ဗလမင်းထင်တံတားပေါ်ကနေ အမျိုးသမီး ၁ ဦး ခုန်ချ

ဗလမင်းထင်တံတားပေါ်ကနေ အမျိုးသမီး ၁ ဦး ခုန်ချ

မြစ်ကြီးနား ၊ အောက်တိုဘာ ၁၀-၂၀၂၀
ကိုတိုးကြီး (VOM)

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့၊ ဗလမင်းထင် ဧရာဝတီမြစ်ကူးတံတားပေါ်ကနေ အမျိုးသမီး ၁ဦး ခုန်ချပြီး မိမိကိုယ်မိမိ အဆုံးစီရင်သွားတဲ့ ဖြစ်စဉ်တစ်ခု မနေ့ အောက်တိုဘာ ၉ရက်နေ့ မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ ပြောပါတယ်။

” သူ့ကိုယ်သူ အဆုံးစီရင်သွားတဲ့သူက မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာနေတဲ့၊ အသက်(၁၈) နှစ် ဖြစ်တယ်၊ ရုပ်အလောင်းက ပြန်တွေ့ပါပြီ ” လို့ မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲဝန်ထမ်းတစ်ဦးကပြောပါတယ်။

သေဆုံးသူရဲ့ မိသားစုဝင်တွေကို ရဲစခန်းက စစ်ဆေးမေးမြန်းတဲ့အခါ လာမယ့် အောက်တိုဘာ ၁၄ ရက်မှာ သေဆုံးသူအမျိုးသမီးဟာ အသက် (၁၈) နှစ်ပြည့်မှာဖြစ်တဲ့အတွက် မွေးနေ့ပွဲပြုလုပ်ပေးဖို့ သူ့အဖေကိုပြောတဲ့အခါ သူ့အဖေကလည်း ကိုဗစ်ကာလ ဖြစ်နေတာနဲ့ စီးပွားရေး အခက်အခဲတွေကြောင့် ဒီနှစ်မှာ လုပ်မပေးနိုင်ဘဲ လာမယ့်နှစ်ကြမှ လုပ်ပေးမယ်လို့ပြောတာကို စိတ်ထိခိုက်ပြီး အခုလို အဆုံးစီရင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ မြစ်ကြီးနားမြို့မရဲစခန်းက သေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

Photo- မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့
#voiceofmyanmar #VOM #့မစ်ကြီးနား

Zawgyi

ဗလမင္းထင္တံတားေပၚကေန အမ်ိဳးသမီး ၁ ဦး ခုန္ခ်

ျမစ္ႀကီးနား ၊ ေအာက္တိုဘာ ၁၀-၂၀၂၀
ကိုတိုးႀကီး (VOM)

ကခ်င္ျပည္နယ္ ၊ ျမစ္ႀကီးနားၿမိဳ႕၊ ဗလမင္းထင္ ဧရာဝတီျမစ္ကူးတံတားေပၚကေန အမ်ိဳးသမီး ၁ဦး ခုန္ခ်ၿပီး မိမိကိုယ္မိမိ အဆုံးစီရင္သြားတဲ့ ျဖစ္စဥ္တစ္ခု မေန႔ ေအာက္တိုဘာ ၉ရက္ေန႔ မနက္ပိုင္းကျဖစ္ပြားခဲ့တယ္လို႔ ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႕မွဴးရံုးကေန ေျပာပါတယ္။

” သူ႔ကိုယ္သူ အဆုံးစီရင္သြားတဲ့သူက ျမစ္ႀကီးနားၿမိဳ႕၊ ရမ္ပူရပ္ကြက္မွာေနတဲ့၊ အသက္(၁၈) ႏွစ္ ျဖစ္တယ္၊ ႐ုပ္အေလာင္းက ျပန္ေတြ႕ပါၿပီ ” လို႔ ျမစ္ႀကီးနားၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး႐ုံးမွ ရဲဝန္ထမ္းတစ္ဦးကေျပာပါတယ္။

ေသဆုံးသူရဲ႕ မိသားစုဝင္ေတြကို ရဲစခန္းက စစ္ေဆးေမးျမန္းတဲ့အခါ လာမယ့္ ေအာက္တိုဘာ ၁၄ ရက္မွာ ေသဆုံးသူအမ်ိဳးသမီးဟာ အသက္ (၁၈) ႏွစ္ျပည့္မွာျဖစ္တဲ့အတြက္ ေမြးေန႔ပြဲျပဳလုပ္ေပးဖို႔ သူ႔အေဖကိုေျပာတဲ့အခါ သူ႔အေဖကလည္း ကိုဗစ္ကာလ ျဖစ္ေနတာနဲ႔ စီးပြားေရး အခက္အခဲေတြေၾကာင့္ ဒီႏွစ္မွာ လုပ္မေပးႏိုင္ဘဲ လာမယ့္ႏွစ္ၾကမွ လုပ္ေပးမယ္လို႔ေျပာတာကို စိတ္ထိခိုက္ၿပီး အခုလို အဆံုးစီရင္သြားတာျဖစ္တယ္လို႔ သိရပါတယ္။

အဲ့ဒီ ျဖစ္စဥ္နဲ႔ ပတ္သက္လို႔ ျမစ္ႀကီးနားၿမိဳ႕မရဲစခန္းက ေသမႈေသခင္းဖြင့္ၿပီး စစ္ေဆးေနတယ္လို႔ သိရပါတယ္။

Photo- ျမစ္ႀကီးနားၿမိဳ႕နယ္ရဲတပ္ဖြဲ႕
#voiceofmyanmar #VOM #့မစ္ႀကီးနား

Related posts

Leave a Comment

VOM News

FREE
VIEW