နိုင်ငံရေးပါတီကြီးအချို့ရဲ့တရားမဲ့ပြုကျင့်နေတာတွေနဲ့ တိုက်ပွဲတွေရပ်တန့်ပေးဖို့ UNAအဖွဲ့ဝင်တွေက ကြေညာချက်ထုတ်ပြီးတောင်းဆို

နိုင်ငံရေးပါတီကြီးအချို့ရဲ့တရားမဲ့ပြုကျင့်နေတာတွေနဲ့ တိုက်ပွဲတွေရပ်တန့်ပေးဖို့ UNAအဖွဲ့ဝင်တွေက ကြေညာချက်ထုတ်ပြီးတောင်းဆို

ရန်ကုန်၊အောက်တိုဘာ ၁၀-၂၀၂၀
အေးချမ်းသူ(VOM)

၂၀၂၀အထွေထွေရွေးကောက်ပွဲကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်ရခိုင်ပြည်နယ်မြောက်ပိုင်းတို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာနဲ့ နိူင်ငံရေးပါတီကြီးအချို့ရဲ့ တရားမဲ့ပြု
ကျင့်နေမှုတွေကို ဒီကနေ့မနက်ပိုင်းက စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)နှင့်မိတ်ဖတ်အဖွဲ့အစည်းတွေက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အမြန်ဆုံးရပ်တန့်နိူင်ဖို့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်သားလက်နက်ကိုင်တွေ ချက်ချင်းတွေ့ဆုံဖို့အပါအဝင် တောင်းဆိုချက်အချက်(၅)ချက်နဲ့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲအတွက် အခက်အခဲအများကြီးရှိပြီး လွတ်လပ်စွာမဲဆွယ်စည်းရုံးခွင့်မရှိတဲ့အပြင် တိုက်ပွဲတွေဖြစ်နေတဲ့အတွက် စစ်ဘေးရှောင်နေရတဲ့အပြင်
ပြည်သူတွေမျာ မဲပေးရေးကို စိတ်ပါဝင်စားမှုမရှိကြောင်း ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးမျိုးကပြောပါတယ်။

“ပါတီကြီးတွေက အင်နဲ့အားနဲ့မဲဆွယ်စည်းရုံးနေကြတယ်။ ဒါတွေက ကိုဗစ်နဲ့မငြိဘူးလား။တစ်ချို့နေရာတွေမှာ ကိုယ်စားလှယ်လောင်းတွေကိုယ်တိုင် အပြင်ကိုထွက်လို့မရဘူး။ အချို့နေရာမှာ ကိုယ့်ပါတီက ကပ်ထားတဲ့ဗီနိုင်းကို အခြားပါတီက ယုတ်မာပြီး ထပ်ကပ်ကြတယ်။ အချို့နေရာတွေမှာ ဗီနိုင်းထောင်ဖို့တောင် ခွင့်ပြုချက်မပေးတာ။ ဒါကို UECက ဖြေရှင်းပေးသင့်တယ်”လို့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးမျိုးကပြောပါတယ်။

နိူင်ငံရေးပါတီကြီးအချို့ရဲ့ မဲဆွယ်စည်းရုံးရေးဆောင်ရွက်ရာမှာ ပါတီဝန်းရံသူတွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်၊ညွန်ကြားချက်နဲ့ ကျန်းမာရေးဝန်ကြီးဌာန ညွန်ကြားချက်တွေကို လျစ်လျူရူကာ စည်းကမ်းမဲဆောင်ရွက်နေတဲ့ကိစွတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက အရေးယူဆောင်ရွက်သင့်တယ်လို့ ရှမ်းတိုင်းရင်းသား
များအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ တွဲဖက်အတွင်းရေးမှူး(၁) ဦးစိုင်းကျော်ညွန့် ကပြောပါတယ်။

“ရွေးကောက်ပွဲကော်မရှင်က ဘက်လိုက်တယ်လို့မြင်တယ်၊ UNA မိတ်ဖက်ပါတီအချို့က တင်ပြထားတာလည်းရှိတယ်၊ အနီးစပ်ဆုံးပြောရရင် ကော့မှုးကိစွ၊ ကိုယ်စားလှယ်ကို ဘေဘုတ်ထောင်ခွင့်မပြုဘူး။ ဒါကိုပဲ ကော်မရှင်က ငြိမ်နေတယ်။ မီဒီယာတွေဘက်က ဖော်ပြတာများမှသာ စိုက်ခွင့်ပေးတာ၊ ဒါတောင်ညိုနှိုင်းရအုံးမယ်”လို့ ဦးစိုင်းကျော်ညွန့်ကပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အားနည်ချက်များနဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကိုရပ်တန့်ပေးဖို့အတွက် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)အဖွဲ့ဝင်ပါတီ (၁၃)ပါတီ နဲ့ (UNA)မိတ်ဖတ်အဖွဲ့အစည်း(၃၀)က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #UNAအဖွဲ့

Zawgyi

ႏိုင္ငံေရးပါတီႀကီးအခ်ိဳ႔ရဲ႔တရားမဲ့ျပဳက်င့္ေနတာေတြနဲ႔ တိုက္ပြဲေတြရပ္တန္႔ေပးဖို႔ UNAအဖြဲ႔ဝင္ေတြက ေၾကညာခ်က္ထုတ္ၿပီးေတာင္းဆို

ရန္ကုန္၊ေအာက္တိုဘာ ၁၀-၂၀၂၀
ေအးခ်မ္းသူ(VOM)

၂၀၂၀အေထြေထြေရြးေကာက္ပြဲကာလအတြင္း ႐ွမ္းျပည္နယ္ေျမာက္ပုိင္းႏွင့္ရခုိင္ျပည္နယ္ေျမာက္ပုိင္းတို႔မွာ တိုက္ပြဲေတြျဖစ္ပြားေနတာနဲ႔ ႏိူင္ငံေရးပါတီႀကီးအခ်ိဳ႕ရဲ႔ တရားမဲ့ျပဳ
က်င့္ေနမႈေတြကို ဒီကေန႔မနက္ပိုင္းက စည္းလုံးညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားမဟာမိတ္(UNA)ႏွင့္မိတ္ဖတ္အဖြဲ႔အစည္းေတြက ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ရခုိင္ျပည္နယ္ေျမာက္ပုိင္းနဲ႔ ႐ွမ္းျပည္နယ္ေျမာက္ပုိင္းတို႔မွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြကို အျမန္ဆုံးရပ္တန္႔ႏူိင္ဖို႔ အစုိးရ၊ တပ္မေတာ္နဲ႔ တိုင္းရင္သားလက္နက္ကုိင္ေတြ ခ်က္ခ်င္းေတြ႔ဆုံဖို႔အပါအဝင္ ေတာင္းဆိုခ်က္အခ်က္(၅)ခ်က္နဲ႔ ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ပါတယ္။

ရခုိင္ျပည္နယ္မွာ ေရြးေကာက္ပြဲအတြက္ အခက္အခဲအမ်ားႀကီး႐ွိၿပီး လြတ္လပ္စြာမဲဆြယ္စည္း႐ုံးခြင့္မ႐ွိတဲ့အျပင္ တိုက္ပြဲေတြျဖစ္ေနတဲ့အတြက္ စစ္ေဘးေ႐ွာင္ေနရတဲ့အျပင္
ျပည္သူေတြမ်ာ မဲေပးေရးကုိ စိတ္ပါဝင္စားမႈမ႐ွိေၾကာင္း ရခုိင္အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ အတြင္းေရးမွဴး ဦးမ်ိဳးကေျပာပါတယ္။

“ပါတီႀကီးေတြက အင္နဲ႔အားနဲ႔မဲဆြယ္စည္း႐ုံးေနၾကတယ္။ ဒါေတြက ကုိဗစ္နဲ႔မၿငိဘူးလား။တစ္ခ်ိဳ႕ေနရာေတြမွာ ကုိယ္စားလွယ္ေလာင္းေတြကုိယ္တိုင္ အျပင္ကုိထြက္လုိ႔မရဘူး။ အခ်ိဳ႕ေနရာမွာ ကုိယ့္ပါတီက ကပ္ထားတဲ့ဗီႏုိင္းကုိ အျခားပါတီက ယုတ္မာၿပီး ထပ္ကပ္ၾကတယ္။ အခ်ိဳ႕ေနရာေတြမွာ ဗီႏိုင္းေထာင္ဖုိ႔ေတာင္ ခြင့္ျပဳခ်က္မေပးတာ။ ဒါကုိ UECက ေျဖ႐ွင္းေပးသင့္တယ္”လို႔ ရခုိင္အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ အတြင္းေရးမွဴး ဦးမ်ိဳးကေျပာပါတယ္။

ႏူိင္ငံေရးပါတီႀကီးအခ်ိဳ႕ရဲ႔ မဲဆြယ္စည္း႐ုံးေရးေဆာင္ရြက္ရာမွာ ပါတီဝန္းရံသူေတြက ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မ႐ွင္ရဲ႔ ထုတ္ျပန္ခ်က္၊ၫြန္ၾကားခ်က္နဲ႔ က်န္းမာေရးဝန္ႀကီးဌာန ၫြန္ၾကားခ်က္ေတြကို လ်စ္လ်ဴ႐ူကာ စည္းကမ္းမဲေဆာင္ရြက္ေနတဲ့ကိစြေတြကို သက္ဆိုင္ရာအဖြဲ႔အစည္းေတြက အေရးယူေဆာင္ရြက္သင့္တယ္လို႔ ႐ွမ္းတိုင္းရင္းသား
မ်ားအမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(SNLD)မွ တြဲဖက္အတြင္းေရးမွဴး(၁) ဦးစုိင္းေက်ာ္ၫြန္႔ ကေျပာပါတယ္။

“ေရြးေကာက္ပြဲေကာ္မ႐ွင္က ဘက္လုိက္တယ္လုိ႔ျမင္တယ္၊ UNA မိတ္ဖက္ပါတီအခ်ိဳ႕က တင္ျပထားတာလည္း႐ွိတယ္၊ အနီးစပ္ဆုံးေျပာရရင္ ေကာ့မႈးကိစြ၊ ကုိယ္စားလွယ္ကုိ ေဘဘုတ္ေထာင္ခြင့္မျပဳဘူး။ ဒါကုိပဲ ေကာ္မ႐ွင္က ၿငိမ္ေနတယ္။ မီဒီယာေတြဘက္က ေဖာ္ျပတာမ်ားမွသာ စုိက္ခြင့္ေပးတာ၊ ဒါေတာင္ညဳိႏိႈင္းရအုံးမယ္”လို႔ ဦးစိုင္းေက်ာ္ၫြန္႕ကေျပာပါတယ္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မ႐ွင္ရဲ႔ အားနည္ခ်က္မ်ားနဲ႔ တိုင္းရင္းသားေဒသေတြမွာ ျဖစ္ေပၚေနတဲ့တိုက္ပြဲေတြကိုရပ္တန္႔ေပးဖို႔အတြက္ စည္းလုံးညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားမဟာမိတ္(UNA)အဖြဲ႔ဝင္ပါတီ (၁၃)ပါတီ နဲ႔ (UNA)မိတ္ဖတ္အဖြဲ႔အစည္း(၃၀)က ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္ #UNAအဖြဲ႔

Related posts

Leave a Comment

VOM News

FREE
VIEW