ဖားကန့်ဒေသရှိ နွမ်းပါးပြည်သူတွေအတွက် ဆန်အိတ် ငါးထောင် လှူဒါန်း

ဖားကန့်ဒေသရှိ နွမ်းပါးပြည်သူတွေအတွက် ဆန်အိတ် ငါးထောင် လှူဒါန်း

အောက်တိုဘာ ၉ -၂၀၂၀
ဇော်မိုးထက်(VOM)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကျောက်စိမ်းတွင်းဧရိယာအတွင်းရှိ ပြည်သူတွေကို ဖားကန့်ကျောက်စိမ်းတူးဖော်ရေးဌာနနဲ့ ဖားကန့်မြို့နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး ဆန်အိတ်ပေါင်း ငါးထောင် ပေးဝေလှူဒါန်းသွားမယ်လို့ ဖားကန့်ကျောက်မျက်လုပ်ငန်းရှင်များအသင်းရုံးကနေ သိရပါတယ်။

အခုလှူဒါန်းမှုဟာ ဒုတိယအကြိမ် လှူဒါန်းတာဖြစ်တယ်လို့ သိရပြီး ကိုဗစ်-၁၉ ပထမလှိုင်းဖြစ်ပေါ်ချိန် မတ်လကလည်း ပထမအကြိမ်လှူဒါန်းခဲ့တယ်လို့ ကျောက်မျက်လုပ်ငန်းရှင်များအသင်းက သိရပါတယ်။

အခုလှူဒါန်းသွားမယ့် ဆန်အိတ် ငါထောင်ဟာ ဖားကန့်ဒေသရှိ Stay at Home နေထိုင်နေကြရတဲ့ နွမ်းပါးပြည်သူတွေကို တအိမ်ထောင် ၆ပြည်နူန်း လှူဒါန်းသွားမှာဖြစ်တယ်လို့ ဖားကန့်ကျောက်မျက်လုပ်ငန်းရှင်အသင်းရဲ့တာဝန်ရှိသူတဦးကပြောပါတယ်။

“ဖားကန့်ကျောက်စိမ်းတူးဖော်ရေးဌာနက ဦးဆောင်မှုနဲ့ ကျနော်တို့လုပ်ငန်းရှင်တွေကပူးပေါင်းပြီးတော့ ဖားကန့်ဒေသမှာ စတေးဟုမ်းနေနေရတဲ့ပြည်သူတွေ အဆင်ပြေစေဖို့ လှူဒါန်းတာပါ။ လိုအပ်နေတဲ့ ပြည်သူတွေဆီ အမှန်တကယ်ရောက်အောင် အိမ်အရောက် ကျနော်တို့ကိုယ်တိုင် သွားရောက်လှူဒါန်းမှာပါ။ ဆန်အိတ်တချို့ရောက်လို့ မနေ့ကစပြီး လိုက်လှူနေပါပြီ “လို့ ဖားကန့်မြို့နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ(၃) ဦးအောင်ကျော်မြင့်ကပြောပါတယ်။

ရောက်ရှိလာတဲ့ ဆန်အိတ်တချို့ဟာ မနေ့ အောက်တိုဘာ ၈ ရက်နေ့ကစပြီး လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတွေကို လိုက်လံလှူဒါန်းနေတယ်လို့လည်း သိရပါတယ်။

“မနေ့က ဆန်ကားတချို့ရောက်လာလို့ ချက်ချင်းပဲ ပြည်သူတွေဆီကို လိုက်ဝေနေပါတယ်။ လုံးခင်းအုပ်စုက မှော်စီစာ၊ ဆန်ခါ ၊ငိုးပင်း ၊ဆိုင်းရာရွာသစ် ၊မဇွပ်ယန် ၊လယ်ပြင် ၊နန့်စမ်း ၊အောင်ရာ ကျေးရွာတွေကို လှူဖြစ်ပါတယ်။ ဆန်အိတ် တထောင့်သုံးရာကျော်ပါ”လို့ ကျောက်မျက်လုပ်ငန်းရှင်များအသင်း(ဖားကန့်)ရဲ့ ရုံးအဖွဲ့မှူး ဦးဝင်းမင်းထွန်းက ပြောပါတယ်။

ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါ စတင်ဖြစ်ပွားတဲ့အချိန်ကတည်း ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းရှင်တွေက ငွေကြေးနဲ့ စားနပ်ရိက္ခာအပြင် ၊ ကပ်ရောဂါ ကာကွယ်မှုဆိုင်ရာ ပစ္စည်းတွေကို လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

“ပထမလှိုင်းစဖြစ်တဲ့အချိန်မှာကတည်းက ကိုဗစ်-၁၉ဆိုင်ရာလုပ်ငန်းတွေအတွက်ဆိုပြီး မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ်နဲ့ ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းရှင်တွေက ပြည်ထောင်စုအစိုးရအတွက် သိန်းသုံးထောင် ၊ကချင်ပြည်နယ်အစိုးရအတွက် သိန်းနှစ်ထောင် ၊ဖားကန့်မြို့နယ်အတွက် သိန်းတစ်ထောင် လှူဒါန်းခဲ့ပါတယ်”လို့ ဦးဝင်းမင်းထွန်းကပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်တွေက ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်မှုဆိုင်ရာ လုပ်ငန်းတွေအတွက် လိုအပ်တဲ့ Mask ၊ Hand Gel ၊ Face Shield နဲ့အခြားလိုအပ်မှုပစ္စည်း သိန်းပေါင်း ၉၆၀၀ကိုလည်း လှူဒါန်းထားပြီးဖြစ်တယ်လို့ ဦးဝင်းမင်းထွန်းက ရှင်းပြပါတယ်။

အခု ဆန်အိတ် (၅၀၀၀) လှူဒါန်းတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး နောက်ထပ်လိုအပ်တဲ့နေရာတွေမှာလည်း လိုအပ်သလို ဆက်လက်လှူဒါန်းသွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #ကိုဗစ် #ဆန်အိတ်၅ထောင်

Zawgyi

ဖားကန႔္ေဒသရွိ ႏြမ္းပါးျပည္သူေတြအတြက္ ဆန္အိတ္ ငါးေထာင္ လႉဒါန္း

ေအာက္တိုဘာ ၉ -၂၀၂၀
ေဇာ္မိုးထက္(VOM)

ကခ်င္ျပည္နယ္၊ မိုးညႇင္းခ႐ိုင္၊ ဖားကန႔္ၿမိဳ႕နယ္၊ ေက်ာက္စိမ္းတြင္းဧရိယာအတြင္းရွိ ျပည္သူေတြကို ဖားကန႔္ေက်ာက္စိမ္းတူးေဖာ္ေရးဌာနနဲ႔ ဖားကန႔္ၿမိဳ႕နယ္ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္းက ဦးေဆာင္ၿပီး ဆန္အိတ္ေပါင္း ငါးေထာင္ ေပးေဝလႉဒါန္းသြားမယ္လို႔ ဖားကန႔္ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္း႐ုံးကေန သိရပါတယ္။

အခုလႉဒါန္းမႈဟာ ဒုတိယအႀကိမ္ လႉဒါန္းတာျဖစ္တယ္လို႔ သိရၿပီး ကိုဗစ္-၁၉ ပထမလႈိင္းျဖစ္ေပၚခ်ိန္ မတ္လကလည္း ပထမအႀကိမ္လႉဒါန္းခဲ့တယ္လို႔ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္းက သိရပါတယ္။

အခုလႉဒါန္းသြားမယ့္ ဆန္အိတ္ ငါေထာင္ဟာ ဖားကန႔္ေဒသရွိ Stay at Home ေနထိုင္ေနၾကရတဲ့ ႏြမ္းပါးျပည္သူေတြကို တအိမ္ေထာင္ ၆ျပည္ႏူန္း လွဴဒါန္းသြားမွာျဖစ္တယ္လို႔ ဖားကန႔္ေက်ာက္မ်က္လုပ္ငန္းရွင္အသင္းရဲ႕တာဝန္ရွိသူတဦးကေျပာပါတယ္။

“ဖားကန႔္ေက်ာက္စိမ္းတူးေဖာ္ေရးဌာနက ဦးေဆာင္မႈနဲ႔ က်ေနာ္တို႔လုပ္ငန္းရွင္ေတြကပူးေပါင္းၿပီးေတာ့ ဖားကန႔္ေဒသမွာ စေတးဟုမ္းေနေနရတဲ့ျပည္သူေတြ အဆင္ေျပေစဖို႔ လႉဒါန္းတာပါ။ လိုအပ္ေနတဲ့ ျပည္သူေတြဆီ အမွန္တကယ္ေရာက္ေအာင္ အိမ္အေရာက္ က်ေနာ္တို႔ကိုယ္တိုင္ သြားေရာက္လႉဒါန္းမွာပါ။ ဆန္အိတ္တခ်ိဳ႕ေရာက္လို႔ မေန႔ကစၿပီး လိုက္လႉေနပါၿပီ “လို႔ ဖားကန႔္ၿမိဳ႕နယ္ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္း ဒု-ဥကၠ႒(၃) ဦးေအာင္ေက်ာ္ျမင့္ကေျပာပါတယ္။

ေရာက္ရွိလာတဲ့ ဆန္အိတ္တခ်ိဳ႔ဟာ မေန႔ ေအာက္တိုဘာ ၈ ရက္ေန႔ကစၿပီး လုံးခင္းေက်း႐ြာအုပ္စုအတြင္းရွိ ေက်း႐ြာေတြကို လိုက္လံလႉဒါန္းေနတယ္လို႔လည္း သိရပါတယ္။

“မေန႔က ဆန္ကားတခ်ိဳ႕ေရာက္လာလို႔ ခ်က္ခ်င္းပဲ ျပည္သူေတြဆီကို လိုက္ေဝေနပါတယ္။ လုံးခင္းအုပ္စုက ေမွာ္စီစာ၊ ဆန္ခါ ၊ငိုးပင္း ၊ဆိုင္းရာ႐ြာသစ္ ၊မဇြပ္ယန္ ၊လယ္ျပင္ ၊နန႔္စမ္း ၊ေအာင္ရာ ေက်း႐ြာေတြကို လႉျဖစ္ပါတယ္။ ဆန္အိတ္ တေထာင့္သုံးရာေက်ာ္ပါ”လို႔ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္း(ဖားကန႔္)ရဲ႕ ႐ုံးအဖြဲ႕မႉး ဦးဝင္းမင္းထြန္းက ေျပာပါတယ္။

ကိုဗစ္-၁၉ကမာၻ႔ကပ္ေရာဂါ စတင္ျဖစ္ပြားတဲ့အခ်ိန္ကတည္း ဖားကန႔္ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ငန္းရွင္ေတြက ေငြေၾကးနဲ႔ စားနပ္ရိကၡာအျပင္ ၊ ကပ္ေရာဂါ ကာကြယ္မႈဆိုင္ရာ ပစၥည္းေတြကို လႉဒါန္းခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။

“ပထမလႈိင္းစျဖစ္တဲ့အခ်ိန္မွာကတည္းက ကိုဗစ္-၁၉ဆိုင္ရာလုပ္ငန္းေတြအတြက္ဆိုၿပီး ျမန္မာႏိုင္ငံေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္နဲ႔ ဖားကန႔္ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ငန္းရွင္ေတြက ျပည္ေထာင္စုအစိုးရအတြက္ သိန္းသုံးေထာင္ ၊ကခ်င္ျပည္နယ္အစိုးရအတြက္ သိန္းႏွစ္ေထာင္ ၊ဖားကန႔္ၿမိဳ႕နယ္အတြက္ သိန္းတစ္ေထာင္ လႉဒါန္းခဲ့ပါတယ္”လို႔ ဦးဝင္းမင္းထြန္းကေျပာပါတယ္။

ဖားကန႔္ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ငန္းရွင္ေတြက ကိုဗစ္-၁၉ကာကြယ္ထိန္းခ်ဳပ္မႈဆိုင္ရာ လုပ္ငန္းေတြအတြက္ လိုအပ္တဲ့ Mask ၊ Hand Gel ၊ Face Shield နဲ႔အျခားလိုအပ္မႈပစၥည္း သိန္းေပါင္း ၉၆၀၀ကိုလည္း လႉဒါန္းထားၿပီးျဖစ္တယ္လို႔ ဦးဝင္းမင္းထြန္းက ရွင္းျပပါတယ္။

အခု ဆန္အိတ္ (၅၀၀၀) လႉဒါန္းတာဟာ ဒုတိယအႀကိမ္ျဖစ္ၿပီး ေနာက္ထပ္လိုအပ္တဲ့ေနရာေတြမွာလည္း လိုအပ္သလို ဆက္လက္လႉဒါန္းသြားမယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ဖားကန္႔ #ကိုဗစ္ #ဆန္အိတ္၅ေထာင္

Related posts

Leave a Comment

VOM News

FREE
VIEW