ကယားပြည်နယ်ရဲ့ ပထမဦးဆုံး ကိုဗစ်ပိုးတွေ့လူနာဟာ အထက်တန်းသူနာပြုတစ်ဦးဖြစ်နေ

ကယားပြည်နယ်ရဲ့ ပထမဦးဆုံး ကိုဗစ်ပိုးတွေ့လူနာဟာ အထက်တန်းသူနာပြုတစ်ဦးဖြစ်နေ

အောက်တိုဘာ ၁၆-၂၀၂၀
ကောင်းလက်ျာ(VOM)

ကိုဗစ်ဒုတိယလှိုင်းကာလ ကယားပြည်နယ်ရဲ့ ပထမဆုံး Covid-19 ပိုးတွေ့လူနာဟာ ရန်ကုန်မှာ သင်တန်းတက်ပြီး ပြန်လာတဲ့ ကျန်းမာရေးဦးစီးဌာနက အထက်တန်းသူနာပြုတစ်ဦးဖြစ်တယ်လို့ လွိုင်ကော်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းနေဝင်း
က ပြောပါတယ်။

” သူက ရန်ကုန်မှာ နှား၊ နှာခေါင်း၊ လည်‌ချောင်းနဲ့ပတ်သက်တဲ့ သင်တန်းသွားတက်ပြီး ပြန်လာတာပါ။ ချက်ခြင်းကွာရန်တင်းဝင်ခဲ့တာဖြစ်ပြီး အပြန်ကြိုခဲ့တဲ့ ပရဟိတကားသမားနှစ်ဦးလည်း တို့ဖတ်နမူနာယူစစ်ဆေးဖို့လုပ်နေတယ်”လို့ ဒေါက်တာထွန်းနေဝင်းကပြောပါတယ်။

အသက် ၃၀ ကျော်အရွယ် အထက်တန်းသူနာပြု အမျိုးသမီးဟာ အခုလ ၅ ရက်နေ့မှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန‌ကနေဖွင့်လှစ်တဲ့ သင်တန်းတက်ပြီး လွိုင်ကော်ကို ပြန်လည်ရောက်ရှိခဲ့တဲ့အတွက် ကွာရန်တင်းစခန်းမှာထားရှိပြီး နှာခေါင်းနဲ့အာခေါင်တို့ပတ်နမူနာ စစ်ဆေးခဲ့ရာ အောက်တိုဘာ ၁၅ ရက်နေ့ည ၈နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါပိုးစစ်ဆေး‌တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ သူနာပြုအမျိုးသမီးဟာ ရန်ကုန်ကနေ စင်းလုံးငှားယာဉ်နဲ့ပြန်လာခဲ့တာဖြစ်ပြီး ဝါရီကောခူဂိတ်ကတစ်ဆင့် ရွှေလွိုင်ကော် ပရဟိတကားနဲ့ လွိုင်ကော်မြို့ ပညာရေးကောလိပ် Quarantineစင်တာကို တိုက်ရိုက်ဝင်ရောက်ကာ စောင့်ကြည့်မှုခံယူခဲ့တာဖြစ်တယ်လို့ကယားပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

လူနာရဲ့လက်ရှိကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်ကို ပြောင်းရွှေ့ကာ စောင့်ကြပ်ကြည့်ရှုကုသပေးနေတယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။

Photo – ကယားပြည်နယ်အစိုးရအဖွဲ့ရုံး
#voiceomyanmar #VOM #ကယား #ကိုဗစ် #ပထမဆုံးပိုးတွေ့လူနာ

Zawgyi

ကယားျပည္နယ္ရဲ႕ ပထမဦးဆုံး ကိုဗစ္ပိုးေတြ႕လူနာဟာ အထက္တန္းသူနာျပဳတစ္ဦးျဖစ္ေန

ေအာက္တိုဘာ ၁၆-၂၀၂၀
ေကာင္းလက္်ာ(VOM)

ကိုဗစ္ဒုတိယလႈိင္းကာလ ကယားျပည္နယ္ရဲ႕ ပထမဆုံး Covid-19 ပိုးေတြ႕လူနာဟာ ရန္ကုန္မွာ သင္တန္းတက္ၿပီး ျပန္လာတဲ့ က်န္းမာေရးဦးစီးဌာနက အထက္တန္းသူနာျပဳတစ္ဦးျဖစ္တယ္လို႔ လြိဳင္ေကာ္ၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးမႉး ေဒါက္တာထြန္းေနဝင္း
က ေျပာပါတယ္။

” သူက ရန္ကုန္မွာ ႏွား၊ ႏွာေခါင္း၊ လည္‌ေခ်ာင္းနဲ႔ပတ္သက္တဲ့ သင္တန္းသြားတက္ၿပီး ျပန္လာတာပါ။ ခ်က္ျခင္းကြာရန္တင္းဝင္ခဲ့တာျဖစ္ၿပီး အျပန္ႀကိဳခဲ့တဲ့ ပရဟိတကားသမားႏွစ္ဦးလည္း တို႔ဖတ္နမူနာယူစစ္ေဆးဖို႔လုပ္ေနတယ္”လို႔ ေဒါက္တာထြန္းေနဝင္းကေျပာပါတယ္။

အသက္ ၃၀ ေက်ာ္အ႐ြယ္ အထက္တန္းသူနာျပဳ အမ်ိဳးသမီးဟာ အခုလ ၅ ရက္ေန႔မွာ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန‌ကေနဖြင့္လွစ္တဲ့ သင္တန္းတက္ၿပီး လြိဳင္ေကာ္္ကို ျပန္လည္ေရာက္ရွိခဲ့တဲ့အတြက္ ကြာရန္တင္းစခန္းမွာထားရွ္ိၿပီး ႏွာေခါင္းနဲ႔အာေခါင္တို႔ပတ္နမူနာ စစ္ေဆးခဲ့ရာ ေအာက္တိုဘာ ၁၅ ရက္ေန႔ည ၈နာရီ ထုတ္ျပန္ခ်က္အရ ကိုဗစ္ေရာဂါပိုးစစ္ေဆး‌ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

အဲ့ဒီ သူနာျပဳအမ်ိဳးသမီးဟာ ရန္ကုန္ကေန စင္းလုံးငွားယာဥ္နဲ႔ျပန္လာခဲ့တာျဖစ္ၿပီး ဝါရီေကာခူဂိတ္ကတစ္ဆင့္ ေ႐ႊလြိဳင္ေကာ္ ပရဟိတကားနဲ႔ လြိဳင္ေကာ္ၿမိဳ႕ ပညာေရးေကာလိပ္ Quarantineစင္တာကို တိုက္႐ိုက္ဝင္ေရာက္ကာ ေစာင့္ၾကည့္မႈခံယူခဲ့တာျဖစ္တယ္လို႔ကယားျပည္နယ္အစိုးရအဖြဲ႕က ထုတ္ျပန္ထားပါတယ္။

လူနာရဲ႕လက္ရွိက်န္းမာေရးအေျခအေနမွာ ေကာင္းမြန္လ်က္ရွိၿပီး လြိဳင္ေကာ္ျပည္သူ႔ေဆး႐ုံႀကီး သီးသန႔္ေဆာင္ကို ေျပာင္းေ႐ႊ႕ကာ ေစာင့္ၾကပ္ၾကည့္ရႈကုသေပးေနတယ္လို႔ ကယားျပည္နယ္အစိုးရအဖြဲ႔ကေန သိရပါတယ္။

Photo – ကယားျပည္နယ္အစိုးရအဖြဲ႔ရံုး
#voiceomyanmar #VOM #ကယား #ကိုဗစ္ #ပထမဆံုးပိုးေတြ႕လူနာ

Related posts

Leave a Comment

VOM News

FREE
VIEW