မှုခင်းသတင်းထောက်တွေဆီကနေ ‌ရွေးကောက်ပွဲ သတင်းရယူခွင့်ကဒ်တွေ ပြန်သိမ်းမယ်

မှုခင်းသတင်းထောက်တွေဆီကနေ ‌ရွေးကောက်ပွဲ သတင်းရယူခွင့်ကဒ်တွေ ပြန်သိမ်းမယ်

အောက်တိုဘာ ၉-၂၀၂၀
ကောင်းလက်ျာ(VOM)

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပ‌မယ့် အထွေထွေရွေးကောက်ပွဲမှာ သတင်းရယူဖို့အတွက် ခရိုင်နဲ့မြို့‌နယ်ရွေးကောက်ပွဲကော်မရှင်ရုံးတွေကနေ ထုတ်ယူထားတဲ့ မှုခင်းဂျာနယ်အဖွဲ့အစည်း ၄ ခုက သတင်းထောက်အသိမှတ်ပြုကဒ်တွေကို ပြန်လည်သိမ်းဆည်းသွားမယ်လို့ တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစောဌေးကပြောပါတယ်။

” စာက မနေ့ကမှ ရုံးကိုဝင်လာတယ်။ ဒီမှာလည်း မှုခင်းအဖွဲ့အစည်းအချို့က အသိမှတ်ပြုကဒ် ထုတ်ထားသူတွေရှိနေတယ်။ အခုတော့ ပြန်လည်ချိတ်ဆက်ပြီး သိမ်းဆည်းဖို့ လုပ်ဆောင်နေပါပြီ”လို့ ဦးစောဌေးကပြောပါတယ်။

၂၀၁၅ရွေးကောက်ပွဲမှာလည်း မှုခင်းသတင်းထောက်ဆိုသူတွေဟာ သတင်းရယူရုံသက်သက်လုပ်နေတာမျိုးကို ကြုံခဲ့ဖူးတယ့်အပြင် မိမိတို့လို့ ပရောဖက်ရှင်နယ် သတင်းသမားတွေအနေနဲ့ သတင်းရယူခွင့်ကဒ်မထုတ်ရသေးချိန် အဲ့ဒီအဖွဲ့အစည်းတွေက သတင်းထောက်ဆိုသူများက သတင်းရယူခွင့်ကတ်တွေ ထုတ်ယူ‌နေကြတာကို တွေ့မြင်ထားရတယ်လို့ မြေလတ်ဂျာနယ်လစ်ကွန်ရက်အဖွဲ့မှ အလုပ်အမှုဆောင် ဦးမင်းညိုက ပြောပါတယ်။

” ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ရွေးကောက်ပွဲကော်မရှင်ရုံးကို စာရေးသားပေးပို့တဲ့ အဖွဲ့ ၇ ဖွဲ့ထဲ ကျွန်တော်တို့ကွန်ရက်ပါဝင်တောင်းဆိုခဲ့တယ်”လို့ ဦးမင်းညိုကပြောပါတယ်။

တောင်ငူခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးကို သတင်းရယူခွင့်ကဒ်တွေပြန်လည်သိမ်းဆည်းဖို့ညွန်ကြားချက်ထဲမှာ တောင်ငူခရိုင်အတွင်းရှိ နေပြည်တော်တိုင်းမ်သတင်းဂျာနယ်က သတင်းထောက် ၃ ဦးလည်းပါနေတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကနေ ရွေးကောက်ပွဲအတွက် သတင်းရယူခွင့်ကဒ်တွေပြန်သိမ်းဖို့ကြေညာခဲ့တဲ့ သတင်းအဖွဲ့အစည်းတွေကတော့ အမိမြေသတင်းစုံစမ်းစုဆောင်းဖော်ပြရေးအဖွဲ့၊ နေပြည်တော်တိုင်းမ်သတင်းဂျာနယ်၊ မှုခင်းရှုထောင့်သတင်းဂျာနယ်၊ အမှန်တရားဘက်တော်သားများသတင်းဂျာနယ်တို့ဖြစ်တယ်လို့ သိရပါတယ်။

မှုခင်းသတင်းသမားကြီးတစ်ဦးကို အခုလိုကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ” မှုခင်းသတင်းထောက်ဟာ ကျင့်ဝတ်စည်းကမ်းနဲ့အညီ သတင်းရေးသားတင်ပြရင် ကုသိုလ်ရတဲ့ အလုပ်တစ်ခုလို့ ယူဆရပေမယ့် နောက်ပိုင်းမှာ မှုခင်းဂျာနယ်၊ မှုခင်းသတင်းထောက်အမည်ခံသူတွေကြောင့် လေးစားစရာမရှိတော့တဲ့အတွက် အ‌ဲ့ဒီလောကကို စွန့်ခွာခဲ့ပါတယ်။ သတင်းရယူတင်ပြတဲ့အလုပ် မလုပ်ဆောင်သူကို သတင်းရယူခွင့် ပိတ်ပင်တားမြစ်တာဟာ မှန်ကန်တယ်လို့ယူဆတယ်”လို့ သုံးသပ်ပြောဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာကဲ့သို့ မြို့ကြီးတွေမှာ မှုခင်းသတင်းထောက်အမည်ခံ သတင်းသမား အနည်းငယ်သာရှိပေမယ့် ကောလင်း၊ ကသာ၊ ဝန်းသို စတဲ့ ဒေသတွေမှာတော့ အလွန်
များပြားတယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက် ဂျာနယ်တစ်စောင်မှ အယ်ဒီတာတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မှုခင်းသတင်းထောက် #ရွေးကောက်ပွဲသတင်းယူခွင့်ကဒ် #ကော်မရှင်ကပြန်သိမ်းမယ်

Zawgyi

မႈခင္းသတင္းေထာက္ေတြဆီကေန ‌ေ႐ြးေကာက္ပြဲ သတင္းရယူခြင့္ကဒ္ေတြ ျပန္သိမ္းမယ္

ေအာက္တိုဘာ ၉-၂၀၂၀
ေကာင္းလက္်ာ(VOM)

၂၀၂၀ ႏိုဝင္ဘာ ၈ ရက္ေန႔မွာ က်င္းပ‌မယ့္ အေထြေထြေ႐ြးေကာက္ပြဲမွာ သတင္းရယူဖို႔အတြက္ ခ႐ိုင္နဲ႔ၿမိဳ႕‌နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ရံုးေတြကေန ထုတ္ယူထားတဲ့ မႈခင္းဂ်ာနယ္အဖြဲ႕အစည္း ၄ ခုက သတင္းေထာက္အသိမွတ္ျပဳကဒ္ေတြကို ျပန္လည္သိမ္းဆည္းသြားမယ္လို႔ ေတာင္ငူခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးေစာေဌးကေျပာပါတယ္။

” စာက မေန႔ကမွ ႐ုံးကိုဝင္လာတယ္။ ဒီမွာလည္း မႈခင္းအဖြဲ႕အစည္းအခ်ိဳ႕က အသိမွတ္ျပဳကဒ္ ထုတ္ထားသူေတြရွိေနတယ္။ အခုေတာ့ ျပန္လည္ခ်ိတ္ဆက္ၿပီး သိမ္းဆည္းဖို႔ လုပ္ေဆာင္ေနပါၿပီ”လို႔ ဦးေစာေဌးကေျပာပါတယ္။

၂၀၁၅ေ႐ြးေကာက္ပြဲမွာလည္း မႈခင္းသတင္းေထာက္ဆိုသူေတြဟာ သတင္းရယူရံုသက္သက္လုပ္ေနတာမ်ိဳးကို ႀကဳံခဲ့ဖူးတယ့္အျပင္ မိမိတို႔လို႔ ပေရာဖက္ရွင္နယ္ သတင္းသမားေတြအေနနဲ႔ သတင္းရယူခြင့္ကဒ္မထုတ္ရေသးခ်ိန္ အဲ့ဒီအဖြဲ႕အစည္းေတြက သတင္းေထာက္ဆိုသူမ်ားက သတင္းရယူခြင့္ကတ္ေတြ ထုတ္ယူ‌ေနၾကတာကို ေတြ႕ျမင္ထားရတယ္လို႔ ေျမလတ္ဂ်ာနယ္လစ္ကြန္ရက္အဖြဲ႕မွ အလုပ္အမႈေဆာင္ ဦးမင္းညိဳက ေျပာပါတယ္။

” ဒီကိစၥနဲ႔ ပတ္သက္ၿပီး ထိန္းသိမ္းၾကပ္မတ္ေဆာင္႐ြက္ေပးဖို႔ ၿပီးခဲ့တဲ့ရက္ပိုင္းက ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးကို စာေရးသားေပးပို႔တဲ့ အဖြဲ႕ ၇ ဖြဲ႕ထဲ ကြၽန္ေတာ္တို႔ကြန္ရက္ပါဝင္ေတာင္းဆိုခဲ့တယ္”လို႔ ဦးမင္းညိဳကေျပာပါတယ္။

ေတာင္ငူခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးကို သတင္းရယူခြင့္ကဒ္ေတြျပန္လည္သိမ္းဆည္းဖို႔ၫြန္ၾကားခ်က္ထဲမွာ ေတာင္ငူခ႐ိုင္အတြင္းရွိ ေနျပည္ေတာ္တိုင္းမ္သတင္းဂ်ာနယ္က သတင္းေထာက္ ၃ ဦးလည္းပါေနတယ္လို႔ သိရပါတယ္။

ေရြးေကာက္ပြဲေကာ္မရွင္ကေန ေရြးေကာက္ပြဲအတြက္ သတင္းရယူခြင့္ကဒ္ေတြျပန္သိမ္းဖို႔ေၾကညာခဲ့တဲ့ သတင္းအဖြဲ႔အစည္းေတြကေတာ့ အမိေျမသတင္းစုံစမ္းစုေဆာင္းေဖာ္ျပေရးအဖြဲ႔၊ ေနျပည္ေတာ္တိုင္းမ္သတင္းဂ်ာနယ္၊ မႈခင္းရႈေထာင့္သတင္းဂ်ာနယ္၊ အမွန္တရားဘက္ေတာ္သားမ်ားသတင္းဂ်ာနယ္တို႔ျဖစ္တယ္လို႔ သိရပါတယ္။

မႈခင္းသတင္းသမားႀကီးတစ္ဦးကို အခုလိုကိစၥနဲ႔ပတ္သက္ၿပီး ေမးျမန္းရာမွာေတာ့ ” မႈခင္းသတင္းေထာက္ဟာ က်င့္ဝတ္စည္းကမ္းနဲ႔အညီ သတင္းေရးသားတင္ျပရင္ ကုသိုလ္ရတဲ့ အလုပ္တစ္ခုလို႔ ယူဆရေပမယ့္ ေနာက္ပိုင္းမွာ မႈခင္းဂ်ာနယ္၊ မႈခင္းသတင္းေထာက္အမည္ခံသူေတြေၾကာင့္ ေလးစားစရာမရွိေတာ့တဲ့အတြက္ အ‌ဲ့ဒီေလာကကို စြန႔္ခြာခဲ့ပါတယ္။ သတင္းရယူတင္ျပတဲ့အလုပ္ မလုပ္ေဆာင္သူကို သတင္းရယူခြင့္ ပိတ္ပင္တားျမစ္တာဟာ မွန္ကန္တယ္လို႔ယူဆတယ္”လို႔ သုံးသပ္ေျပာဆိုပါတယ္။

စစ္ကိုင္းတိုင္း၊ မုံ႐ြာကဲ့သို႔ ၿမိဳ႕ႀကီးေတြမွာ မႈခင္းသတင္းေထာက္အမည္ခံ သတင္းသမား အနည္းငယ္သာရွိေပမယ့္ ေကာလင္း၊ ကသာ၊ ဝန္းသို စတဲ့ ေဒသေတြမွာေတာ့ အလြန္
မ်ားျပားတယ္လို႔ စစ္ကိုင္းတိုင္းအေျခစိုက္ ဂ်ာနယ္တစ္ေစာင္မွ အယ္ဒီတာတစ္ဦးရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #မႈခင္းသတင္းေထာက္ #ေရြးေကာက္ပြဲသတင္းယူခြင့္ကဒ္ #ေကာ္မရွင္ကျပန္သိမ္းမယ္

Related posts

Leave a Comment

VOM News

FREE
VIEW