ဦးကျော်မြင့်က အပြစ်မရှိကြောင်း တရားရုံးမှာငြင်းချက်ထွက်ဆို

ဦးကျော်မြင့်က အပြစ်မရှိကြောင်း တရားရုံးမှာငြင်းချက်ထွက်ဆို

အောက်တိုဘာ ၂၀-၂၀၂၀
ဟိန်းကို(VOM)
ဓာတ်ပုံ- ညီသစ်(VOM)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် ဖျက်သိမ်းလိုက်တဲ့ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ဒီကနေ့မနက်ပိုင်းကနေ ညနေပိုင်းအထိ ရုံးထုတ်စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။

ရုံးထုတ်စစ်ဆေးရာမှာ အတည်ပြုရရှိတဲ့ လိုပြသက်သေ ၅ဦးကို စစ်ဆေးခဲ့ပြီး တရားရုံးကနေ ဦးကျော်မြင့်ကို ပုဒ်မ-၂၂၄အရ စွဲချက်တင်ကာ အပြစ်ရှိမရှိ မေးမြန်းရာမှာတော့ အပြစ်မရှိဘူးလို့ ဦးကျော်မြင့်က ငြင်းချက်ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့တရားရုံးအနေနဲ့ ဦးကျော်မြင့်သည် မန္တလေးအကျဉ်းထောင်ကနေပြီးတော့ ဆေးရုံတက်နေစဉ်မှာ မန္တလေးဆေးရုံကြီး ဖျားနာဆောင် ၃ကနေ ထွက်ပြေးလွှတ်မြောက်သွားကြောင်း ပေါ်ပေါက်တဲ့အချက်အလက်တွေရှိတဲ့အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၂၄ ကျွန်တော်တိုစွဲချက်တင်ခဲ့ပါတယ်။ စွဲချက်တင်ပြီးတော့ အပြစ်ရှိ၊မရှိ မေးမြန်းပါတယ်၊ မေးမြန်းတဲ့အခါ ဦးကျော်မြင့်ကနေ အပြစ်မရှိကြောင်း ငြင်းဆိုထုချေခဲ့ပါတယ်”လို့ ချမ်းအေးသာစံမြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်းကပြောပါတယ်။

အဲ့ဒီလိုအပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပြီး ပြန်ခေါ်သက်သေမရှိတဲ့အတွက် ဦးကျော်မြင့်ရဲ့ရှေ့နေက ကျန်ရှိနေတဲ့သက်သေတွေကို ပယ်ထားမယ်လို့တင်ပြတာကြောင့် သက်သေ ၉ဦးထဲက ၄ဦးကိုပယ်ချခဲ့ကာ နောက်တပတ်ရုံးချိန်းမှာ အမှုကိုစတင်စစ်ဆေးသွားမှာဖြစ်ပါတယ်။

ဒီကနေ့စစ်ဆေးတဲ့ လိုပြသက်သေ ၅ ဦးကတော့ အခုလက်ရှိ အိုးဘိုအကျဉ်းထောင် ဒု-ကြီးကြပ်ရေးမှူး ဦးစည်သူမြင့်တင်၊ အခုလက်ရှိ အမှတ်(၈)စခန်းမှူး ဒု-ရဲမှူး အောင်မင်းမင်းသူ၊ ထောင်မှူးဟောင်းဖြစ်သူ အခုလက်ရှိ သာသနာ့ဘောင်ဝင်နေတဲ့ ဦးဣန္ဒြောဘာသ(ခေါ်) ဦးအေးချမ်း ၊ ဦးကျော်မြင့်ထွက်ပြေးစဉ်က လုံခြုံရေးတာဝန်ယူခဲ့တဲ့ ရဲတပ်သား ဦးအောင်မင်းကြည်၊ ဦးကျော်ခိုင်ဆိုသူကိုစစ်ဆေးခဲ့ပြီး နောက်တပတ် အောက်တိုဘာ ၂၃ ရက်နေ့ ရုံးချိန်းမှာ အမှုကို စတင်စစ်ဆေးဖို့ စွဲချက်တင်အမိန့်ချခဲ့တာဖြစ်ပါတယ်။

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ၁၂၊ ပုဒ်မခွဲ(ခ)အရ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်လိုက်တဲ့အပြင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ၊ နည်းဥပဒေ၂၇အရ ပါတီကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ အောက်တိုဘာ ၁၇ရက်နေ့ ညပိုင်းက ကြေငြာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ဦးကျော်မြင့်ကို ရုံးထုတ်ရာမှာတော့ PPEဝတ်စုံဝတ်ပြီး ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဦးကျော်မြင့်ဟာ ၁၉၉၉ခုနှစ်၊ ဇန်နဝါရီ ၁၉ရက်က အိုးဘိုထောင်မှာ အကျဉ်းကျနေတုန်း အကျဉ်းထောင်ပြင်ပ ဆေးကုသခွင့်ရတဲ့အချိန်မှာ ထွက်ပြေးခဲ့တဲ့အတွက် ထောင်ပြေးမှုပုဒ်မ- ၂၂၄နဲ့ ၂၀၂၀ခုနှစ် စက်တင်ဘာ ၂၉ရက် ညပိုင်းမှာ နေပြည်တော်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ဦးကျော်မြင့်

Zawgyi

ဦးေက်ာ္ျမင့္က အျပစ္မရွိေၾကာင္း တရား႐ုံးမွာျငင္းခ်က္ထြက္ဆို

ေအာက္တိုဘာ ၂၀-၂၀၂၀
ဟိန္းကို(VOM)
ဓာတ္ပုံ- ညီသစ္(VOM)

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ႏိုင္ငံေရးပါတီအျဖစ္ ဖ်က္သိမ္းလိုက္တဲ့ ႏွင္းဆီပါတီဥကၠ႒ ဦးေက်ာ္ျမင့္ကို မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္တရား႐ုံးမွာ ဒီကေန႔မနက္ပိုင္းကေန ညေနပိုင္းအထိ ႐ုံးထုတ္စစ္ေဆးမႈ ျပဳလုပ္ခဲ့ပါတယ္။

႐ုံးထုတ္စစ္ေဆးရာမွာ အတည္ျပဳရရွိတဲ့ လိုျပသက္ေသ ၅ဦးကို စစ္ေဆးခဲ့ၿပီး တရား႐ုံးကေန ဦးေက်ာ္ျမင့္ကို ပုဒ္မ-၂၂၄အရ စြဲခ်က္တင္ကာ အျပစ္ရွိမရွိ ေမးျမန္းရာမွာေတာ့ အျပစ္မရွိဘူးလို႔ ဦးေက်ာ္ျမင့္က ျငင္းခ်က္ထြက္ဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔တရား႐ုံးအေနနဲ႔ ဦးေက်ာ္ျမင့္သည္ မႏၲေလးအက်ဥ္းေထာင္ကေနၿပီးေတာ့ ေဆး႐ုံတက္ေနစဥ္မွာ မႏၲေလးေဆး႐ုံႀကီး ဖ်ားနာေဆာင္ ၃ကေန ထြက္ေျပးလႊတ္ေျမာက္သြားေၾကာင္း ေပၚေပါက္တဲ့အခ်က္အလက္ေတြရွိတဲ့အတြက္ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၂၂၄ ကြၽန္ေတာ္တိုစြဲခ်က္တင္ခဲ့ပါတယ္။ စြဲခ်က္တင္ၿပီးေတာ့ အျပစ္ရွိ၊မရွိ ေမးျမန္းပါတယ္၊ ေမးျမန္းတဲ့အခါ ဦးေက်ာ္ျမင့္ကေန အျပစ္မရွိေၾကာင္း ျငင္းဆိုထုေခ်ခဲ့ပါတယ္”လို႔ ခ်မ္းေအးသာစံၿမိဳ႕နယ္တရား႐ုံး ျပန္ၾကားေရးအရာရွိ ဦးေက်ာ္မ်ိဳးဝင္းကေျပာပါတယ္။

အဲ့ဒီလိုအျပစ္မရွိေၾကာင္း ျငင္းဆိုခဲ့ၿပီး ျပန္ေခၚသက္ေသမရွိတဲ့အတြက္ ဦးေက်ာ္ျမင့္ရဲ႕ေရွ႕ေနက က်န္ရွိေနတဲ့သက္ေသေတြကို ပယ္ထားမယ္လို႔တင္ျပတာေၾကာင့္ သက္ေသ ၉ဦးထဲက ၄ဦးကိုပယ္ခ်ခဲ့ကာ ေနာက္တပတ္႐ုံးခ်ိန္းမွာ အမႈကိုစတင္စစ္ေဆးသြားမွာျဖစ္ပါတယ္။

ဒီကေန႔စစ္ေဆးတဲ့ လိုျပသက္ေသ ၅ ဦးကေတာ့ အခုလက္ရွိ အိုးဘိုအက်ဥ္းေထာင္ ဒု-ႀကီးၾကပ္ေရးမႉး ဦးစည္သူျမင့္တင္၊ အခုလက္ရွိ အမွတ္(၈)စခန္းမႉး ဒု-ရဲမႉး ေအာင္မင္းမင္းသူ၊ ေထာင္မႉးေဟာင္းျဖစ္သူ အခုလက္ရွိ သာသနာ့ေဘာင္ဝင္ေနတဲ့ ဦးဣေျႏၵာဘာသ(ေခၚ) ဦးေအးခ်မ္း ၊ ဦးေက်ာ္ျမင့္ထြက္ေျပးစဥ္က လုံၿခဳံေရးတာဝန္ယူခဲ့တဲ့ ရဲတပ္သား ဦးေအာင္မင္းၾကည္၊ ဦးေက်ာ္ခိုင္ဆိုသူကိုစစ္ေဆးခဲ့ၿပီး ေနာက္တပတ္ ေအာက္တိုဘာ ၂၃ ရက္ေန႔ ႐ုံးခ်ိန္းမွာ အမႈကို စတင္စစ္ေဆးဖို႔ စြဲခ်က္တင္အမိန႔္ခ်ခဲ့တာျဖစ္ပါတယ္။

ညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီ(UDP)ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္း ဥပေဒ ပုဒ္မ၁၂၊ ပုဒ္မခြဲ(ခ)အရ ႏိုင္ငံေရးပါတီအျဖစ္မွတ္ပုံတင္ထားျခင္းကေန ပယ္ဖ်က္လိုက္တဲ့အျပင္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းနည္းဥပေဒမ်ား၊ နည္းဥပေဒ၂၇အရ ပါတီကိုလည္း ဖ်က္သိမ္းလိုက္တယ္လို႔ ေအာက္တိုဘာ ၁၇ရက္ေန႔ ညပိုင္းက ေၾကျငာခ်က္ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

ဒီကေန႔ ဦးေက်ာ္ျမင့္ကို ႐ုံးထုတ္ရာမွာေတာ့ PPEဝတ္စုံဝတ္ၿပီး ႐ုံးထုတ္စစ္ေဆးခဲ့တာျဖစ္ပါတယ္။

ဦးေက်ာ္ျမင့္ဟာ ၁၉၉၉ခုႏွစ္၊ ဇန္နဝါရီ ၁၉ရက္က အိုးဘိုေထာင္မွာ အက်ဥ္းက်ေနတုန္း အက်ဥ္းေထာင္ျပင္ပ ေဆးကုသခြင့္ရတဲ့အခ်ိန္မွာ ထြက္ေျပးခဲ့တဲ့အတြက္ ေထာင္ေျပးမႈပုဒ္မ- ၂၂၄နဲ႔ ၂၀၂၀ခုႏွစ္ စက္တင္ဘာ ၂၉ရက္ ညပိုင္းမွာ ေနျပည္ေတာ္ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #မႏၲေလး #ဦးေက်ာ္ျမင့္

Related posts

Leave a Comment

VOM News

FREE
VIEW