရေးဝန်ထမ်းတွေဟာ ဩဂုတ်လ၂၃ နံနက် ၈ နာရီခန့်က စစ်တွေလေဆိပ်ကို ရောက်ရှိလာခဲ့တယ် လို့ စစ်တွေဆေးရုံအုပ်ကြီးဒေါက်တာ ဇော်လွင်က ပြောပါတယ်။ “စုစုပေါင်း ဆရာဝန်ကြီးတွေ အထူးကုဆရာဝန်တွေနဲ့သူနာပြု၂၄ ယောက်ပါလာပါတယ်။ မြန်မာအမျိုးသား လေကြောင်းလိုင်းပိုင် လေယာဉ်နဲ့ရောက်ရှိလာတာဖြစ်ပြီး စစ်တွေမြို့ မှာ တာ ဝန်ထမ်းဆောင်မှာပါ “လို့ ဆက်ပြောပြ ပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ တစ်လကြာတာဝန်ထမ်းဆောင်ကြမယ့်ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန လက်အောက် ကျန်းမာရေးဦးစီးဌာနမှဒုတိယ ပြည်နယ် ပြည်သူ့ကျန်းမာရေးနဲ့ကုသရေး ဦးစီးဌာနမှူး ၁ ဦး၊ ရောဂါဗေဒအထူးကုဆရာဝန်ကြီး ၁ ဦး၊ လက်ထောက်ဆရာဝန် (မေ့ဆေးအ ထူးကု) ၃…
Read Moreစစ်တွေခရိုင်အတွင်း လက်နက်ကြီးကျလို့ ၃နှစ်ကလေးအပါဝင်ဒေသခံ(၅) ဦးဒဏ်ရာရ
စစ်တွေခရိုင်အတွင်း လက်နက်ကြီးကျလို့ ၃နှစ်ကလေးအပါဝင်ဒေသခံ(၅) ဦးဒဏ်ရာရ စစ်တွ၊ ဩဂုတ် ၂၃- ၂၀၂၀ ထင်အောင်စိုင်း(VOM) ဩဂုတ်လ ၂၂ ရက်နေ့ ည ၈ နာရီလောက်က စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ကျောက်ရံသာစည်ကျေးရွာက နေအိမ်တစ်လုံးကို လက်နက်ကြီးကျည်ကျပြီး ဒေသခံပြည်သူ (၅) ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါတယ်။ မနေ့က ညနေပိုင်း ၈ နာရီလောက်မှာ ရသေ့တောင်မြို့နယ် မညင်းတောင်ကျေးရွာဖက်မှာ ပစ်ခတ်မှုတွေဖြစ်ပြီးနောက် ကျောက်ရံသာစည်ကျေးရွာသို့ လက်နက်ကြီးကျည် နှစ်လုံးလာရောက်ပေါက်ကွဲကြောင်း ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ ဒဏ်ရာရရှိသူတွေမှာ ကျောက်ရံသာစည်ကျေးရွာက အသက် (၄၄) နှစ်အရွယ် ဦးကျော်အေး ဘယ်ခြေနဲ့ ညာခြေ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ၊ ဒေါ်အေးသန်းနု အသက် (၄၀) ဦးခေါင်ကျည်ထိမှန်ဒဏ်ရာ ၊ မခင်နှင်းဖြူ (၁၆) နှစ်မှာ ဘယ်ရင်ဘတ်နဲ့ ညာဖက်ရင်ဘတ် ဒဏ်ရာ၊ ဦးထွန်းတင် အသက်…
Read Moreကိုဗစ်ကာလမှာ သတင်းထောက် ၂၀၀ ကျော် အလုပ်ရပ်နားခံရပြီး လစာဖြတ်ခံရသူနဲ့ ဆိုင်းငံံ့ခံရသူ ၈၀ ကျော်ရှိခဲ့
ကိုဗစ်ကာလမှာ သတင်းထောက် ၂၀၀ ကျော် အလုပ်ရပ်နားခံရပြီး လစာဖြတ်ခံရသူနဲ့ ဆိုင်းငံံ့ခံရသူ ၈၀ ကျော်ရှိခဲ့ ရန်ကုန် ၊သြဂုတ် ၂၃-၂၀၂၀ သိင်္ဂီ (VOM) ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်ဖြစ်ပွားနေတဲ့ကာလမှာ သတင်းထောက် (၂၀၀) ကျော် အလုပ်ရပ်နားခံခဲ့ရပြီး လစာဖြတ်ခံရသူ နဲ့ ဆိုင်းငံံ့ခံရသူ ၈၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ သတင်းထောက်ပေါင်း ၆၀၀ လောက်ရှိနေပြီး အဲ့ဒီထဲကနေ ကိုဗစ်ကပ်ရောဂါကာလမှာ အလုပ်အကိုင်ရပ်ဆိုင်းခံလိုက်ရတဲ့ သတင်းထောက်ပေါင်း ၂၁၇ ဦး ၊ လစာဖြတ်ခံရသူပေါင်း ၆၇ ဦး ၊ ဆိုင်းငံခံလိုက်ရသူပေါင်း ၁၆ ဦး ရှိခဲ့တဲ့အတွက် သတင်းထောက် ၅၀ ရာခိုင်နူန်းခန့် အလုပ်အကိုင်အခက်အခဲဖြစ်ခဲ့တယ်လို့ ဒေတာပြုစုနေသူ Myanmar free press က ကိုဂျေပိုင်ကပြောပါတယ်။ “တစ်နိုင်ငံလုံးစာရင်းပါ။ ကျန်တာတွေလည်းရှိသေးတယ်။ တနိုင်ငံလုံးမရတဲ့တိုက်တွေလည်းရှိတယ်။ အထူးသဖြင့် ဌာနကြီးတချို့က…
Read Moreမြစ်ကြီးနားမြို့ရှိ အများပြည်သူသုံး အားကစားပစ္စည်တွေ ဖယ်ရှားမှု ဝေဖန်မှုတချို့ရှိနေ
မြစ်ကြီးနားမြို့ရှိ အများပြည်သူသုံး အားကစားပစ္စည်တွေ ဖယ်ရှားမှု ဝေဖန်မှုတချို့ရှိနေ မြစ်ကြီးနား၊ သြဂုတ် ၂၃-၂၀၂၀ ရန်အောင်ထွန်း(VOM) မြစ်ကြီနားမြို့ ၊ ကမ်းနာလမ်း ၊ စည်ပင်သာယာရုံးအနီး ဧရာဝတီမြစ်ကမ်းပါးပေါ်က အများပြည်သူ ကိုယ်လက်ကျန်းမာရေး အားကစားလုပ်ဖို့ပြုလုပ်ထားတဲ့ အားကစားပစ္စည်းတွေကို မနေ့သြဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်းက ဖယ်ရှားပစ်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။ အများပြည်သူ ကိုယ်လက်ကျန်းမာရေး အားကစားလုပ်နေကြတဲ့နေရာကို ကားပါကင်လုပ်နေတဲ့အတွက် လက်မခံနိုင်ဘူးလို့ ကန့်ကွက်နေသူတစ်ဦးက ပြောပါတယ်။ အခုအားကစားပစ္စည်းတွေ ဖျက်ပစ်လိုက်တဲ့ ဆိပ်ကမ်းရဲ့ အောက်ဘက်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ကက်ဘိနက်ဆုံးဖြတ်ချက်နဲ့ ခွင့်ပြုထားတဲ့ ရေပေါ်စားသောက်ဆိုင်တစ်ခုကို သြဂုတ်လ ၁၆ ရက်နေ့က စတင်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ အဲ့ဒီစားသောက်ဆိုင်အတွက် ကားပါကင်မရှိလို့ အခုလိုဆောင်ရွက်တာကို ဝေဖန်နေကြတဲ့အပေါ်မှာတော့ ကချင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးနော်လီက “သူတို့ဌာနအနေနဲ့ ဆိုင်အတွက် ကားပါကင်နေရာ ခွင့်ပြုပေးထားခြင်းမရှိဘူး”လို့ ပြောပါတယ်။ အားကစားပစ္စည်းတွေ ဖယ်ရှားခဲ့တဲ့အတွက်လည်း ပြန်လုပ်ပေးဖို့ စီမံထားတာလည်း…
Read Moreရခိုင်ပြည်နယ်ကနေလာတဲ့ ယာဉ်လိုင်းတွေကို ယာယီရပ်ဆိုင်းထားခြင်းမရှိဘဲ ပိတ်ဆို့စစ်ဆေးမူများပြုလုပ်
ရခိုင်ပြည်နယ်ကနေလာတဲ့ ယာဉ်လိုင်းတွေကို ယာယီရပ်ဆိုင်းထားခြင်းမရှိဘဲ ပိတ်ဆို့စစ်ဆေးမူများပြုလုပ် ရန်ကုန် သြဂုတ် ၂၂ . ၂၀၂၀ ယဉ်ပပထွန်း (VOM) ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကိုဝင်လာတဲ့ကားတွေကို ပဲခူးအထွက်နဲ့တိုက်ကြီးဂိတ်တွေမှာ ပိတ်ဆို့ စစ်ဆေးမူတွေ ပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦးက VOM ကိုပြောပါတယ် ။ “ဧရာဝတီတိုင်းဘက်ကလာတဲ့ကားတွေကို ထန်းတပင်ကနေပြီး လှိုင်သာယာမရောက်ခင် အဖွဲ့စုံနဲ့စစ်ဆေးနေပါတယ်။ ဧရာဝတီတိုင်းဘက်မှာလဲ လွှတ်တော်ကိုယ်စားလှယ်တွေ ဌာနဆိုင်ရာတွေရော စစ်ဆေးနေတဲ့အတွက် ဒီဘက်မှာ လက်ရှိအချိန်ထိ ကျွံလာတာမရှိသေးပါဘူး “လို့ ဦးအောင်ဘုန်းကျော်စံဦးကပြောပါတယ်။ လက်ရှိမှာတော့ ရခိုင်ဘက်ကိုသွားရမယ့်ကားတွေကို ရပ်ဆိုင်းဖို့အတွက် ညွှန်ကြားထားတာမရှိသေးပါဘူးလို့ သိရပါတယ်။ ” ရခိုင်ဘက်ကိုသွားရမယ့်ကားတွေကို ရပ်ဆိုင်းဖို့အတွက် ညွှန်ကြားထားတာမရှိသေးပါဘူး၊ ရခိုင်ဘက်ကလာတဲ့ ယာဉ်လိုင်းတွေကို သက်ဆိုင်ရာလမ်းကြောင်းဖြစ်တဲ့ ဧရာဝတီတိုင်းလမ်းကြောင်းတွေရယ်၊ ပဲခူးဘက်ကဝင်လာတဲ့ ယာဉ်လိုင်းတွေကိုလည်း ပဲခူးအထွက်နဲ့တိုက်ကြီးတိုးဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမူတွေပြုလုပ်ပြီးတော့ ခရီးသည်တွေနဲ့ယာဉ်မောင်းတွေကို Quarantine ဝင်အောင်လုပ်ဆောင်မူတွေပြုလုပ်နေပါတယ်”လို့…
Read Moreယူနစ် ၁၅၀ ကင်းလွတ်ခွင့်ပြုကြောင်း ကြေငြာထားပေမယ့် မြေပြင်အခြေအနေမှာ ၇၅ ယူနစ်သာ ကင်းလွတ်ခွင့်ရရှိ
ယူနစ် ၁၅၀ ကင်းလွတ်ခွင့်ပြုကြောင်း ကြေငြာထားပေမယ့် မြေပြင်အခြေအနေမှာ ၇၅ ယူနစ်သာ ကင်းလွတ်ခွင့်ရရှိ ရန်ကုန်၊ သြဂုတ် ၂၂-၂၀၂၀ သိဂီ ၤ(VOM) ဇူလိုင်လအတွက် မီတာခကို ၁၅၀ ယူနစ်ကင်းလွတ်ခွင့်ပြုကြောင်း အစိုးရက ကြေငြာခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ ပြည်သူတွေဟာ ၇၅ ယူနစ်ကင်းလွတ်ခွင့် ၃၈၀၀ ကျပ်သာ ရရှိတယ်လို့ သိရပါတယ်။ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကနေ ဇူလိုင်လကို အရင်က ၇၅ ယူနစ်သာ ကင်းလွတ်ခွင့်ပြုထားရာကနေ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က ဇူလိုင်လအပါအဝင် သြဂုတ်လကနေ ဒီဇင်ဘာလကုန်( ၂၀၂၀ နှစ်ကုန်အထိ) ကို လစဉ် ယူနစ် ၁၅၀ ( ၁၁၅၀၀ကျပ်) ကို ဓာတ်အားခ ကင်းလွတ်ခွင့်ပြုသွားမယ်လို့ ထပ်မံထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မြေပြင်အခြေအနေမှာတော့ တိုင်းနဲ့ပြည်နယ်အသီးသီးက ပြည်သူတွေအနေနဲ့ ၁၅၀ ကင်းလွတ်ခွင့်အပြည့်မရဘဲ ၇၅ ယူနစ်ကင်းလွတ်ခွင့်သာရရှိတဲ့အပေါ်မှာ…
Read More