ကျောက်မီးသွေးကုမ္မဏီက တရုတ်နိုင်ငံသားတစ်ဦး ယမ်းပေါက်ကွဲမှုကြောင့်သေဆုံး

ကျောက်မီးသွေးကုမ္မဏီက တရုတ်နိုင်ငံသားတစ်ဦး ယမ်းပေါက်ကွဲမှုကြောင့်သေဆုံး

ကလေးဝ ၊ အောက်တိုဘာ ၉-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ သစ်ချောက်ကျေးရွာရှိ ကျောက်မီးသွေးလုပ်ငန်းကုမ္မဏီ တစ်ခုက တရုတ်နိုင်ငံသား သူဌေးတစ်ဦးဟာ မနေ့ (အောက်တိုဘာ ၈ )မနက်ပိုင်းက စက်ရုံတွင်းပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသွားတယ်လို့ ကလေးဝမြို့မရဲစခန်းကနေ သိရပါတယ်။

” သေဆုံးသူက ဖွံ့ဖြိုးဓန ကျောက်မီးသွေးထုတ်လုပ်ရေးကုမ္မဏီလက်ခွဲ San Xin ကုမ္မဏီ သူဌေး Mr – Xie Zhong Xion (ချင်ရှုံရှန်)၊ အသက် ၄၈ နှစ် တရုတ်နိုင်ငံသား၊ လောက်တည်ရွာ ၊ ဟူနန်ပြည်နယ် ၊ တရုတ်နိုင်ငံက ဖြစ်တယ်၊ သေဆုံးရတဲ့ဖြစ်စဉ်ကတော့ သူရဲ့အခန်း အပြင်ဘက် ၂ ပေခန့်က ဖောက်ခွဲထားတာကြောင့် သေဆုံးသွားရတာဖြစ်တယ်”လို့ အဲ့ဒီအမှုကို သွားရောက်စစ်ဆေးရာမှာပါဝင်ခဲ့တဲ့ ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

ရဲမှတ်တမ်းမှာတော့ မနေ့ အောက်တိုဘာ ၈ရက်နေ့ မနက်ပိုင်းက အဲ့ဒီ ကျောက်မီးသွေးကုမ္မဏီရဲ့ ဆိုဒ်ကြီးကြပ်ရေးမှူးတစ်ဦးက ကုမ္ပဏီသူဌေးရဲ့ အိပ်ခန်းအပြင်ဘက် ၂ ပေလောက်နေရာက ယမ်းပေါက်ကွဲပြီး ရတဲ့ဒဏ်ရာကြောင့် သေတာဖြစ်တယ်လို့ ပြောပြထားပြီး ရဲတပ်ဖွဲ့ကတော့ ဒီဖြစ်စဉ်ဟာ ဖောက်ခွဲလုပ်ကြံမှုတစ်ခုဖြစ်တယ်လို့ သုံးသပ်ထားကြောင်း သိရပါတယ်။

အဲ့ဒါကြောင့် ကလေးဝမြို့မရဲစခန်းက ယမ်းပေါက်ကွဲမှုမှာ တရုတ်နိုင်ငံသား သေဆုံးခဲ့တဲ့ သွားရောက်စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ကလေးဝမြို့မရဲစခန်းမှ အမှူကြီးဖြစ်စဉ်အမှတ် ၃/၂၀၂၀၊ (ပ)၂၅၂/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ အရ အမှုဖွင့်ထားပြီး ကျောက်မီးသွေး ကုမ္မဏီသူဌေးကို အသက်သေစေရန်ကြံရွယ်ကာ ယမ်းဖောက်ခွဲခဲ့သူကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကလေးဝ #ပေါက်ကွဲမှု #တရုတ်နိုင်ငံသားသေဆုံး

Zawgyi

ေက်ာက္မီးေသြးကုမၼဏီက တ႐ုတ္ႏိုင္ငံသားတစ္ဦး ယမ္းေပါက္ကြဲမႈေၾကာင့္ေသဆုံး

ကေလးဝ ၊ ေအာက္တိုဘာ ၉-၂၀၂၀
ကိုတိုးႀကီး (VOM)

စစ္ကိုင္းတိုင္း၊ ကေလးဝၿမိဳ႕နယ္၊ သစ္ေခ်ာက္ေက်း႐ြာရွိ ေက်ာက္မီးေသြးလုပ္ငန္းကုမၼဏီ တစ္ခုက တ႐ုတ္ႏိုင္ငံသား သူေဌးတစ္ဦးဟာ မေန႔ (ေအာက္တိုဘာ ၈ )မနက္ပိုင္းက စက္ရံုတြင္းေပါက္ကြဲမႈျဖစ္ပြားၿပီး ေသဆုံးသြားတယ္လို႔ ကေလးဝၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

” ေသဆုံးသူက ဖြံ႕ၿဖိဳးဓန ေက်ာက္မီးေသြးထုတ္လုပ္ေရးကုမၼဏီလက္ခြဲ San Xin ကုမၼဏီ သူေဌး Mr – Xie Zhong Xion (ခ်င္ရႈံရွန္)၊ အသက္ ၄၈ ႏွစ္ တ႐ုတ္ႏိုင္ငံသား၊ ေလာက္တည္႐ြာ ၊ ဟူနန္ျပည္နယ္ ၊ တ႐ုတ္ႏိုင္ငံက ျဖစ္တယ္၊ ေသဆုံးရတဲ့ျဖစ္စဥ္ကေတာ့ သူရဲ႕အခန္း အျပင္ဘက္ ၂ ေပခန႔္က ေဖာက္ခြဲထားတာေၾကာင့္ ေသဆုံးသြားရတာျဖစ္တယ္”လို႔ အဲ့ဒီအမႈကို သြားေရာက္စစ္ေဆးရာမွာပါဝင္ခဲ့တဲ့ ရဲဝန္ထမ္းတစ္ေယာက္က ေျပာပါတယ္။

ရဲမွတ္တမ္းမွာေတာ့ မေန႔ ေအာက္တိုဘာ ၈ရက္ေန႔ မနက္ပိုင္းက အဲ့ဒီ ေက်ာက္မီးေသြးကုမၼဏီရဲ႕ ဆိုဒ္ႀကီးၾကပ္ေရးမႉးတစ္ဦးက ကုမၸဏီသူေဌးရဲ႔ အိပ္ခန္းအျပင္ဘက္ ၂ ေပေလာက္ေနရာက ယမ္းေပါက္ကြဲၿပီး ရတဲ့ဒဏ္ရာေၾကာင့္ ေသတာျဖစ္တယ္လို႔ ေျပာျပထားၿပီး ရဲတပ္ဖြဲ႕ကေတာ့ ဒီျဖစ္စဥ္ဟာ ေဖာက္ခြဲလုပ္ၾကံမႈတစ္ခုျဖစ္တယ္လို႔ သံုးသပ္ထားေၾကာင္း သိရပါတယ္။

အဲ့ဒါေၾကာင့္ ကေလးဝၿမိဳ႕မရဲစခန္းက ယမ္းေပါက္ကြဲမႈမွာ တ႐ုတ္ႏိုင္ငံသား ေသဆုံးခဲ့တဲ့ သြားေရာက္စစ္ေဆးခဲ့တယ္လို႔လည္း သိရပါတယ္။

အဲ့ဒီ ျဖစ္စဥ္နဲ႔ ပတ္သက္လို႔ ကေလးဝၿမိဳ႕မရဲစခန္းမွ အမႉႀကီးျဖစ္စဥ္အမွတ္ ၃/၂၀၂၀၊ (ပ)၂၅၂/၂၀၂၀၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ-၃၀၂ အရ အမႈဖြင့္ထားၿပီး ေက်ာက္မီးေသြး ကုမၼဏီသူေဌးကို အသက္ေသေစရန္ႀကံ႐ြယ္ကာ ယမ္းေဖာက္ခြဲခဲ့သူကို စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ကေလးဝ #ေပါက္ကြဲမႈ #တ႐ုတ္ႏိုင္ငံသားေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW