၇ ရက်အတွင်း နှာခေါင်းစည်း မတပ်ဆင်သူ ၃၅၀ဦး နဲ့ ညမထွက်ရအမိန့် မလိုက်နာသူ ၁၄၉ ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးအရေးယူထား

၇ ရက်အတွင်း နှာခေါင်းစည်း မတပ်ဆင်သူ ၃၅၀ဦး နဲ့ ညမထွက်ရအမိန့် မလိုက်နာသူ ၁၄၉ ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးအရေးယူထား

နေပြည်တော် ၊ စက်တင်ဘာ ၂၇ – ၂၀၂၀
ကိုတိုးကြီး (VOM)

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စက်တင်ဘာ ၁၉ ကနေ စက်တင်ဘာ ၂၅ အထိ တနိုင်ငံလုံး အတိုင်းအတာနဲ့ နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာနေသူ အမျိုးသား ၂၇၂ ယောက် ၊ အမျိုးသမီး ၇၈ ယောက် ၊ စုစုပေါင်း ၃၅၀ ယောက်ကို ကူးဆက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ-၁၅အရ အမှုဖွင့်အရေးယူခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရုံးကနေ သိရပါတယ်။

ကိုဗစ် – ၁၉ ရောဂါ မြန်နှုန်းမြင့်ကူးဆက်ပြန့်ပွားနေတဲ့ကာလမှာ အပြင်ထွက်တဲ့အခါ နှာခေါင်းစည်းတပ်ဆင်ဖို့ အမိန့်ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပေမယ့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ သွားလာနေတဲ့သူတွေကို ကိုဗစ်-၁၉ ရောဂါ ကူးဆက်ပြန့်ပွားမှု အရေးပေါ်တုန့်ပြန်တဲ့အနေနဲ့ ဖမ်းဆီးအရေးယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ အများပြည်သူ ဝင်ထွက်သွားလာနေတဲ့ နေရာတွေမှာ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိဘဲ ဝင်ထွက်သွားလာနေတဲ့သူ တနိုင်ငံလုံး အတိုင်းအတာနဲ့ အရေးယူခဲ့တာ ၃၀၄ မှုရှိတယ်၊ အဲ့ဒါ စက်တင်ဘာ ၁၉ ရက်ကနေ ၂၅ ရက်အထိ တပတ်တာကာလအတွင်းဖြစ်တယ် ” လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရုံးမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၉ ရက်နေ့ကစပြီး တပတ်တာကာလအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ပြည့်တန်ဆာအိမ် ၂ အိမ် ၊ KTV ၁ ဆိုင် ၊ ဆိုင်ပိုင်ရှင် ၊ မန်နေဂျာ ၊ အလုပ်သမား အမျိုးသား ၈ ယောက် ၊ အမျိုးသမီး ၁၈ ယောက် ၊ စုစုပေါင်း ၂၆ ယောက်ကိုလည်း ဖမ်းဆီးအရေးယူခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ ညမထွက်ရအမိန့်ကိုလိုက်နာဖို့ ပျက်ကွက်ခဲ့ပြီး အကြောင်းမဲ့ ညအချိန် လမ်းတွေပေါ်မှာ သွားလာနေတဲ့သူ အမျိုးသား ၁၄၁ ယောက် ၊ အမျိုးသမီး ၈ ယောက် ၊ စုစုပေါင်း ၁၄၉ ယောက်ကိုလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၈၈အရ အမှုပေါင်း ၇၃ မှုဖွင့်ပြီး အရေးယူခဲ့တယ်လို့ သိရပါတယ်။

အခုလို ကိုဗစ် – ၁၉ ကမ္ဘာ့ကပ်ရောဂါကာလမှာ အများပြည်သူတွေ ဝင်ထွက်သွားလာနေတဲ့ နေရာတွေမှာ နှာခေါင်းစည်း မတပ်ဆင်ဘဲ သွားလာနေသူ အရေအတွက်လျှော့ချနိုင်ဖို့ အတွက် ရဲတပ်ဖွဲ့၊ အရပ်ဖက်လူမှုကူညီရေး၊ ပရဟိတအသင်းအဖွဲ့တို့ပူးပေါင်းကာ နှာခေါင်းစည်း အခမဲ့မျှဝေးပေးတာနဲ့ ပိုးသတ်ဆေးဖြန်တာတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #ကိုဗစ် #အရေးယူမှု

Zawgyi

၇ ရက္အတြင္း ႏွာေခါင္းစည္း မတပ္ဆင္သူ ၃၅၀ဦး နဲ႔ ညမထြက္ရအမိန္႔ မလိုက္နာသူ ၁၄၉ ဦးကို ရဲတပ္ဖြဲ႔ကဖမ္းဆီးအေရးယူထား

ေနျပည္ေတာ္ ၊ စက္တင္ဘာ ၂၇ – ၂၀၂၀
ကိုတိုးၾကီး (VOM)

တစ္ႏိုင္ငံလံုးအတိုင္းအတာအေနနဲ႔ စက္တင္ဘာ ၁၉ ကေန စက္တင္ဘာ ၂၅ အထိ တနိုင္ငံလံုး အတိုင္းအတာနဲ႔ ႏွာေခါင္းစည္းမတပ္ဆင္ဘဲ သြားလာေနသူ အမ်ိဳးသား ၂၇၂ ေယာက္ ၊ အမ်ိဳးသမီး ၇၈ ေယာက္ ၊ စုစုေပါင္း ၃၅၀ ေယာက္ကို ကူးဆက္ေရာဂါကာကြယ္ႏွိမ္နင္းေရး ဥပေဒပုဒ္မ-၁၅အရ အမႈဖြင္႔အေရးယူခဲ႔တယ္လို႔ ျမန္မာနိုင္ငံရဲတပ္ဖြဲ႔ ဌာနခ်ဳပ္ရံုးကေန သိရပါတယ္။

ကိုဗစ္ – ၁၉ ေရာဂါ ျမန္ႏႈန္းျမင္႔ကူးဆက္ျပန္႔ပြားေနတဲ႔ကာလမွာ အျပင္ထြက္တဲ့အခါ ႏွာေခါင္းစည္းတပ္ဆင္ဖို႔ အမိန္႔ညႊန္ၾကားခ်က္ေတြ ထုတ္ျပန္ထားေပမယ္႔ ႏွာေခါင္းစည္း တပ္ဆင္ျခင္းမရွိဘဲ သြားလာေနတဲ႔သူေတြကို ကိုဗစ္-၁၉ ေရာဂါ ကူးဆက္ျပန္႔ပြားမႈ အေရးေပၚတုန္႔ျပန္တဲ႔အေနနဲ႔ ဖမ္းဆီးအေရးယူခဲ႔တာျဖစ္တယ္လို႔ သိရပါတယ္။

“ အမ်ားျပည္သူ ၀င္ထြက္သြားလာေနတဲ႔ ေနရာေတြမွာ ႏွာေခါင္းစည္းတပ္ဆင္ျခင္းမရွိဘဲ ၀င္ထြက္သြားလာေနတဲ႔သူ တနိုင္ငံလံုး အတိုင္းအတာနဲ႔ အေရးယူခဲ႔တာ ၃၀၄ မႈရွိတယ္၊ အဲ႔ဒါ စက္တင္ဘာ ၁၉ ရက္ကေန ၂၅ ရက္အထိ တပတ္တာကာလအတြင္းျဖစ္တယ္ ” လို႔ ျမန္မာနိုင္ငံရဲတပ္ဖြဲ႔ ဌာနခ်ဳပ္ရံုးမွ ရဲအရာရွိတစ္ဦးကေျပာပါတယ္။

ဒါ႔အျပင္ စက္တင္ဘာ ၁၉ ရက္ေန႔ကစၿပီး တပတ္တာကာလအတြင္း တိုင္းေဒသၾကီးနဲ႔ ျပည္နယ္အသီးသီးမွာ ျပည္႔တန္ဆာအိမ္ ၂ အိမ္ ၊ KTV ၁ ဆိုင္ ၊ ဆိုင္ပိုင္ရွင္ ၊ မန္ေနဂ်ာ ၊ အလုပ္သမား အမ်ိဳးသား ၈ ေယာက္ ၊ အမ်ိဳးသမီး ၁၈ ေယာက္ ၊ စုစုေပါင္း ၂၆ ေယာက္ကိုလည္း ဖမ္းဆီးအေရးယူခဲ့တယ္လို႔ သိရပါတယ္။

အဲ႔ဒီေနာက္ပိုင္းမွာေတာ့ ညမထြက္ရအမိန္႔ကိုလိုက္နာဖို႔ ပ်က္ကြက္ခဲ႔ျပီး အေၾကာင္းမဲ႔ ညအခ်ိန္ လမ္းေတြေပၚမွာ သြားလာေနတဲ့သူ အမ်ိဳးသား ၁၄၁ ေယာက္ ၊ အမ်ိဳးသမီး ၈ ေယာက္ ၊ စုစုေပါင္း ၁၄၉ ေယာက္ကိုလည္း ရာဇသတ္ၾကီးဥပေဒပုဒ္မ-၁၈၈အရ အမႈေပါင္း ၇၃ မႈဖြင္႔ျပီး အေရးယူခဲ႔တယ္လို႔ သိရပါတယ္။

အခုလို ကိုဗစ္ – ၁၉ ကမၻာ႔ကပ္ေရာဂါကာလမွာ အမ်ားျပည္သူေတြ ၀င္ထြက္သြားလာေနတဲ႔ ေနရာေတြမွာ ႏွာေခါင္းစည္း မတပ္ဆင္ဘဲ သြားလာေနသူ အေရအတြက္ေလွ်ာ့ခ်နိုင္ဖို႔ အတြက္ ရဲတပ္ဖြဲ႔၊ အရပ္ဖက္လူမႈကူညီေရး၊ ပရဟိတအသင္းအဖြဲ႔တို႕ပူးေပါင္းကာ ႏွာေခါင္းစည္း အခမဲ႔မွ်ေ၀းေပးတာနဲ႔ ပိုးသတ္ေဆးျဖန္တာေတြ လုပ္ေဆာင္ေပးေနတယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္ #ကိုဗစ္ #အေရးယူမႈ

Related posts

Leave a Comment

VOM News

FREE
VIEW