ချင်းပြည်နယ်မှာ ၂၀၂၀ရွေးကောက်ပွဲ အေးချမ်းစွာမဲပေးနိူင်ရေး ပစ်ခတ်တိုက်ခတ်မှုတွေ ရပ်စဲထားဖို့လိုအပ်
ချင်းပြည်နယ်မှာ ၂၀၂၀ရွေးကောက်ပွဲ အေးချမ်းစွာမဲပေးနိူင်ရေး ပစ်ခတ်တိုက်ခတ်မှုတွေ ရပ်စဲထားဖို့လိုအပ်
ရန်ကုန်၊စက်တင်ဘာ ၈-၂၀၂၀
အေးချမ်းသူ(VOM)
လာမယ့်၂၀၂၀ရွေးကောက်ပွဲမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ပြည်သူတွေ အေးချမ်းစွာမဲပေးနိူင်ဖို့ တပ်မတော်နဲ့ အေအေလက်နက်ကိုင်အဖွဲ့တို့ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေကိုရပ်စဲထားဖို့ လိုအပ်တယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညိုနှိုင်းရေးကော်မတီ(KACC)မှ စက်တင်ဘာ ၇ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပလက်ဝမြို့နယ်အတွင်း ၂၀၂၀အထွေထွေရွေးကောက်ပွဲကို ကောင်းမွန်စွာကျင်းပပြုလုပ်နိူင်ဖို့အတွက် အရေးကြီးဆုံးအခြေခံလိုအပ်ချက်မှာ မဲဆန္ဒရှင်တွေ လုံခြုံရေးနဲ့ နယ်
မြေတည်ငြိမ်အေးချမ်းသာယာရေးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညိုနှိုင်းရေးကော်မတီ(KACC)မှ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေပြောပြတာက ” ဒေသငြိမ်းချမ်းဖို့လိုတယ်။ စစ်ပွဲတွေရပ်ပေးရမယ်။ တပ်မတော်နဲ့အေအေ ဒီကာလမှာ တိုက်ပွဲတွေခဏရပ်ပေးတယ်ဆိုရင်ပဲ အေးချမ်းစွာ မဲပေးလို့ရပါတယ်။ ဒီလိုမှမဟုတ်ဘဲ တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင်တော့ မဲပေးခွင့်ကို ပြည်သူတွေရမှာမဟုတ်ဘူး”လို့ ပြောပါတယ်။
တပ်မတော်နှင့်အေအေအဖွဲ့တို့ကြား ဖြစ်ပွားလျှက်ရှိတဲ့ အပြန်အလှန် ရန်လိုပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲစေပြီး အေအေ အဖွဲ့အနေနဲ့လည်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ၊ ဒေသခံ ချင်းလူငယ်များ ဖမ်းဆီးသိမ်းသွင်းခြင်းနဲ့ အင်အားစုဆောင်းခြင်းများမပြုလုပ်ဖို့လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲကျင်းပနိူင်ရေးနဲ့ပတ်သက်ပြီး မိမိတို့မှာ အရပ်ဖက်အဖွဲ့အစည်းများဖြစ်သောကြောင့် ထုတ်ပြန်ချက်ထုတ်ခြင်းသာ အတတ်နိုင်ဆုံးဖြစ်တဲ့အတွက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်နဲ့ ပြည်နယ်အစိုးရကို တိုက်တွန်းတဲ့သဘောသာဖြစ်တဲ့အပြင် ပလက်ဝြ မို့နယ်အတွင်း ရွေးကောက်ပွဲပြုလုပ်စေချင်တယ်လို့ KACCအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက ရှင်းပြပါတယ်။
ချင်းပြည်နယ်အစိုးရအနေနဲ့လည်း ပလက်ဝမြို့နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိူင်ရေးအတွက် လိုအပ်တဲ့လုံခြုံရေးအစီအစဉ်တွေကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ညိုနိူင်းတိုင်ပင်ဆောင်ရွက်ထားသင့်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားတာဖြစ်ပါတယ်။
၂၀၁၅ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ ပြည်သူလူထုဟာလည်း အခုအခါ မိမိအသက်အတွက်ပြေးလွှားရုန်းကန်နေရခြင်း၊ ဒုက္ခသည်စခန်းတွေမှာနေရတဲ့အတွက် လာမည့်၂၀၂၀
ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းပါးတယ်လို့ မိုင်နန်းဝေက သူရဲ့အမြင်ကိုပြောပြခဲ့ပါတယ်။
#voiceofmyanmar #VOM #ရန်ကုန်
Zawgyi
ချင်းပြည်နယ်မှာ ၂၀၂၀ရွေးကောက်ပွဲ အေးချမ်းစွာမဲပေးနိုင်ရေး ပစ်ခတ်တိုက်ခတ်မှုတွေ ရပ်စဲထားဖို့လိုအပ်
အေးချမ်းသူ(VOM)
လာမယ့်၂၀၂၀ရွေးကောက်ပွဲမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ပြည်သူတွေ အေးချမ်းစွာမဲပေးနိုင်ဖို့ တပ်မတော်နဲ့ အေအေလက်နက်ကိုင်အဖွဲ့တို့ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေကိုရပ်စဲထားဖို့ လိုအပ်တယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညိုနှိုင်းရေးကော်မတီ(KACC)မှ စက်တင်ဘာ ၇ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပလက်ဝမြို့နယ်အတွင်း ၂၀၂၀အထွေထွေရွေးကောက်ပွဲကို ကောင်းမွန်စွာကျင်းပပြုလုပ်နိုင်ဖို့အတွက် အရေးကြီးဆုံးအခြေခံလိုအပ်ချက်မှာ မဲဆန္ဒရှင်တွေ လုံခြုံရေးနဲ့ နယ်
ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ပတ်သက်ပြီး မိမိတို့မှာ အရပ်ဖက်အဖွဲ့အစည်းများဖြစ်သောကြောင့် ထုတ်ပြန်ချက်ထုတ်ခြင်းသာ အတတ်နိုင်ဆုံးဖြစ်တဲ့အတွက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်နဲ့ ပြည်နယ်အစိုးရကို တိုက်တွန်းတဲ့သဘောသာဖြစ်တဲ့အပြင် ပလက်ဝြ မို့နယ်အတွင်း ရွေးကောက်ပွဲပြုလုပ်စေချင်တယ်လို့ KACCအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက ရှင်းပြပါတယ်။
ချင်းပြည်နယ်အစိုးရအနေနဲ့လည်း ပလက်ဝမြို့နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်တဲ့လုံခြုံရေးအစီအစဉ်တွေကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ညိုနိုင်းတိုင်ပင်ဆောင်ရွက်ထားသင့်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားတာဖြစ်ပါတယ်။
Related posts
Leave a Comment
VOM News
FREE
VIEW