Music Zone KTV ပိုင်ရှင် ဦးဇော်မင်းကိုယ်တိုင် ရဲစခန်းကိုလာရောက်အဖမ်းခံမယ်

Music Zone KTV ပိုင်ရှင် ဦးဇော်မင်းကိုယ်တိုင် ရဲစခန်းကိုလာရောက်အဖမ်းခံမယ်

ရန်ကုန် ၊ အောက်တိုဘာ ၄-၂၀၂၀
အေးချမ်းသူ(VOM)

ကိုဗစ်အတည်ပြုလူနာအများဆုံးတွေ့ရှိခဲ့တဲ့ Music Zone ကေတီဗီနဲ့စားသောက်ဆိုင်ပိုင်ရှင်ဦးဇော်မင်းကိုယ်တိုင် အောက်တိုဘာ ၅ရက်နေ့မှာ သင်္ဃန်းကျွန်းရဲစခန်းကို သွားရောက်အဖမ်းခံမှာဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းကပြောပါတယ်။

“ကျွန်တော့ကိုပြောတာမဟုတ်ဘူး၊ သူ့ရှေ့နေက ရဲမှူးကိုပြောတာပါ။ တနင်္လာနေ့ ဦးဇော်မင်းကိုယ်တိုင်အပ်ပါ့မယ် ပြောရရင်အဖမ်းခံမယ်ပေါ့”လို့ ဦးရွှေလှဝင်းကပြောပါတယ်။

Music Zone KTVကို စက်တင်ဘာ ၃၀ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနကနေ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ ဆိုင်တည်ရှိရာ ဇဝနရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှသန်းက ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း လူများစွာ ရောဂါပိုးကူးစက်ခံခဲ့ရတဲ့အတွက် Music Zone KTV နဲ့ စားသောက်ဆိုင်ကို သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ် ကော်မတီအစည်းအဝေးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှုးကို တရားစွဲဆိုဖို့ညွန်ကြားခဲ့ပေမယ့် စက်တင်ဘာလ ၃၀ရက်နေ့မှာ မြို့နယ်ကျန်းမာရေးဦးစီးဌာနက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

Music Zone ဆိုင်ပိုင်ရှင်နဲ့ ဆိုင်မန်နေဂျာတို့ကို သင်္ဃန်းကျွန်းမြို့မရဲစခန်းက (ပ)၁၀၅၃/၂ဝ၂ဝ၊ ၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅အရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Photo-MKI
#voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ် #MusicZoneပိုင်ရှင် #ကိုယ်တိုင်အဖမ်းခံမယ်

Zawgyi

Music Zone KTV ပိုင္ရွင္ ဦးေဇာ္မင္းကိုယ္တိုင္ ရဲစခန္းကိုလာေရာက္အဖမ္းခံမယ္

ရန္ကုန္ ၊ ေအာက္တိုဘာ ၄-၂၀၂၀
ေအးခ်မ္းသူ(VOM)

ကုိဗစ္အတည္ျပဳလူနာအမ်ားဆုံးေတြ႕႐ွိခဲ့တဲ့ Music Zone ေကတီဗီနဲ႔စားေသာက္ဆိုင္ပုိင္႐ွင္ဦးေဇာ္မင္းကိုယ္တိုင္ ေအာက္တိုဘာ ၅ရက္ေန႔မွာ သဃၤန္းကြၽန္းရဲစခန္းကို သြားေရာက္အဖမ္းခံမွာျဖစ္တယ္လို႔ သဃၤန္းကြၽန္းၿမိဳ႕နယ္ျပည္သူ႕လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေရႊလွဝင္းကေျပာပါတယ္။

“ကၽြန္ေတာ့ကိုေျပာတာမဟုတ္ဘူး၊ သူ႔ေ႐ွ႔ေနက ရဲမွဴးကုိေျပာတာပါ။ တနလၤာေန႔ ဦးေဇာ္မင္းကုိယ္တိုင္အပ္ပါ့မယ္ ေျပာရရင္အဖမ္းခံမယ္ေပါ့”လို႔ ဦးေရႊလွဝင္းကေျပာပါတယ္။

Music Zone KTVကုိ စက္တင္ဘာ ၃၀ရက္ေန႔က သဃၤန္းကြၽန္းၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနကေန သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒအရ သဃၤန္းကြၽန္းၿမိဳ႕နယ္ရဲစခန္းမွာ အမႈဖြင့္ခဲ့တာျဖစ္တယ္လို႔ ဆိုင္တည္႐ွိရာ ဇဝနရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးလွသန္းက ေျပာပါတယ္။

သဃၤန္းကြၽန္းၿမိဳ႕နယ္အတြင္း လူမ်ားစြာ ေရာဂါပိုးကူးစက္ခံခဲ့ရတဲ့အတြက္ Music Zone KTV နဲ႔ စားေသာက္ဆိုင္ကုိ သဃၤန္းကြၽန္းၿမိဳ႕နယ္ ကိုဗစ္ ေကာ္မတီအစည္းအေဝးမွာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈးကုိ တရားစြဲဆိုဖို႔ၫြန္ၾကားခဲ့ေပမယ့္ စက္တင္ဘာလ ၃၀ရက္ေန႔မွာ ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနက တရားစြဲဆုိခဲ့တာျဖစ္ပါတယ္။

Music Zone ဆိုင္ပုိင္႐ွင္နဲ႔ ဆိုင္မန္ေနဂ်ာတို႔ကို သဃၤန္းကၽြန္းၿမိဳ့မရဲစခန္းက (ပ)၁၀၅၃/၂ဝ၂ဝ၊ ၂၀၁၃ ခုႏွစ္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမွုဥပေဒပုဒ္မ-၂၅အရ အမွုဖြင့္ အေရးယူထားတယ္လို႔ သိရပါတယ္။

Photo-MKI
#voiceofmyanmar #VOM #ရန္ကုန္ #ကိုဗစ္ #MusicZoneပိုင္ရွင္ #ကိုယ္တိုင္အဖမ္းခံမယ္

Related posts

Leave a Comment

VOM News

FREE
VIEW