ပါတီမိတ်ဆက် Democratic Party-Myanmar ဒီမိုကရက်တစ်ပါတီ (မြန်မာ)

ပါတီမိတ်ဆက်

Democratic Party-Myanmar ဒီမိုကရက်တစ်ပါတီ (မြန်မာ)

VOM ရဲ့ နိုင်ငံရေးပါတီ မိတ်ဆက်တဲ့ကဏ္ဍအတွက် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေကို VOMသတင်းထောက် ကိုညီသစ်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

VOM- ဒီမိုကရက်တစ်ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက် အရေအတွက်ဝင်ပြိုင်ဖို့ရှိပါသလဲ
DPM – ကျွန်တော်တို့က ၃၃ ယောက် တင်ထားပါတယ်။

VOM-ပါတီရဲ့ကတိကဝတ်တွေက ဘာတွေဖြစ်မလဲ
DPM- ကတိကဝတ်ရယ်လို့တော့ မပာုတ်ပါဘူး၊ ကျွန်တော်တို့ ကြေညာစာတမ်းထုတ်တဲ့အထဲမှာ ကျတော်တို့ပါတီအနေနဲ့ တိုင်းပြည်ကိုဘယ်လိုတည်ဆောက်ချင်တယ် ဆိုတာမျိုးကိုပြောပြထားပါတယ်၊ အန္တိမ ရည်မှန်းချက်ကတော့ ပြည်ထောင်စု မြန်မာနိုင်ငံသားတွေ လူဖြစ်ရကျိုးနပ်စေဖို့ပါပဲ။

VOM-အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးကို ဘယ်လိုအင်အားမျိုးနဲ့ယဉ်ပြိုင်မလဲ ခင်ဗျာ့
DPM- အဲ့ဒါကတော့ ဒီလိုပါ အခုဆို ကျွန်တော်တို့က ၃၃ ယောက်ပဲပြိုင်နိုင်တာလေ၊ သူတို့က ထောင်ကျော်တယ်လေ၊ အင်အားအနေနဲ့ပြိုင်တာတော့မရှိဘူးပေါ့၊ ဒါပေမယ့်ကျွန်တော်တို့ကတော့ ကျွန်တော်တို့ပါတီရဲ့ပါတီဝင်တွေဖြစ်လာတဲ့နောက် ပါတီဝင်တစ်ယောက်ပာာ သူရဲ့အရည်အချင်းရှိအောင်ပေါ့ဗျာ၊ နိုင်ငံသားဆိုရင်လည်း အဖိုးတန်တဲ့နိုင်ငံသားတစ်ဦးဖြစ်အောင် နိုင်ငံရေးပညာတွေတတ်အောင် သင်ပေးပါတယ်။ အဲ့ဒီလို အရည်အချင်းတွေရှိအောင်လုပ်ပေးပြီးတော့ တစ်ယောက်ပဲပါပါ နှစ်ယောက်ပဲပါပါ အဲ့ဒါပာာ အရည်အချင်းရှိရှိနဲ့ ဆောင်ရွက်နိုင်ဖို့ပဲ အဓိက ထားတာပါ၊ ပြိုင်ဖို့တော့မရှိပါဘူး။

VOM – ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ဘယ်နှနေရာ နိုင်ခဲ့ဖူးပါသလဲ
DPM – ကျွန်တော်ကတော့ မနိုင်ဖူးပါဘူးခင်ဗျာ၊ ပါတီအနေနဲ့ကတော့ ၁၉၉၀ခုနစ်မှာလည်း ရွေးကောက်ခံရတဲ့အထဲမှာ ပါပါတယ်၊ ၂၀၁၀ ထဲမှာလည်း ကျတော်တို့ပါတီက ၄၇ နေရာပြိုင်တာမှာ ၄နေရာ နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အခု ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ၄၉နေရာပြိုင်တဲ့အခါမှာတော့ ၁နေရာပဲ နိုင်ခဲ့တယ်။

VOM-ပါတီဝင်အင်အား ဘယ်လောက် များရှိပါသလဲခင်ဗျာ့
DPM – အခုလောလောဆယ် ပါတီဝင်အင်အား ၅ သောင်းနဲ့၆ သောင်းကြားမှာရှိပါတယ်။

VOM-ပါတီရဲ့ဆောင်ပုဒ်တွေက ဘာတွေလဲ
DPM- ကျွန်တော်တို့ရဲ့ကြွေးကြော်ချက်ကတော့ အရင်တုန်းက အတိုင်းပါပဲ၊ ကျွန်တော်တို့ တိုင်းပြည်ကလူတွေပာာ လူပီပီသသ မဖြစ်ကြသေးဘူးပေါ့ဗျာ၊ လွတ်လွတ်လပ်လပ်နဲ့ အဆင့်အတန်းမြင့်မြင့်နဲ့ ဂုဏ်သိက္ခာရှိရှိနဲ့ နေတဲ့အဆင့်မရောက်သေးဘူး၊ အဲ့ဒီတော့ အဲ့ဒီလိုမဖြစ်ဘဲ လူဖြစ်လာတဲ့ဘဝမှာ လူဖြစ်ကျိုးနပ်ရေးဆိုတဲ့ ဆောင်ပုဒ်ပါပဲ။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဟာ ၂၀၁၀ခုနှစ်ကတည်းက ပါတီမှတ်ပုံတင်ရရှိခဲ့တဲ့ ပါတီတစ်ခုလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပါတီမိတ်ဆက် #ဒီမိုကရက်တစ်ပါတီ(မြန်မာ)

Zawgyi

ပါတီမိတ္ဆက္

Democratic Party-Myanmar ဒီမိုကရက္တစ္ပါတီ (ျမန္မာ)

VOM ရဲ႕ ႏိုင္ငံေရးပါတီ မိတ္ဆက္တဲ့က႑အတြက္ ဒီမိုကရက္တစ္ပါတီ(ျမန္မာ) ဥကၠဌ ဦးသုေ၀ကို VOMသတင္းေထာက္ ကိုညီသစ္က ဆက္သြယ္ေမးျမန္းထားတာျဖစ္ပါတယ္။

VOM- ဒီမိုကရက္တစ္ပါတီအေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဘယ္ေလာက္ အေရအတြက္၀င္ၿပိဳင္ဖို ့႐ွိပါသလဲ
DPM – ကၽြန္ေတာ္တို႔က ၃၃ ေယာက္ တင္ထားပါတယ္။

VOM-ပါတီရဲ႕ကတိက၀တ္ေတြက ဘာေတြျဖစ္မလဲ
DPM- ကတိက၀တ္ရယ္လို႔ေတာ့ မပာုတ္ပါဘူး၊ ကၽြန္ေတာ္တို႔ ေၾကညာစာတမ္းထုတ္တဲ့အထဲမွာ က်ေတာ္တို႔ပါတီအေနနဲ႔ တိုင္းျပည္ကိုဘယ္လိုတည္ေဆာက္ခ်င္တယ္ ဆိုတာမ်ိဳးကိုေျပာျပထားပါတယ္၊ အႏၲိမ ရည္မွန္းခ်က္ကေတာ့ ျပည္ေထာင္စု ျမန္မာႏိုင္ငံသားေတြ လူျဖစ္ရက်ဳိးနပ္ေစဖို႔ပါပဲ။

VOM-အာဏာရပါတီန႔ဲျပည္ခိုင္ၿဖိဳးကို ဘယ္လိုအင္အားမ်ိဳးနဲ ့ယဥ္ၿပိဳင္မလဲ ခင္ဗ်ာ့
DPM- အဲ့ဒါကေတာ့ ဒီလိုပါ အခုဆို ကၽြန္ေတာ္တို႔က ၃၃ ေယာက္ပဲၿပိဳင္ႏိုင္တာေလ၊ သူတို႔က ေထာင္ေက်ာ္တယ္ေလ၊ အင္အားအေနနဲ႔ၿပိဳင္တာေတာ့မရွိဘူးေပါ့၊ ဒါေပမယ့္ကၽြန္ေတာ္တို႕ကေတာ့ ကၽြန္ေတာ္တို႔ပါတီရဲ႕ပါတီ၀င္ေတြျဖစ္လာတဲ့ေနာက္ ပါတီ၀င္တစ္ေယာက္ပာာ သူရဲ႕အရည္အခ်င္းရွိေအာင္ေပါ့ဗ်ာ၊ ႏိုင္ငံသားဆိုရင္လည္း အဖိုးတန္တဲ့ႏိုင္ငံသားတစ္ဦးျဖစ္ေအာင္ ႏိုင္ငံေရးပညာေတြတတ္ေအာင္ သင္ေပးပါတယ္။ အဲ့ဒီလို အရည္အခ်င္းေတြရွိေအာင္လုပ္ေပးၿပီးေတာ့ တစ္ေယာက္ပဲပါပါ ႏွစ္ေယာက္ပဲပါပါ အဲ့ဒါပာာ အရည္အခ်င္းရွိရွိနဲ႔ ေဆာင္႐ြက္ႏိုင္ဖို႔ပဲ အဓိက ထားတာပါ၊ ၿပိဳင္ဖို႔ေတာ့မရွိပါဘူး။

VOM – ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲေတြမွာ ဘယ္ႏွေနရာ ႏိုင္ခဲ့ဖူးပါသလဲ
DPM – ကၽြန္ေတာ္ကေတာ့ မႏိုင္ဖူးပါဘူးခင္ဗ်ာ၊ ပါတီအေနနဲ႔ကေတာ့ ၁၉၉၀ခုနစ္မွာလည္း ေ႐ြးေကာက္ခံရတဲ့အထဲမွာ ပါပါတယ္၊ ၂၀၁၀ ထဲမွာလည္း က်ေတာ္တို႔ပါတီက ၄၇ ေနရာၿပိဳင္တာမွာ ၄ေနရာ ႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ အခု ၂၀၁၅ ေ႐ြးေကာက္ပြဲမွာေတာ့ ၄၉ေနရာၿပိဳင္တဲ့အခါမွာေတာ့ ၁ေနရာပဲ ႏိုင္ခဲ့တယ္။

VOM-ပါတီ၀င္အင္အား ဘယ္ေလာက္ မ်ားရွိပါသလဲခင္ဗ်ာ့
DPM – အခုေလာေလာဆယ္ ပါတီ၀င္အင္အား ၅ ေသာင္းနဲ ့၆ ေသာင္းၾကားမွာရွိပါတယ္။

VOM-ပါတီရဲ႕ေဆာင္ပုဒ္ေတြက ဘာေတြလဲ
DPM- ကၽြန္ေတာ္တို႔ရဲ႕ေႂကြးေၾကာ္ခ်က္ကေတာ့ အရင္တုန္းက အတိုင္းပါပဲ၊ ကၽြန္ေတာ္တို႔ တိုင္းျပည္ကလူေတြပာာ လူပီပီသသ မျဖစ္ၾကေသးဘူးေပါ့ဗ်ာ၊ လြတ္လြတ္လပ္လပ္နဲ႔ အဆင့္အတန္းျမင့္ျမင့္နဲ႔ ဂုဏ္သိကၡာရွိရွိနဲ႔ ေနတဲ့အဆင့္မေရာက္ေသးဘူး၊ အဲ့ဒီေတာ့ အဲ့ဒီလိုမျဖစ္ဘဲ လူျဖစ္လာတဲ့ဘ၀မွာ လူျဖစ္က်ိဳးနပ္ေရးဆိုတဲ့ ေဆာင္ပုဒ္ပါပဲ။

ဒီမိုကရက္တစ္ပါတီ(ျမန္မာ)ဟာ ၂၀၁၀ခုႏွစ္ကတည္းက ပါတီမွတ္ပံုတင္ရရွိခဲ့တဲ့ ပါတီတစ္ခုလည္း ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ပါတီမိတ္ဆက္ #ဒီမိုကရက္တစ္ပါတီ(ျမန္မာ)

Related posts

Leave a Comment

VOM News

FREE
VIEW