ရန်ကုန်တိုင်းကို ကိုဗစ်ရောဂါထိန်းချုပ်ဖို့ ရက်အကန့်အသတ်နဲ့ Stay at Home ပြုလုပ်

ရန်ကုန်တိုင်းကို ကိုဗစ်ရောဂါထိန်းချုပ်ဖို့ ရက်အကန့်အသတ်နဲ့ Stay at Home ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၂၁-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်တိုင်းကို ဒီနေ့ စက်တင်ဘာ ၂၁ရက်ကစပြီး Stay Home နေထိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အခုလိုပြုလုပ်တာဟာ လက်ရှိရန်ကုန်တိုင်းမှာဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါကူးစက်မှုနူန်းမြင့်တက်နေတာကို ထိန်းချုပ်နိုင်ဖို့အတွက် လုပ်ဆောင်လိုက်တာဖြစ်ပြီး ဒီ stay at home အစီအစဉ်ဟာ အောက်တိုဘာလ ၇ ရက်နေ့အထိ အကျုံးဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

“လူတွေ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေမယ် မက်စ်တပ်မယ်၊ လက်ကိုစက္ကန့် ၂၀ ဆေးမယ်၊ လူစုလူဝေးရှောင်မယ် ဆိုတဲ့အချက်တွေက တကယ့် ဒီရောဂါကို ကွင်းဆက်ဖြတ်တောက်နိုင်မယ့် အချက်တွေပါ၊ ဒါတွေကို အစောပိုင်းထဲကလိုက်နာရင် ဒီလောက်တောင်မှ ဖြစ်ချင်မှဖြစ်မယ်၊ ဒါပေမယ့်လည်း တကမ္ဘာလုံးမှာရင်ဆိုင်နေရတဲ့ရောဂါဖြစ်တဲ့အခါကျတော့ အမြန်ဆုံးပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးစားတာပေါ့။ အဲ့ဒီတော့ အားလုံးက လိုက်နာမယ်၊ ဒီကာလအတွင်း သည်းခံစရာရှိတာကို သည်းခံမယ်၊ အမြန်ဆုံး ကျော်ဖြတ်နိုင်တာနဲ့ case တွေကျတာနဲ့ ဒါတွေကလည်း ပွင့်သွားမှာပါ။”လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

ဒါကြောင့် ဒီကာလမှာ စားသောက်ကုန်နဲ့ ဆေးပစ္စည်းတွေကိုသာ ရောင်းချစေချင်ပြီး ကျန်တာတွေကိုတော့ အိမ်အပြင်မထွက်စေလိုဘူလို့လည်း ပြောဆိုပါတယ်။

ဒါပေမယ့်လည်း လက်လုပ် လက်စားတွေ၊ ခေါင်းရွက်ဗျက်ထိုး ဈေးသည်တွေအနေနဲ့
စားဝတ်နေရေးအတွက် မဖြစ်မနေ ဆောင်ရွက်စရာတွေရှိခဲ့ရင် သက်ဆိုင်ရာ ကိုဗစ်ကော်မတီ ၊ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့တိုင်ပင်ပြီး လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

” Lockdown အခက်အခဲကတော့ အများကြီးပါ၊ ဒါပေမယ့်လည်း ခုချိန်က မဖြစ်မနေလုပ်ရတာဖြစ်တယ်။ အတိုင်းအတာတစ်ခုထိတော့ ထိန်းချုပ်သွားနိုင်မယ်။ ဘာလို့လဲဆိုတော့ သူက ၉ ရက် ၁၀ ရက်ထက်ကျော်ရင် ရောဂါမကူးစက်နိုင်တော့ဘူးဆိုတော့လေ၊ ဒါကြောင့် ၂ပတ် ၊ ဒါမှမဟုတ် ၁၀ ရက်ထဲပါ။ “လို့ လှိုင်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦး ကပြောပါတယ်။

ရန်ကုန်ကို stay home သတ်မှတ်မှုမှာ CMP စနစ်လုပ်ငန်းတွေ ပိတ်ရမှာဖြစ်သလို ၊ ကုမ္ပဏီ လုပ်ငန်း၊ အဖွဲ့အစည်း လုပ်ငန်းတွေဟာလည်း အိမ်ကနေ လုပ်ဆောင်ရမယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်နဲ့ ရခိုင်ပြည်နယ်အတွင်း ကွာရန်တင်းထားရှိမယ့်ရက်ကိုလည်း ၁၄ ရက်အစား ၇ ရက်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

ဒါကြောင့် နိုင်ငံခြားကနေ ပြန်လာသူ၊ stay home မြို့နယ်တွေကနေ လာရောက်မယ့်သူတွေအားလုံးဟာ FQ ၇ ရက်နေထိုင်ပြီး အိမ်မှာ ၇ ရက်နေရမှာဖြစ်ပါတယ်။ ချွင်းချက်အနေနဲ့ ရောဂါအခံရှိသူတွေနဲ့ နေအိမ်မှာ ရောဂါအခံရှိသူတွေရှိခဲ့ရင်တော့ FQ မှာ ၁၄ ရက်နေထိုင်ရမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းကို Stay Home သတ်မှတ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

လက်ရှိ ရန်ကုန်တိုင်းမှာ ကိုဗစ်အတည်ပြုလူနာ ၃၀၀၀ ကျော်အထိ ရှိလာနေပြီဖြစ်ပါတယ်။

Photo Crd- ရွှေအင်းသား ခင်မောင်ဝင်း
#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရန္ကုန္တိုင္းကို ကိုဗစ္ေရာဂါထိန္းခ်ဳပ္ဖို႔ ရက္အကန္႔အသတ္နဲ႔ Stay at Home ျပဳလုပ္

ရန္ကုန္၊ စက္တင္ဘာ ၂၁-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္တိုင္းကို ဒီေန႔ စက္တင္ဘာ ၂၁ရက္ကစၿပီး Stay Home ေနထိုင္ဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။

အခုလိုျပဳလုပ္တာဟာ လက္႐ွိရန္ကုန္တိုင္းမွာျဖစ္ပြားေနတဲ့ ကိုဗစ္ေရာဂါကူးစက္မႈႏူန္းျမင့္တက္ေနတာကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ လုပ္ေဆာင္လိုက္တာျဖစ္ၿပီး ဒီ stay at home အစီအစဥ္ဟာ ေအာက္တိုဘာလ ၇ ရက္ေန႔အထိ အက်ဳံးဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။

“လူေတြ တစ္ေယာက္နဲ႔တစ္ေယာက္ ခပ္ခြာခြာေနမယ္ မက္စ္တပ္မယ္၊ လက္ကိုစကၠန္႔ ၂၀ ေဆးမယ္၊ လူစုလူေဝးေ႐ွာင္မယ္ ဆိုတဲ့အခ်က္​ေတြက တကယ့္ ဒီေရာဂါကို ကြင္းဆက္ျဖတ္ေတာက္ႏိုင္မယ့္ အခ်က္ေတြပါ၊ ဒါ​ေတြကို အ​ေစာပိုင္းထဲကလိုက္နာရင္ ဒီေလာက္ေတာင္မွ ျဖစ္ခ်င္မွျဖစ္မယ္၊ ဒါေပမယ့္လည္း တကမၻာလုံးမွာရင္ဆိုင္ေနရတဲ့ေရာဂါျဖစ္တဲ့အခါက်ေတာ့ အျမန္ဆုံးျပန္လည္ထိန္းခ်ဳပ္ႏိုင္ဖို႔ႀကိဳးစားတာေပါ့။ အဲ့​ဒီေတာ့ အားလုံးက လိုက္နာမယ္၊ ဒီကာလအတြင္း သည္းခံစရာ႐ွိတာကို သည္းခံမယ္၊ အျမန္ဆုံး ေက်ာ္ျဖတ္ႏိုင္တာနဲ႔ case ေတြက်တာနဲ႔ ဒါေတြကလည္း ပြင့္သြားမွာပါ။”လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ၫႊန္ၾကားေရးမွဴး ေဒါက္တာသန္းႏိုင္စိုးကေျပာပါတယ္။

ဒါေၾကာင့္ ဒီကာလမွာ စားေသာက္ကုန္နဲ႔ ေဆးပစၥည္းေတြကိုသာ ​ေရာင္းခ်ေစခ်င္ျပီး က်န္တာေတြကိုေတာ့ အိမ္အျပင္မထြက္ေစလိုဘူလို႔လည္း ေျပာဆိုပါတယ္။

ဒါေပမယ့္လည္း လက္လုပ္ လက္စားေတြ၊ ေခါင္းရြက္ဗ်က္ထိုး ေစ်းသည္ေတြအေနနဲ႔
စားဝတ္ေနေရးအတြက္ မျဖစ္မေန ေဆာင္ရြက္စရာေတြ႐ွိခဲ့ရင္ သက္ဆိုင္ရာ ကိုဗစ္ေကာ္မတီ ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးတာဝန္႐ွိသူေတြနဲ႔တိုင္ပင္ၿပီး လုပ္ေဆာင္ႏိုင္တယ္လို႔ သိရပါတယ္။

” Lockdown အခက္အခဲကေတာ့ အမ်ားႀကီးပါ၊ ဒါေပမယ့္လည္း ခုခ်ိန္က မျဖစ္မေနလုပ္ရတာျဖစ္တယ္။ အတိုင္းအတာတစ္ခုထိ​ေတာ့ ထိန္းခ်ဳပ္သြားႏိုင္မယ္။ ဘာလို႔လဲဆိုေတာ့ သူက ၉ ရက္ ၁၀ ရက္ထက္ေက်ာ္ရင္ ေရာဂါမကူးစက္ႏိုင္ေတာ့ဘူးဆိုေတာ့ေလ၊ ဒါေၾကာင့္ ၂ပတ္ ၊ ဒါမွမဟုတ္ ၁၀ ရက္ထဲပါ။ “လို႔ လိႈင္ၿမိဳ႕နယ္ ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ဦး ကေျပာပါတယ္။

ရန္ကုန္ကို stay home သတ္မွတ္မႈမွာ CMP စနစ္လုပ္ငန္းေတြ ပိတ္ရမွာျဖစ္သလို ၊ ကုမၸဏီ လုပ္ငန္း၊ အဖြဲ႔အစည္း လုပ္ငန္းေတြဟာလည္း အိမ္ကေန လုပ္ေဆာင္ရမယ္လို႔ သတ္မွတ္ထားတာျဖစ္ပါတယ္။

ဒါ့အျပင္ ရန္ကုန္နဲ႔ ရခိုင္ျပည္နယ္အတြင္း ကြာရန္တင္းထား႐ွိမယ့္ရက္ကိုလည္း ၁၄ ရက္အစား ၇ ရက္အျဖစ္ ေျပာင္းလဲသတ္မွတ္လိုက္ပါတယ္။

ဒါေၾကာင့္ ႏိုင္ငံျခားကေန ျပန္လာသူ၊ stay home ၿမိဳ႕နယ္ေတြကေန လာေရာက္မယ့္သူေတြအားလုံးဟာ FQ ၇ ရက္ေနထိုင္ၿပီး အိမ္မွာ ၇ ရက္ေနရမွာျဖစ္ပါတယ္။ ခြၽင္းခ်က္အေနနဲ႔ ေရာဂါအခံ႐ွိသူေတြနဲ႔ ေနအိမ္မွာ ေရာဂါအခံ႐ွိသူေတြ႐ွိခဲ့ရင္ေတာ့ FQ မွာ ၁၄ ရက္ေနထိုင္ရမယ္လို႔ သိရပါတယ္။

ရန္ကုန္တိုင္းကို Stay Home သတ္မွတ္လိုက္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေမးျမန္းဖို႔အတြက္ ရန္ကုန္တိုင္းအစိုးရအဖြဲ႔ ၊ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းကို ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားျခင္းမ႐ွိခဲ့ပါဘူး။

လက္႐ွိ ရန္ကုန္တိုင္းမွာ ကိုဗစ္အတည္ျပဳလူနာ ၃၀၀၀ ေက်ာ္အထိ ႐ွိလာေနၿပီျဖစ္ပါတယ္။

Photo Crd- ေရႊအင္းသား ခင္ေမာင္ဝင္း
#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW