ပွင့်ဖြူမြို့နယ်မီးလောင်မှု အသက် ၇၂နှစ်အရွယ်အမျိုးသားတစ်ဦး မီးလောင်သေဆုံး

ပွင့်ဖြူမြို့နယ်မီးလောင်မှု အသက် ၇၂နှစ်အရွယ်အမျိုးသားတစ်ဦး မီးလောင်သေဆုံး

အောက်တိုဘာ ၁၀-၂၀၂၀
ဂျန်ကိုးလ် (VOM)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ စံပြကျေးရွာမှာ ဒီကနေ့မနက်၅နာရီခန့်က နေအိမ်တစ်လုံးမီးလောင်ပြီး အသက် ၇၂နှစ်အရွယ်အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

ထင်းမီးဖိုကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်သေဆုံးသူဟာ အသက်၇၂နှစ်အရွယ် စိတ်ရောဂါဝေဒနာရှင်တဦးဖြစ်တယ်လို့လည်း သိရပါတယ်။

”မနက်၅နာရီ၂မိနစ်ကလောင်တာပါ၊ နေအိမ်တစ်လုံးထဲပါ၊ အကြောင်းကြားလို့ သိသိခြင်း
ဌာနကမီးသတ်ကား၂စီးထွက်ပေမယ့် ကျေးရွာကဝိုင်းဝန်းငြိမ်းသတ်ထားပါတယ်၊ သေတဲ့သူက ဦးလှမောင်အသက်၇၂ဖြစ်တယ်၊ မီးလောင်ဆုံးရှုံးမှုတန်ဘိုး၅၄၀၀၀ခန့်ပါ”လို့ ပွင့်ဖြူမီးသတ်ဦးစီးဌာနမှ တာဝန်ကျအရာရှိတစ်ဦးက ပြောပါတယ်

သေဆုံးသူရဲ့ရုပ်အလောင်းကိုပွင့်ဖြူမြို့ သမ္မာဆန္ဒကရုဏာရှင်များနာရေးကူညီမှုအသင်းကားနဲ့ ပွင့်ဖြူဆေးရုံကိုပို့ဆောင်ကူညီပေးခဲ့ပြီး မီးလောင်မှုအသေးစိတ်ကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ဆက်လက်စစ်ဆေးဆောင်ရွက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Photo – သမ္မာဆန္ဒကရုဏာရှင်များနာကူအသင်း
#voiceofmyanmar #VOM #ပွင့်ဖြူ #မီးလောင်မှု #လူသေဆုံး

Zawgyi

ပြင့္ျဖဴၿမိဳ႕နယ္မီးေလာင္မႈ အသက္ ၇၂ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦး မီးေလာင္ေသဆုံး

ေအာက္တိုဘာ ၁၀-၂၀၂၀
ဂ်န္ကိုးလ္ (VOM)

မေကြးတိုင္း၊ ပြင့္ျဖဴၿမိဳ႕နယ္၊ စံျပေက်း႐ြာမွာ ဒီကေန႔မနက္၅နာရီခန႔္က ေနအိမ္တစ္လုံးမီးေလာင္ၿပီး အသက္ ၇၂ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦး မီးေလာင္ေသဆုံးခဲ့တယ္လို႔ မီးသတ္ဦးစီးဌာနကေန သိရပါတယ္။

ထင္းမီးဖိုကေန မီးစတင္ေလာင္ကြၽမ္းခဲ့တာျဖစ္ၿပီး မီးေလာင္ေသဆုံးသူဟာ အသက္၇၂ႏွစ္အ႐ြယ္ စိတ္ေရာဂါေဝဒနာရွင္တဦးျဖစ္တယ္လို႔လည္း သိရပါတယ္။

”မနက္၅နာရီ၂မိနစ္ကေလာင္တာပါ၊ ေနအိမ္တစ္လုံးထဲပါ၊ အေၾကာင္းၾကားလို႔ သိသိျခင္း
ဌာနကမီးသတ္ကား၂စီးထြက္ေပမယ့္ ေက်း႐ြာကဝိုင္းဝန္းၿငိမ္းသတ္ထားပါတယ္၊ ေသတဲ့သူက ဦးလွေမာင္အသက္၇၂ျဖစ္တယ္၊ မီးေလာင္ဆုံးရႈံးမႈတန္ဘိုး၅၄၀၀၀ခန႔္ပါ”လို႔ ပြင့္ျဖဴမီးသတ္ဦးစီးဌာနမွ တာဝန္က်အရာရွိတစ္ဦးက ေျပာပါတယ္

ေသဆုံးသူရဲ႕႐ုပ္အေလာင္းကိုပြင့္ျဖဴၿမိဳ႕ သမၼာဆႏၵက႐ုဏာရွင္မ်ားနာေရးကူညီမႈအသင္းကားနဲ႔ ပြင့္ျဖဴေဆး႐ုံကိုပို႔ေဆာင္ကူညီေပးခဲ့ၿပီး မီးေလာင္မႈအေသးစိတ္ကို ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕က ဆက္လက္စစ္ေဆးေဆာင္႐ြက္ေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

Photo – သမၼာဆႏၵက႐ုဏာရွင္မ်ားနာကူအသင္း
#voiceofmyanmar #VOM #ပြင့္ျဖဴ #မီးေလာင္မႈ #လူေသဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW