ငြိမ်းချမ်းရေးရရင် ရွာကိုပြန်ချင်တယ်

ငြိမ်းချမ်းရေးရရင် ရွာကိုပြန်ချင်တယ်

စစ်တွေ၊ အောက်တိုဘာ ၁၀- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်အတွင်းက ပြည်တွင်းစစ်မှာ နှစ်အတန်ကြာလာတာနဲ့အမျှ အရပ်သားပြည်သူတွေ ပိုပြီးထိခိုက်လာပြီး နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်ဟာလည်း သိန်းနဲ့ချီပြီး မြင့်တက်လာနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလကနေစပြီး ပုဏ္ဏားကျွန်မြို့နယ်၊ ပိန္နဲတောကျေးရွာက ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိမှာတော့ စစ်တွေမြို့ပေါ်ရှိ ဒက္ခောင်းကျောင်းတိုက်(ဘုန်းကြီးကျောင်း)က စစ်ဘေးရှောင်စခန်းမှာနေထိုင်ကြပြီး အိမ်ထောင်စု ၃၂ စုနဲ့ လူဦးရေ ၁၁၄ ဦး ရှိနေထိုင်နေတယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာရသူတွေ အများအပြားရှိလာတဲ့အတွက် လက်ရှိအချိန်မှာ ငြိမ်းချမ်းရေးရပြီး ဒေသတည်ငြိမ်အေးချမ်းရင် ရွာကိုပြန်ချင်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

#voiceofmyanmar #VOM #စစ်တွေ #စစ်ဘေးရှောင်

Zawgyi

ၿငိမ္းခ်မ္းေရးရရင္ ႐ြာကိုျပန္ခ်င္တယ္

စစ္ေတြ၊ ေအာက္တိုဘာ ၁၀- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္အတြင္းက ျပည္တြင္းစစ္မွာ ႏွစ္အတန္ၾကာလာတာနဲ႔အမွ် အရပ္သားျပည္သူေတြ ပိုၿပီးထိခိုက္လာၿပီး ေနရပ္စြန႔္ခြာထြက္ေျပးရတဲ့ ဒုကၡသည္အေရအတြက္ဟာလည္း သိန္းနဲ႔ခ်ီၿပီး ျမင့္တက္လာေနပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္ ဧၿပီလကေနစၿပီး ပုဏၰားကြၽန္ၿမိဳ႕နယ္၊ ပိႏၷဲေတာေက်း႐ြာက ထြက္ေျပးလာရတဲ့ စစ္ေဘးေရွာင္ျပည္သူေတြဟာ လက္ရွိမွာေတာ့ စစ္ေတြၿမိဳ႕ေပၚရွိ ဒေကၡာင္းေက်ာင္းတိုက္(ဘုန္းႀကီးေက်ာင္း)က စစ္ေဘးေရွာင္စခန္းမွာေနထိုင္ၾကၿပီး အိမ္ေထာင္စု ၃၂ စုနဲ႔ လူဦးေရ ၁၁၄ ဦး ရွိေနထိုင္ေနတယ္လို႔ သိရပါတယ္။

ပုဏၰားကြၽန္းၿမိဳ႕နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးပဋိပကၡေတြေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးလာရသူေတြ အမ်ားအျပားရွိလာတဲ့အတြက္ လက္ရွိအခ်ိန္မွာ ၿငိမ္းခ်မ္းေရးရၿပီး ေဒသတည္ၿငိမ္ေအးခ်မ္းရင္ ႐ြာကိုျပန္ခ်င္တယ္လို႔ စစ္ေဘးေရွာင္ေတြက ေျပာပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ #စစ္ေဘးေရွာင္

Related posts

Leave a Comment

VOM News

FREE
VIEW