ပင်းဇင်းသားတွေပေးပို့တဲ့ လူထုအသံ

Voice Of Myanmar ဆိုတာ မြန်မာပြည်သူလူထုအသံကို ဖေါ်ထုတ်ဖို့ တည်ထောင်ထားတဲ့ သတင်းဌာနမို့ ပြည်သူတွေနေ့စဉ်ကြုံတွေနေရတဲ့ အခက်အခဲတွေထဲက အများနဲ့သက်ဆိုင်တဲ့ ထိခိုက်နစ်နာမှုများတဲ့ ကိစ္စရပ်တွေကို သက်ဆိုင်ရာက သိရှိပြီး ပြေလည်နိုင်စေဖို့ ဖွင့်လှစ်ထားတဲ့ လူထုအသံကဏ္ဍကိုဖွင့်လှစ်ပေးထားပါတယ်။ ဒီအစီအစဉ်ကို ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ပင်းဇင်ကျေးရွာက ပေးပို့လာတဲ့ စာတစ်စောင်ကို တင်ပြလိုက်ပါရစေ။

 

 

ကျေးဇူးပြုပြီးကျွန်​တော်​တို့တင်ပြမယ့် သတင်း​လေးတင်ပြ​ပေးခင်မျာလို့တောင်းဆိုပါတယ်။ဤသတင်းသည်မှန်ကန်​ကြောင်း တာဝန်ခံမှုတာဝန်ယူမှု အပြည့်ဝအာမခံပါတယ်ခင်ဗျာ။

 

စစ်ကိုင်းတိုင်း​၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ပင်းဇင်​ကျေးရွာ၊ (၇၃)ကွင်း၊ ပင်းဇင်း​ကျေးရွာပိုင်(၁၄​ဧက)​ကျော်ရှိတဲ့ ရွာရဲ့ကျွဲ​ကျောင်းရိုးကို ပင်းဇင်း​ကျေးရွာဥက္ကဌ​မောင်​နေဦးက ငါးလုပ်ငန်းပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဦး​နေသူရိန်ကမြေဧက(၁၀၀​)ကျော်ဝယ်ခဲ့သည့်ထဲ​ ငါးကန်ဆည်​ဘောင်ခက်ဖို့ဆည်​ဘောင်ရိုးလုပ်သည့်​နေရာတွင်​​​ ကျေးရွာရဲ့​မြေပိုင်ဖြစ်တဲ့(၁၄ဧက)က ျွဲ​ကျောင်းရိုး​ကျေးရွာကိုအသိမ​ပေးဘဲ လိမ်လည်ပြီးတစ်ဦးတစ်ယာက်တည်းကိုယ်ကျိုးစီးပ္ပါးအတွက်အသုံးချပြီး​ရောင်းစားလိုက်ပါတယ်။

 

ထိုကိစ္စနဲ့ပတ်သတ်ပြီး​ကျေးရွာရှိတာဝန်ရှိလူကြီးများနဲ့​ကျေးရွာဖွံ့ဖြိုုးရေးကလည်းမသိချင်သလိုဟန်​ဆောင်ပြီး ဒီကိစ္စအတွက်ရွာကို​ဖြေရှင်း​ပေးမူဘာတခုမှာမလုပ်​ပေးခဲ့ပါဘူး။ ​ကျေးရွာပိုင်ကျွဲ​ကျောင်းရိုး(၁၄ဧက)၏ကာလတန်​ကြေးမှာ ၁ဧကကိုလက်ရှိ​ပေါက်​စျေး  ၅၀မှ၁၀၀  အထက်ရှိပါတယ်။

 

​ဒီကိစ္စနဲ့ပတ်သတ်ပြီး​ကျေးရွာဥက္ကဌနှင့်​ကျေးရွာတာဝန်ရှိလူကြီးများက​ကျေးရွာပိုင်​ကျွဲ​ကျောင်းရိုး​မြေကိုကျေးရွာနဲ့တိုင်ပင်မှုမရှိဘဲ​ကျေးရွာကိုအသိ​ပေးခြင်းမရှိဘဲ ကိုယ့်ကျိုးစီးပ္ပါးအတွက်အသုံးကြ​နေ​ကြောင်း အရင်အရင်ဥက္ကဌ​ဟောင်းဦဝင်း​မောင်လက်ထက်ကလဲ ကျေးရွာကိုစာကြည့်တိုက်​ဆောက်ပို့မြို့နယ်ကချ​ပေးတဲ့ ​ကျေးရွာပိုင်ပစ္စည်း​တွေကို ကိုယ်ကျိုးအတွက်အသုံးကြပြီး မီးဖို​ချောင်အဖြစ်​ဆောက်လုပ်ခဲ့ပါတယ်။ အဲဒါကိုလည်း ကျေးရွာက တာဝန်ရှိလူကြီးများနဲ့သက်ဆိုင်ရာအကြီးကဲ​တွေလာ​ရောက်တာဝန်ယူမ​ဖြေရှင်း​ပေးခဲ့ပါဘူး။

 

ဒီတစ်ကြိမ်​တော့ထိထိ​ရောက်​ရောက်နဲ့သက်ဆိုင်ရာအကြီးကဲများသိ​​စေ​ရန် ဝက်လက်မြို့နယ်လွတ်​တော်အမတ်ဦးစိုး​ဝင်းထွန်းလည်းလာ​ရောက်​ဖြေရှင်းမှု မရှိသည့်အတွက် သက်ဆိုင်ရာလူကြီးများက ဒီလို​ကျေးရွာပိုင်​မြေကိုအလွဲသုံးစာလုပ်သည့် ပင်းဇင်း​ကျေးရွာဥက္ကဌကို​ အမှုမှန်ဖော်ထုတ်ပြီးအ​ရေးယူ​ပေးရန်​ပင်းဇင်းသားဝင်းချို​အောင်ဦး​ဆောင်မှုနဲ့အတူ ပင်းဇင်း​ကျေးရွာသူ​ကျေးရွာသားများကVoice of Myanmar  သတင်းဌာနကို​ပေးပို့ရခြင်းဖြစ်ပါတယ်။

ဤသတင်းကိုတင်ပြ​ပေးရန်လည်း​မေတ္တာရပ်ခံပါသည်။

ဤသတင်းမှန်ကန်​ကြောင်း ကျေးရွာ​နေ​ကျေးရွာသူ​ကျေးရွာသားများမှ တာဝန်ခံမှုတာဝန်ယူမှုအပြည့်ဝ​ပေးနိုင်​ကြောင်းအာမခံပါသည်။

ပင်းဇင်းသားများ ဆိုပြီး ပေးပို့လာပါတယ်။ သက်ဆိုင်ရာ လူကြီးမင်းများ အမြန်ဆုံး ပြေလည်အောင်ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ Voice Of Myanmar ကို ဒီလိုစာမျိုး ပေးပို့ချင်တယ်ဆိုရင် မှတ်ပုံတင်အပြည့်အစုံနဲ့ အကြောင်းအရာအာမခံကြောင်း ရေးသားပြီး အီးမေလ်းကနေလည်းပေးပို့နိုင်ပါတယ်။

 

စာပါအကြောာင်းအရာများသည် ဗီအိုအမ်ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသားပေးပို့သည့် မူရင်းအတိုင်း တင်ပြခြင်းဖြစ်ပါသည်။

 

အယ်ဒီတာအဖွဲ့ (ဗီအိုအမ်)

Zawgyi

 




ထိုကိစ္စနဲ့ပတ်သတ်ပြီးကျေးရွာရှိတာဝန်ရှိလူကြီးများနဲ့ ကျေးရွာဖွံ့ဖြိုးရေးကလည်း
ကျေးရွာပိုင်ကျွဲကျောင်းရိုး(၁၄ဧက)၏ကာလတန်ကြေးမှာ ၁ဧကကိုလက်ရှိပေါက်ဈေး ၅၀ မှ ၁၀၀ အထက်ရှိပါတယ်။



ဤသတင်းကိုတင်ပြပေးရန်လဲမေတ္တာရပ်ခံပါသည်။




Related posts

Leave a Comment

VOM News

FREE
VIEW