ဘန်ကောက်မှာ အကြီးအကျယ်ဆန္ဒပြမှုတွေကြောင့် အရေးပေါ်အမိန့် ထိုင်းအစိုးရထုတ်

ဘန်ကောက်မှာ အကြီးအကျယ်ဆန္ဒပြမှုတွေကြောင့် အရေးပေါ်အမိန့် ထိုင်းအစိုးရထုတ်

ဘန်ကောက်၊ အောက်တိုဘာ-၁၅-၂၀၂၀
မျိုးဆက် (VOM)

ထိုင်းနိုင်ငံမှာ လူအများအပြားစုဝေးတာတွေအပါအဝင် မြို့တော်ဘန်ကောက်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို ရပ်တန့်ဖို့အတွက် အရေးပေါ်အမိန့်တစ်ရပ်ကို ထိုင်းအစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့အတွက် အရေးပေါ်အစီအမံတွေ လိုအပ်တာကြောင့် ဒီအမိန့်ကိုထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ရုပ်မြင်သံကြားကနေထုတ်ပြန်တဲ့ အမိန့်မှာ ရဲတပ်ဖွဲ့ကဖတ်ကြားခဲ့ပါတယ်။

ဒီနေ့မနက်အစောပိုင်းမှာတော့ ရဲတပ်ဖွဲ့ဟာ ဆန္ဒပြတဲ့ အဓိကခေါင်းဆောင်သုံးဦးအပါအဝင် တက်ကြွလှုပ်ရှားသူအချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ကျောင်းသားတွေဦးဆောင်တဲ့ ဒီမိုကရေစီလှုပ်ရှားမှု ဆန္ဒပြပွဲတွေမှာ ထိုင်းဝန်ကြီးချုပ်နှုတ်ထွက်ရေးနဲ့ ထိုင်းဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးတို့ကို တောင်းဆိုနေကြပါတယ်။

အရေးပေါ်အမိန့်ဟာ ဒီနေ့ညနေ ၄ နာရီအချိန်မှာ စတင်သက်ဝင်မှာဖြစ်ပါတယ်။ ဆန္ဒပြသူ ၂၀ ဦးကိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့ကပြောကြားထားပြီး ဖမ်းဆီးထားသူတွေရဲ့ အမည်တွေကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

လက်ရှိဆန္ဒပြမှုတွေဟာ စစ်တပ်အကြီးအကဲဟောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အာဏာရလာပြီး နောက်ပိုင်း အကြီးမားဆုံးလူထုလှုပ်ရှားမှုအဖြစ် သတ်မှတ်နိုင်ပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW