၄ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၆ ဦး သေဆုံးတာနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ဘာပြောသလဲ

၄ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၆ ဦး သေဆုံးတာနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ဘာပြောသလဲ

ရန်ကုန် ၊ စက်တင်ဘာ ၁၀-၂၀၂၀
သိင်္ဂီ (VOM)

ကိုဗစ် အတည်ပြုလူနာ ၂ ဦးထပ်မံသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ စက်တငိဘာလ ၁၀ ရက်နေ့ မနက် ၈ နာရီမှာ ထုတ်ပြန်လိုက်ပါတယ်။

ဒါကြောင့် ကိုဗစ်လူနာသေဆုံးမှုဟာ စက်တင်ဘာလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ လူနာ ၆ ဦး သေဆုံးမှုရှိလာတာဖြစ်ပါတယ်။

“ရောဂါအခံမရှိဘဲ သေဆုံးနေတာ နိုင်ငံတကာမှာလည်း သာဓကတွေအများကြီးရှိပါတယ်။ အခံရှိသူတွေကတော့ သေဆုံးမှုနူန်းပိုများတယ်၊ အခံမရှိတဲ့သူတွေကတော့ ရုတ်တရက်ဖောက်ပြီးဖြစ်တတ်တယ်၊ ရောဂါ မှန်းရခက်တယ်၊ ဒါကြောင့် ကာကွယ်တာအကောင်းဆုံးပါ။ ဖြစ်လို့ ပေါ့သွားတယ်ဆိုတာ မရှိပါဘူး။ အတတ်နိုင်ဆုံး အိမ်မှာပဲနေကြပါ။ မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့။ အိမ်ထဲကနေပဲ သတင်းပို့ကြပါ”ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ် ။

သေဆုံးလူနာတွေကတော့ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ လူနာအမှတ်-၁၆၂၉ ၊ ရန်ကုန်မြို့၊ဝေဘာဂီအထူးကုဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ လူနာအမှတ်-၈၈၅ ၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးက လူနာအမှတ်-၁၆၉၂ ၊ ရန်ကုန် ဖောင်ကြီး ကိုဗစ်ကုသရေးစင်တာမှာ ဆေးကုသမှုခံယူနေကြတဲ့ ကိုဗစ်လူနာတွေထဲက လူနာအမှတ်-၁၄၈၅ ၊ ၁၅၉၀၊ ၁၄၉၁ တို့ပဲ ဖြစ်ပါတယ်။

“နဂိုထဲကပြောပါတယ် ရောဂါအခံရှိတဲ့သူတွေဟာ သာမန်လူတွေထက် ရောဂါကိုပိုပြင်းထန်စွာ ခံစားရနိုင်ပါတယ်။ ပြင်းထန်မှုဟာလည်း သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ “လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ၊ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး က ပြောပါတယ် ။

လူနာအမှတ်-၁၆၂၉ဟာ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး စက်တင်ဘာလ ၇ ရက်နေ့ နေ့လည် ၁၂ နာရီခွဲမှာ သေဆုံးခဲ့ကာ ၊လူနာအမှန်-၁၆၉၂ကလည်း စက်တင်ဘာလ ၇ ရက်နေ့ ညနေပိုင်းမှာ သေဆုံးခဲ့တဲ့ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

လူနာအမှတ်- ၁၄၈၅ ကတော့ စက်တင်ဘာလ ၈ ရက်နေ့ နေ့လယ်ပိုင်းက သေဆုံးခဲ့တဲ့ အသက် ၈၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဖြစ်ပြီး လူနာအမှတ်-၈၈၅ ကတော့ စက်တင်လာ ၉ ရက်နေ့ မနက်အစောပိုင်းမှာသေဆုံးခဲ့တဲ့ အသက် (၅၁) နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပါတယ်။

နောက်ထပ် လူနာအမှတ်-၁၅၉၀ အသက် ၅၅ နှစ်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးဟာလည်း စက်တင်ဘာလ ၉ ရက်နေ့ ညပိုင်းက သေဆုံးခဲ့တာဖြစ်ပြီး လူနာအမှတ်-၁၄၉၁ ကတော့ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ သေဆုံးခဲ့တဲ့ အသက် ၄၅ အရွယ်အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသွားခဲ့ကြတဲ့ ကိုဗစ်အတည်ပြုလူနာအမှတ် ၁၆၂၉၊ လူနာ၁၆၉၂၊၁၄၈၅ ၊၁၄၉၁ ၊ ၁၅၉၀ တို့ ငါးဦးဟာ ဆီးချို၊ သွေးတိုးရောဂါအခံရှိကြပြီး ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရုတ်တရက်ပျက်စီးကာ သေဆုံးသွားခြင်းဖြစ်လို့ သိရပါတယ်။

လူနာအမှတ်-၈၈၅ ကတော့ ရောဂါလက္ခဏာအခံမရှိဘဲ ရုတ်တရက်နှလုံးရပ်ခြင်း၊ ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးတာတွေကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ နဲ့ စက်တင်ဘာလ ၅ ရက်နေ့ကလည်း ကိုဗစ်အတည်ပြု လူနာ ၂ ဦးသေဆုံးမှုရှိခဲ့ပါတယ်။

ဒါကြောင့် အခုလက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ သေဆုံးမှု ၁၄ ဦးအထိ ရှိလာပြီး ရောဂါပိုးကူးစက်ခံရသူဦးရေ (၂၀၀၉)ဦးထိ ရှိနေတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ်လူနာသေဆုံးမှု

Zawgyi

၄ ရက္အတြင္း ကိုဗစ္အတည္ျပဳလူနာ ၆ ဦး ေသဆုံးတာနဲ႔ပတ္သက္ၿပီး က်န္းမာေရးဝန္ႀကီးဌာနက ဘာေျပာသလဲ

ရန္ကုန္ ၊ စက္တင္ဘာ ၁၀-၂၀၂၀
သိဂႌ (VOM)

ကိုဗစ္ အတည္ျပဳလူနာ ၂ ဦးထပ္မံေသဆုံးမႈျဖစ္ပြားခဲ့တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔ စက္တငိဘာလ ၁၀ ရက္ေန႔ မနက္ ၈ နာရီမွာ ထုတ္ျပန္လိုက္ပါတယ္။

ဒါေၾကာင့္ ကိုဗစ္လူနာေသဆုံးမႈဟာ စက္တင္ဘာလ ၇ ရက္ေန႔ကေန ၁၀ ရက္ေန႔အထိ လူနာ ၆ ဦး ေသဆုံးမႈရွိလာတာျဖစ္ပါတယ္။

“ေရာဂါအခံမရွိဘဲ ေသဆုံးေနတာ ႏိုင္ငံတကာမွာလည္း သာဓကေတြအမ်ားႀကီးရွိပါတယ္။ အခံရွိသူေတြကေတာ့ ေသဆုံးမႈႏူန္းပိုမ်ားတယ္၊ အခံမရွိတဲ့သူေတြကေတာ့ ႐ုတ္တရက္ေဖာက္ၿပီးျဖစ္တတ္တယ္၊ ေရာဂါ မွန္းရခက္တယ္၊ ဒါေၾကာင့္ ကာကြယ္တာအေကာင္းဆုံးပါ။ ျဖစ္လို႔ ေပါ့သြားတယ္ဆိုတာ မရွိပါဘူး။ အတတ္ႏိုင္ဆုံး အိမ္မွာပဲေနၾကပါ။ မလိုအပ္ဘဲ အျပင္မထြက္ပါနဲ႔။ အိမ္ထဲကေနပဲ သတင္းပို႔ၾကပါ”က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းႏိုင္စိုးက ေျပာပါတယ္ ။

ေသဆုံးလူနာေတြကေတာ့ ေမာ္လၿမိဳင္ ျပည္သူ႔ေဆး႐ုံႀကီးမွာ ေဆးကုသမႈခံယူေနတဲ့ လူနာအမွတ္-၁၆၂၉ ၊ ရန္ကုန္ၿမိဳ႕၊ေဝဘာဂီအထူးကုေဆး႐ုံႀကီးမွာ ေဆးကုသမႈခံယူေနတဲ့ လူနာအမွတ္-၈၈၅ ၊ သဃၤန္းကြၽန္းျပည္သူ႔ေဆး႐ုံႀကီးက လူနာအမွတ္-၁၆၉၂ ၊ ရန္ကုန္ ေဖာင္ႀကီး ကိုဗစ္ကုသေရးစင္တာမွာ ေဆးကုသမႈခံယူေနၾကတဲ့ ကိုဗစ္လူနာေတြထဲက လူနာအမွတ္-၁၄၈၅ ၊ ၁၅၉၀၊ ၁၄၉၁ တို႔ပဲ ျဖစ္ပါတယ္။

“နဂိုထဲကေျပာပါတယ္ ေရာဂါအခံရွိတဲ့သူေတြဟာ သာမန္လူေတြထက္ ေရာဂါကိုပိုျပင္းထန္စြာ ခံစားရႏိုင္ပါတယ္။ ျပင္းထန္မႈဟာလည္း ေသဆုံးတဲ့အထိ ျဖစ္ႏိုင္ပါတယ္။ “လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ၊ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာန ၊ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီး က ေျပာပါတယ္ ။

လူနာအမွတ္-၁၆၂၉ဟာ အသက္ ၆၅ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ျဖစ္ၿပီး စက္တင္ဘာလ ၇ ရက္ေန႔ ေန႔လည္ ၁၂ နာရီခြဲမွာ ေသဆုံးခဲ့ကာ ၊လူနာအမွန္-၁၆၉၂ကလည္း စက္တင္ဘာလ ၇ ရက္ေန႔ ညေနပိုင္းမွာ ေသဆုံးခဲ့တဲ့ အသက္ ၅၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ျဖစ္ပါတယ္။

လူနာအမွတ္- ၁၄၈၅ ကေတာ့ စက္တင္ဘာလ ၈ ရက္ေန႔ ေန႔လယ္ပိုင္းက ေသဆုံးခဲ့တဲ့ အသက္ ၈၂ ႏွစ္အ႐ြယ္ အမ်ိဳးသမီးႀကီးတစ္ဦးျဖစ္ၿပီး လူနာအမွတ္-၈၈၅ ကေတာ့ စက္တင္လာ ၉ ရက္ေန႔ မနက္အေစာပိုင္းမွာေသဆုံးခဲ့တဲ့ အသက္ (၅၁) ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးျဖစ္ပါတယ္။

ေနာက္ထပ္ လူနာအမွတ္-၁၅၉၀ အသက္ ၅၅ ႏွစ္အ႐ြယ္ရွိတဲ့ အမ်ိဳးသားတစ္ဦးဟာလည္း စက္တင္ဘာလ ၉ ရက္ေန႔ ညပိုင္းက ေသဆုံးခဲ့တာျဖစ္ၿပီး လူနာအမွတ္-၁၄၉၁ ကေတာ့ စက္တင္ဘာလ ၁၀ ရက္ေန႔ မနက္ပိုင္းမွာ ေသဆုံးခဲ့တဲ့ အသက္ ၄၅ အ႐ြယ္အမ်ိဳးသားတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။

ေသဆုံးသြားခဲ့ၾကတဲ့ ကိုဗစ္အတည္ျပဳလူနာအမွတ္ ၁၆၂၉၊ လူနာ၁၆၉၂၊၁၄၈၅ ၊၁၄၉၁ ၊ ၁၅၉၀ တို႔ ငါးဦးဟာ ဆီးခ်ိဳ၊ ေသြးတိုးေရာဂါအခံရွိၾကၿပီး ျပင္းထန္အဆုတ္ေရာင္ေရာဂါေၾကာင့္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ႐ုတ္တရက္ပ်က္စီးကာ ေသဆုံးသြားျခင္းျဖစ္လို႔ သိရပါတယ္။

လူနာအမွတ္-၈၈၅ ကေတာ့ ေရာဂါလကၡဏာအခံမရွိဘဲ ႐ုတ္တရက္ႏွလုံးရပ္ျခင္း၊ ျပင္းထန္ အဆုတ္ေရာင္ေရာဂါေၾကာင့္ ႐ုတ္တရက္အသက္ရႉလမ္းေၾကာင္း ပ်က္စီးတာေတြေၾကာင့္ ေသဆုံးခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလ ၃ ရက္ေန႔ နဲ႔ စက္တင္ဘာလ ၅ ရက္ေန႔ကလည္း ကိုဗစ္အတည္ျပဳ လူနာ ၂ ဦးေသဆုံးမႈရွိခဲ့ပါတယ္။

ဒါေၾကာင့္ အခုလက္ရွိျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ ေသဆုံးမႈ ၁၄ ဦးအထိ ရွိလာၿပီး ေရာဂါပိုးကူးစက္ခံရသူဦးေရ (၂၀၀၉)ဦးထိ ရွိေနတာလည္း ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္ #ကိုဗစ္လူနာေသဆံုးမႈ

Related posts

Leave a Comment

VOM News

FREE
VIEW