အင်ဒိုနီးရှားမှာ ပြဌာန်းလိုက်တဲ့ အလုပ်သမားဥပဒေအပေါ် အကြီးအကျယ်ဆန္ဒပြနေကြ

အင်ဒိုနီးရှားမှာ ပြဌာန်းလိုက်တဲ့ အလုပ်သမားဥပဒေအပေါ် အကြီးအကျယ်ဆန္ဒပြနေကြ

ဂျကာတာ၊ အောက်တိုဘာ ၉-၂၀၂၀
မျိုးဆက် (VOM)

အင်ဒိုနီးရှားမှာပြဌာန်းလိုက်တဲ့ အငြင်းပွားဖွယ် အလုပ်သမားဥပဒေဟာ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်းကိုထိခိုက်စေတယ်ဆိုကာ လူသောင်းပေါင်းများစွာဟာ တတိယမြောက်အနေ့အဖြစ် အကြီးအကျယ်ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြပွဲတွေဟာ နိုင်ငံအနှံ့မှာဖြစ်ပွားနေပြီး ဂျကာတာမှာတော့ လူရာနဲ့ချီပြီးဖမ်းဆီးခံခဲ့ရကာ အငြင်းပွားဖွယ်ဥပဒေဟာ အောက်တိုဘာ ၁၂ ရက်မှာစတင်သက်ဝင်တော့မှာဖြစ်ပါတယ်။

အင်ဒိုနီးရှားအစိုးရကတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်နေတဲ့ စီးပွားရေးကို ပြန်လည်နာလန်ထူဖို့ ဒီလိုအပြောင်းအလဲတွေလုပ်ဆောင်ဖို့လိုတယ်လို့ပြောပါတယ်။

အခုတစ်ပတ်အစောပိုင်း ငြိမ်းချမ်းစွာဆန္ဒပြမှုတွေအပြီးမှာတော့ မြို့တော်ဂျကာတာအပါအဝင် ဘန်ဒွန်းကဲ့သို့ အခြားသောမြို့ကြီးတွေမှာပါ အောက်တိုဘာ ၇ ရက်နဲ့ ၈ ရက်တို့မှာ ဆန္ဒပြမှုတွေဆက်တိုက်ဖြစ်ပွားလာတာပါ။

ခွျှန်ထက်တဲ့အရာတွေအပါအဝင် လက်နက်တွေကိုင်ဆောင်မှုကြောင့် ဆန္ဒပြသူ ၄၀၀ ထက်မနည်းကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ စာမျက်နှာ ၁၀၀၀ ကျော်ပါရှိတဲ့ အဆိုပါဥပဒေမှာ ယခင်ပြဌာန်းချက် ၇၉ ခုကိုပြင်ဆင်ထားပါတယ်။

ပြင်ဆင်လိုက်တဲ့ဥပဒေဟာ ရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့နဲ့ စီးပွားရေးပြန်လည်နာလန်ထူရေးကို အားထုတ်မှုတစ်ရပ်အနေနဲ့ စီးပွားရေးလုပ်ငန်း၊ အလုပ်သမား၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေတွေကို ဖြေလျော့ဖို့ ရည်ရွယ်ထားပါတယ်။

Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #ဂျကာတာ

Zawgyi

အင္ဒိုနီးရွားမွာ ျပဌာန္းလိုက္တဲ႔ အလုပ္သမားဥပေဒအေပၚ အၾကီးအက်ယ္ဆႏၵျပေနၾက

ဂ်ကာတာ၊ ေအာက္တိုဘာ ၉-၂၀၂၀
မ်ိဳးဆက္ (VOM)

အင္ဒိုနီးရွားမွာျပဌာန္းလိုက္တဲ႔ အျငင္းပြားဖြယ္ အလုပ္သမားဥပေဒဟာ အလုပ္သမားေတြရဲ႕ အခြင္႔အေရးနဲ႔ သဘာ၀ပတ္၀န္းက်င္းကိုထိခိုက္ေစတယ္ဆိုကာ လူေသာင္းေပါင္းမ်ားစြာဟာ တတိယေျမာက္အေန႔အျဖစ္ အၾကိီးအက်ယ္ဆႏၵျပေနၾကပါတယ္။

ဆႏၵျပပြဲေတြဟာ နုိင္ငံအနွံ႕မွာျဖစ္ပြားေနျပီး ဂ်ကာတာမွာေတာ႔ လူရာနဲ႔ခ်ီျပီးဖမ္းဆီးခံခဲ႔ရကာ အျငင္းပြားဖြယ္ဥပေဒဟာ ေအာက္တိုဘာ ၁၂ ရက္မွာစတင္သက္၀င္ေတာ႔မွာျဖစ္ပါတယ္။

အင္ဒိုနီးရွားအစိုးရကေတာ႔ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင္႔ ထိခိုက္ေနတဲ႔ စီးပြားေရးကို ျပန္လည္နာလန္ထူဖို႔ ဒီလိုအေျပာင္းအလဲေတြလုပ္ေဆာင္ဖို႔လိုတယ္လို႔ေျပာပါတယ္။

အခုတစ္ပတ္အေစာပိုင္း ျငိမ္းခ်မ္းစြာဆႏၵျပမႈေတြအျပီးမွာေတာ႔ ျမိဳ႕ေတာ္ဂ်ကာတာအပါအ၀င္ ဘန္ဒြန္းကဲ့သို႔ အျခားေသာျမိဳ႕ၾကီးေတြမွာပါ ေအာက္တိုဘာ ၇ ရက္နဲ႔ ၈ ရက္တို႔မွာ ဆႏၵျပမႈေတြဆက္္တိုက္ျဖစ္ပြားလာတာပါ။

ခႊ်န္ထက္တဲ႔အရာေတြအပါအ၀င္ လက္နက္ေတြကိုင္ေဆာင္မႈေၾကာင္႔ ဆႏၵျပသူ ၄၀၀ ထက္မနည္းကို အင္ဒိုနီးရွားရဲတပ္ဖြဲ႔က ဖမ္းဆီးခဲ႔ပါတယ္။ စာမ်က္နွာ ၁၀၀၀ ေက်ာ္ပါရိွတဲ႔ အဆိုပါဥပေဒမွာ ယခင္ျပဌာန္းခ်က္ ၇၉ ခုကိုျပင္ဆင္ထားပါတယ္။

ျပင္ဆင္လိုက္တဲ႔ဥပေဒဟာ ရင္းနွီးျမဳပ္နွံမႈေတြကို ဆြဲေဆာင္နုိင္ဖို႔နဲ႔ စီးပြားေရးျပန္လည္နာလန္ထူေရးကို အားထုတ္မႈတစ္ရပ္အေနနဲ႔ စီးပြားေရးလုပ္ငန္း၊ အလုပ္သမား၊ သဘာ၀ပတ္၀န္းက်င္ဆိုင္ရာဥပေဒေတြကို ေျဖေလ်ာ႔ဖို႔ ရည္ရြယ္ထားပါတယ္။

Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #ဂ်ကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW