ပါတီမိတ်ဆက် (မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ-PDP)

ပါတီမိတ်ဆက် (မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ-PDP)

မန္တလေး၊ စက်တင်ဘာ ၁၇-၂၀၂၀
လဲ့လဲ့ဝင်း (VOM)

လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီရဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာဦးကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။

VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ
ဒေါ်စန္ဒာဦး- ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း၃ယောက်ရှိပါတယ်။

VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ။
ဒေါ်စန္ဒာဦး- (၁)အစိုးရကစီးပွားရေးလုပ်ငန်းများဝင်ရောက်လုပ်ကိုင်ခြင်းမပြုစေရေး
လှုပ်ရှားဆောင်ရွက်သွားမယ်။
(၂) ပြည်သူ့စီးပွားရေးကို အစိုးရက ဝင်ရောက်ပတ်သက်ချုပ်ကိုင်ခြင်းများ မပြုလုပ်နိုင်ဖို့ လှုပ်ရှားဆောင်ရွက်သွားမယ်။
(၃)ပြည်သူများ၊ တောင်သူများ ၊ မြေပိုင်ရှင်များ နှင့်နိုင်ငံခြားသားများ ပူးပေါင်းဖက်စပ် လုပ်ကိုင်ခြင်းကို အစိုးရကခွင့်ပြုယုံမျှမက ကြားဝင်အာမခံ၊ သက်သေခံပေးရေးလှုပ်ရှားဆောင်ရွက်သွားမယ်။
(၄)တောင်သူစကားရပ်ဖျက်သိမ်းပြီး မြေရှင်အဖြစ်ခံယူကာ မြေယာလွတ်လပ်စွာအခြားနည်းအသုံးချခွင့်ရရှိရေး ပညာပေးလှုပ်ရှားဆောင်ရွက်သွားမယ်။
(၅)စားနပ်ရိက္ခာလုံခြုံရေးအကြောင်းပြချက်ဖြင့် သီးနှံစိုက်ပျိုးသောမြေယာပိုင်ရှင်တွေရဲ့ စိုက်ပျိုးကုန်စည်များကို နိုင်ငံသား၊ နိုင်ငံခြားသားမခွဲခြားဘဲ လွတ်လပ်စွာ လာရောက်ဝယ်ယူခွင့်ပြည်ပတင်ပို့ရောင်းချခွင့်ရရှိရေး စည်းရုံးလှုပ်ရှားဆောင်ရွက်သွားမယ်။
(၆)အာရှဒေသအတွင်း မော်တော်ကားအပါအဝင် ကုန်စည်မှန်သမျှ တန်းတူအခွန်စနစ်ဖြစ်ရေးကြိုးပမ်းသွားမယ်။
(၇)ပြည်သူ့သဘောထားများ လွှတ်တော်ပြင်ပမှစုဆောင်းပြီး တရားဝင်လွှတ်တော်ကိုတင်ပြတဲ့အခါ ကြားနာလက်ခံရေးအဖွဲ့ တရားဝင်ဖွဲ့စည်းပေးဖို့ စည်းရုံးလှုပ်ရှားဆောင်ရွက်သွားမယ်။
(၈)နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အစိုးရမှနှစ်ရှည်ငှားရမ်းပေးဖို့ မြေယာရှာဖွေပေးခြင်းနဲ့ အကြီးစားစက်မှုလုပ်ငန်းကြီးများအတွက် ပထမ ၅နှစ် အခွန်ကင်းလွတ်ခွင့်ပေးရေး ကြိုးနီစနစ်ပယ်ဖျက်ရေး လှုပ်ရှားဆောင်ရွက်သွားမယ်။
(၉)ပြည်တွင်းSMEလုပ်ငန်းတွေအတွက် အစိုးရမှငွေထုတ်ချေးခြင်းကို ကန့်ကွက်သွားမှာဖြစ်ပြီး ၃နှစ် ၅နှစ်စသဖြင့် အခွန်ကင်းလွတ်ခွင့်ကိုသာ ထောက်ခံအားပေးသွားမယ်။

VOM- အာဏာရပါတီနဲ့ ပြည်ခိုင်ဖြိုး စတဲ့ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ ယှဉ်ပြိုင်သွားမလဲ။
ဒေါ်စန္ဒာဦး- အာဏာရပါတီ၊ ပြည်ခိုင်ဖြိုးပါတီယှဉ်ပြိုင်ဖို့မဟုတ်ဘူး။ ပါတီရဲ့ ရည်ရွယ်ချက်က ပြည်သူလူထုအားလုံးနိုင်ငံရေးအသိအမြင် ကြွယ်ဝအောင်ဖို့ပါပဲ။

VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရော ဘယ်နှနေရာ နိုင်ခဲ့ဖူးပါသလဲ။
ဒေါ်စန္ဒာဦး -ရွေးကောက်ပွဲတွေကို ယှဉ်ပြိုင်တယ်ဆိုတာက မူဝါဒပေါ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းပေါ်မှာ လေးလေးစားစားနဲ့ ယှဉ်ပြိုင်တာပဲရှိတယ်။ ဝင်ရောက်ယှဉ်ပြိုင်တဲ့ချိန်မှာ အနိုင်ရလိုမှုနဲ့မဟုတ်ဘူး။ ဒီမိုကရေစီရဲ့အနှစ်သာရကို ပြည်သူလူထုလည်းသိအောင်၊ပြည်သူလူထုတွေက ဒီ၅နှစ်သက်တမ်းအစိုးရတက်လာတဲ့အချိန်မှာ အစိုးရကိုထိန်းကြောင်းမယ်ဆိုပြီး ပညာပေးတာပဲရှိတယ်။ တစ်ကြိမ်တစ်ခါမှ ဝင်ရောက်ယှဉ်ပြိုင်တဲ့အချိန်မှာ နိုင်အောင်လည်းအားစိုက်ထုတ်ခဲ့တာမျိုးမရှိ
ဘူး။

VOM- ပါတီဝင်အင်အား ဘယ်လောက်ရှိပါသလဲ
ဒေါ်စန္ဒာဦး- ပါတီဝင်အင်အားတစ်နိုင်ငံလုံးမှာ ၂သိန်းကျော်ရှိပါတယ်။

VOM – ပါတီရဲ့ဆောင်ပုဒ်ကဘာဖြစ်မလဲ။
ဒေါ်စန္ဒာဦး- ထာဝရပြည်သူအဖြစ်ရှိနေမည်PDP

#voiceofmyanmar #VOM #ပါတီမိတ်ဆက်

Zawgyi

ပါတီမိတ္ဆက္ (မတူကြဲျပားျခင္းႏွင့္ၿငိမ္းခ်မ္းေရးပါတီ-PDP)

မႏၲေလး၊ စက္တင္ဘာ ၁၇-၂၀၂၀
လဲ့လဲ့ဝင္း (VOM)

လာမယ့္၂၀၂၀ႏိုဝင္ဘာလ၈ရက္ေန႔ေ႐ြးေကာက္ပြဲမွာဝင္ၿပိဳင္မယ့္ မတူကြဲျပားျခင္းႏွင့္ၿငိမ္းခ်မ္းေရးပါတီရဲ႕ ဥကၠ႒ ေဒၚစႏၵာဦးကို VOMသတင္းေထာက္ လဲ့လဲ့ဝင္းက ေမးျမန္းထားတာျဖစ္ပါတယ္။

VOM – ပါတီအေနနဲ႔ ဝင္ၿပိဳင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ ဘယ္ေလာက္အေရအတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုတင္ထားလဲ
ေဒၚစႏၵာဦး- ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္စုစုေပါင္း၃ေယာက္ရွိပါတယ္။

VOM – ပါတီရဲ႕ ကတိကဝတ္က ဘာေတြျဖစ္မလဲ။
ေဒၚစႏၵာဦး- (၁)အစိုးရကစီးပြားေရးလုပ္ငန္းမ်ားဝင္ေရာက္လုပ္ကိုင္ျခင္းမျပဳေစေရး
လႈပ္ရွားေဆာင္႐ြက္သြားမယ္။
(၂) ျပည္သူ႔စီးပြားေရးကို အစိုးရက ဝင္ေရာက္ပတ္သက္ခ်ဳပ္ကိုင္ျခင္းမ်ား မျပဳလုပ္ႏိုင္ဖို႔ လႈပ္ရွားေဆာင္႐ြက္သြားမယ္။
(၃)ျပည္သူမ်ား၊ ေတာင္သူမ်ား ၊ ေျမပိုင္ရွင္မ်ား ႏွင့္ႏိုင္ငံျခားသားမ်ား ပူးေပါင္းဖက္စပ္ လုပ္ကိုင္ျခင္းကို အစိုးရကခြင့္ျပဳယုံမွ်မက ၾကားဝင္အာမခံ၊ သက္ေသခံေပးေရးလႈပ္ရွားေဆာင္႐ြက္သြားမယ္။
(၄)ေတာင္သူစကားရပ္ဖ်က္သိမ္းၿပီး ေျမရွင္အျဖစ္ခံယူကာ ေျမယာလြတ္လပ္စြာအျခားနည္းအသုံးခ်ခြင့္ရရွိေရး ပညာေပးလႈပ္ရွားေဆာင္႐ြက္သြားမယ္။
(၅)စားနပ္ရိကၡာလုံၿခဳံေရးအေၾကာင္းျပခ်က္ျဖင့္ သီးႏွံစိုက္ပ်ိဳးေသာေျမယာပိုင္ရွင္ေတြရဲ႔ စိုက္ပ်ိဳးကုန္စည္မ်ားကို ႏိုင္ငံသား၊ ႏိုင္ငံျခားသားမခြဲျခားဘဲ လြတ္လပ္စြာ လာေရာက္ဝယ္ယူခြင့္ျပည္ပတင္ပို႔ေရာင္းခ်ခြင့္ရရွိေရး စည္း႐ုံးလႈပ္ရွားေဆာင္႐ြက္သြားမယ္။
(၆)အာရွေဒသအတြင္း ေမာ္ေတာ္ကားအပါအဝင္ ကုန္စည္မွန္သမွ် တန္းတူအခြန္စနစ္ျဖစ္ေရးႀကိဳးပမ္းသြားမယ္။
(၇)ျပည္သူ႔သေဘာထားမ်ား လႊတ္ေတာ္ျပင္ပမွစုေဆာင္းၿပီး တရားဝင္လႊတ္ေတာ္ကိုတင္ျပတဲ့အခါ ၾကားနာလက္ခံေရးအဖြဲ႕ တရားဝင္ဖြဲ႕စည္းေပးဖို႔ စည္း႐ုံးလႈပ္ရွားေဆာင္႐ြက္သြားမယ္။
(၈)ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ အစိုးရမွႏွစ္ရွည္ငွားရမ္းေပးဖို႔ ေျမယာရွာေဖြေပးျခင္းနဲ႔ အႀကီးစားစက္မႈလုပ္ငန္းႀကီးမ်ားအတြက္ ပထမ ၅ႏွစ္ အခြန္ကင္းလြတ္ခြင့္ေပးေရး ႀကိဳးနီစနစ္ပယ္ဖ်က္ေရး လႈပ္ရွားေဆာင္႐ြက္သြားမယ္။
(၉)ျပည္တြင္းSMEလုပ္ငန္းေတြအတြက္ အစိုးရမွေငြထုတ္ေခ်းျခင္းကို ကန႔္ကြက္သြားမွာျဖစ္ၿပီး ၃ႏွစ္ ၅ႏွစ္စသျဖင့္ အခြန္ကင္းလြတ္ခြင့္ကိုသာ ေထာက္ခံအားေပးသြားမယ္။

VOM- အာဏာရပါတီနဲ႔ ျပည္ခိုင္ၿဖိဳး စတဲ့ပါတီႀကီးေတြကို ဘယ္လိုအင္အားေတြနဲ႔ ယွဥ္ၿပိဳင္သြားမလဲ။
ေဒၚစႏၵာဦး- အာဏာရပါတီ၊ ျပည္ခိုင္ၿဖိဳးပါတီယွဥ္ျပိဳင္ဖို႔မဟုတ္ဘူး။ ပါတီရဲ႕ ရည္႐ြယ္ခ်က္က ျပည္သူလူထုအားလုံးႏိုင္ငံေရးအသိအျမင္ ႂကြယ္ဝေအာင္ဖို႔ပါပဲ။

VOM- ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေတြမွာေရာ ဘယ္ႏွေနရာ ႏိုင္ခဲ့ဖူးပါသလဲ။
ေဒၚစႏၵာဦး -ေ႐ြးေကာက္ပြဲေတြကို ယွဥ္ျပိဳင္တယ္ဆိုတာက မူဝါဒေပၚမွာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ စည္းမ်ဥ္းစည္းကမ္းေပၚမွာ ေလးေလးစားစားနဲ႔ ယွဥ္ျပိဳင္တာပဲရွိတယ္။ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ခ်ိန္မွာ အႏိုင္ရလိုမႈနဲ႔မဟုတ္ဘူး။ ဒီမိုကေရစီရဲ႕အႏွစ္သာရကို ျပည္သူလူထုလည္းသိေအာင္၊ျပည္သူလူထုေတြက ဒီ၅ႏွစ္သက္တမ္းအစိုးရတက္လာတဲ့အခ်ိန္မွာ အစိုးရကိုထိန္းေၾကာင္းမယ္ဆိုၿပီး ပညာေပးတာပဲရွိတယ္။ တစ္ႀကိမ္တစ္ခါမွ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့အခ်ိန္မွာ ႏိုင္ေအာင္လည္းအားစိုက္ထုတ္ခဲ့တာမ်ိဳးမရွိ
ဘူး။

VOM- ပါတီဝင္အင္အား ဘယ္ေလာက္ရွိပါသလဲ
ေဒၚစႏၵာဦး- ပါတီဝင္အင္အားတစ္ႏိုင္ငံလုံးမွာ ၂သိန္းေက်ာ္ရွိပါတယ္။

VOM – ပါတီရဲ႔ေဆာင္ပုဒ္ကဘာျဖစ္မလဲ။
ေဒၚစႏၵာဦး- ထာဝရျပည္သူအျဖစ္ရွိေနမည္PDP

#voiceofmyanmar #VOM #ပါတီမိတ္ဆက္

Related posts

Leave a Comment

VOM News

FREE
VIEW