နှစ်ပေါင်း ၅၀ ခန့်အတွင်း ကိုကိုးကျွန်းမှာ ပထမအကြိမ် ဆန္ဒပြမှုပြုလုပ်ခဲ့

နှစ်ပေါင်း ၅၀ ခန့်အတွင်း ကိုကိုးကျွန်းမှာ ပထမအကြိမ် ဆန္ဒပြမှုပြုလုပ်ခဲ့

အောက်တိုဘာ ၁၄-၂၀၂၀
ယဉ်ပပထွန်း ( VOM )

ရန်ကုန်ကနေ အောက်တိုဘာ ၁၈ ရက်နေ့ ထွက်ခွာလာမယ့် ရန်ကုန်-ကိုကိုးကျွန်းသင်္ဘောမှာ လူဦးရေ ၇၆ ဦးခန့်လိုက်ပါမှာကို ကိုကိုကျွန်းဒေသခံတွေက လူတွေ မလိုက်လာစေဖို့အတွက် မနေ့ အောက်တိုဘာ ၁၃ရက်နေ့က ဒေသခံ ၅၀ခန့် ဆန္ဒပြမှုပြုလုပ်ခဲ့ကြပါတယ်။

ကိုကိုကျွန်းဒေသမှာ နှစ်ပေါင်း ၅၀ ခန့်အတွင်း ပထမအကြိမ် လူအင်အားနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့လည်း ကိုကိုးကျွန်းမြို့နယ် အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်က VOM ကိုပြောပါတယ် ။

ကိုကိုးကျွန်းကိုရောက်လာမယ့် ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောမှာ လိုက်ပါမယ်လူတွေဟာ ဆိုလာစီမံကိန်းအတွက်လုပ်ကိုင်မယ့် အလုပ်သမား ၊ ဝန်ထမ်းနဲ့ ဒေသခံတွေပါ ပါနေတယ်လို့သိရပါတယ်။

” ကျွန်တော်တို့ဆီမှာက ရောဂါကင်းရှင်းတဲ့နယ်မြေမှာ သင်္ဘောက ခရီးသည်တွေပါလာမယ်ဆိုတော့ ဒေသခံတွေ ရောဂါပါလာမှာ ကြောက်ပြီးတော့ ဆန္ဒပြကျတာဖြစ်ပါတယ်။ ပစ္စည်းတင်လာတာကို ရတယ် ။လူတွေ တင်လာတာကို လက်မခံဘူး ။ ကျွန်တော်တို့က ကျွန်းအာဏပိုင်တွေနဲ့ညှိတယ် အာဏာပိုင်ဘက်ကလည်း အဆင်မပြေမူကြောင့် ဆန္ဒပြတာပါ ” လို့ ကိုကိုးကျွန်းမြို့နယ် အမှတ် ( ၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ကပြောပါတယ်။

ကိုကိုးကျွန်းမှာ အိမ်ခြေ ၂၀၀ ကျော်ရှိနေပြီး လူဦးရေ ၁၀၀၀ ကျော်ခန့်သာရှိနေတဲ့အတွက် နယ်မြကျဉ်းတဲ့အပြင် ဆရာဝန်၊ သူနာပြု တစ်ယောက်ဆီသာရှိနေတာနဲ့ နေရာဒေသမလုံလောက်မူတွေကြောင့် လူတွေမလိုက်စေချင်ဘဲ ပစ္စည်းတွေကိုသာ ပို့စေချင်တာဖြစ်တယ်လို့လည်း သိရပါတယ်။

” ရန်ကုန်ကလူတွေကို ဘယ်သူမှ မလာစေချင်တာ။ ရောဂါကင်းရှင်းတဲ့နေရာဆိုတော့ လွတ်လွတ်လပ်လပ်သွားချင်ပါတယ်။ တစ်ဦးတစ်ယောက်ကပါလာရင် ဒီမှာက နယ်မြေကျဉ်းတယ် ။ ဆရာက တစ်ဦးတည်းရှိတယ် ။ သူနာပြုလည်း တစ်ဦးတည်းရှိတယ် ။ ကျွန်တော်တို့ဒီမှာ မထိန်းချုပ်နိုင်ဘူး ။ ကွာလတင်းစင်တာ ထားမယ်ဆိုရင်လည်း ပြည့်ပြည့်စုံစုံ ထားနိုင်မယ့် အခြေအနေမရှိသေးဘူး။ အစိုးရအဖွဲ့မှာ ဒါတွေကမူတည်နေတယ်။ ကျွန်တော်ကိုယ်တိုင် ဝန်ကြီးချုပ် နဲ့လွှတ်တော်ဥက္ကဋ္ဌကို စာတင်ထားတယ် ။ အစိုးရအဖွဲ့က လက်ရှိ အကြောင်းမပြန်သေးဘူး ။ သင်္ဘောနဲ့လာမယ့် လူတွေကိုလည်း ရန်ကုန်မှာ တစ်ပတ် Q သွင်းထားတယ်လို့သိရတယ် ။ ကျွန်းရောက်ရင်လည်း ၅ ရက်ထားမယ်ဆိုတဲ့ အစီအစဉ်တွေ ရှိနေတယ်လို့တော့ ကြားပါတယ် ” လို့ ဦးအောင်နိုင်ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရဘက်က မဖယ်ဖျက်ဘဲ လူတွေပါလာမယ်ဆိုရင် ဆက်ပြီးဆန္ဒပြမှာဖြစ်ပြီး ကိုကိုးကျွန်းကိုလာမယ့် သင်္ဘောမှာ သင်္ဘောသားကလွဲရင် ဒေသခံတွေပါခဲ့ရင်လည်း ကျွန်းပေါ်ကိုမတတ်စေချင်တာဖြစ်တယ်လို့ သိရပါတယ်။

ကိုကိုကျွန်းဒေသခံတွေဟာ ရောဂါပျောက်သွားတဲ့အချိန်ရောက်မှ လာစေချင်တာဖြစ်ပြီး မနေ့က ကိုကိုးကျွန်းပြုလုပ်ခဲ့တဲ့ ဆန္ဒပြတာကိုလည်း တရားဝင်စာတင်ကာ ခွင့်ပြုချက်နဲ့ပြုလုပ်တာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo – ကိုကိုကျွန်းဒေသခံ
#voiceomyanmar #VOM #ကိုကိုကျွန်း

Related posts

Leave a Comment

VOM News

FREE
VIEW