ဝေါမြို့မှာ NLDပါတီအောင်နိုင်ရေး ဂီတဖျော်ဖြေမှုပြုလုပ်တဲ့အပေါ် ဝေဖန်မှုတွေထွက်ပေါ်

ဝေါမြို့မှာ NLDပါတီအောင်နိုင်ရေး ဂီတဖျော်ဖြေမှုပြုလုပ်တဲ့အပေါ် ဝေဖန်မှုတွေထွက်ပေါ်

အောက်တိုဘာ၂၁-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ဝေါမြို့နယ်ထဲမှာ ကိုဗစ်ဒုတိယလှိုင်း ရောဂါကူးစက်မှုမြင့်တက်နေချိန် မနေ့ အောက်တိုဘာ၂၀ ရက်နေ့ညပိုင်းက NLDပါတီ အောင်နိုင်ရေးအတွက် ဂီတဖျော်ဖြေမှု ပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး ဒေသခံအချို့နဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်မှုတွေရှိနေတယ်လို့ သိရပါတယ်။

” ကျွန်တော်ကိုယ်တိုင်NLD ပါတီကိုအားပေးသူပါ။ မ‌နေ့ညမှာ ပြည်သူ‌တွေ စိတ်အပန်းပြေဖို့ ဟော်လို‌ဂစ်တာလောက်နဲ့ ဖျော်ဖြေမှုလုပ်ဖို့ကျ ထွေအုပ်က ည ၆ နာရီလောက်မှ မလုပ်ဖို့တားတယ်။ အခုလို သူတို့ ဖျော်ဖြေမှုကိုတော့ ခွင့်ပြုထားသလိုဖြစ်တော့ စိတ်ထဲခံစားရပါတယ်” လို့ ကိုဗစ်ကာလ ပြည်သူ့ကိုဂီတနဲ့ဖျော်‌ဖြေခွင့်ပြုဖို့ အသိပေးတောင်းခံခဲ့သူ ဦးဇာနည်ကပြောပါတယ်။

မနေ့ညပိုင်းက NLD ပါတီတံဆိပ်အမှတ်သားပါ ဖျော်ဖြေရေးယာဉ်တစ်စီးနဲ့ ဝေါမြို့ပေါ်လှည့်လည်ဖြေဖျော်မှုတွေပြုလုပ်ခဲ့ပြီး လူစုလူဝေး ရာဂဏန်းခန့်ကြည့်ရှူနေကြတဲ့ ဓါတ်ပုံမှတ်တမ်းတွေ လူမှုကွန်ရက်စာမျက်နှာပေါ်တက်လာခဲ့ပြီးနောက်ပိုင်း ထောက်ခံသူ၊ ဝေဖန်သူ၊ မှတ်ချက်ပြုသူနဲ့ပြန်လည်မျှဝေတာတွေ ထောင်နဲ့ချီရှိခဲ့တာလည်း ဖြစ်ပါတယ်။

” ကျွန်‌မတို့ မဲဆွယ်စည်းရုံးရေးကိစ္စတွေလည်း ၁၃ ရက်နေ့ကတည်းက ရပ်ထားပါတယ်။ ဒီလှည့်လည်ဖျော်ဖြေမှုဟာ ပါတီအောင်နိုင်ရေးကော်မတီခွင့်ပြုချက်လည်း မရှိသလို ကျွန်မတို့လုပ်တာ လုံးဝမဟုတ်ဘူးလို့ပြောချင်ပါတယ်”လို့ဝေါမြို့နယ် တိုင်‌းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်ကပြောပါတယ်။

ဝေါမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာများပြားနေချိန် လူစုလူဝေးနဲ့လုပ်တဲ့ကိစ္စတွေကို မပြုစေချင်ဘူးလို့လည်း ဝေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူ‌း ဒေါက်တာ မောင်မောင်ချစ်က သတိ‌ပေးပြောဆိုပါတယ်။

အောက်တိုဘာ၂၀ ရက်နေ့ ထုတ်ပြန်မှုတွေအရ ဝေါမြို့နယ် ကွာရန်တင်းစင်တာတွေမှာ အသွားအလာစောင့်ကြည့်နေသူထဲက ကိုဗစ်ပိုးတွေ့သူ ၁၅ ဦးရှိနေတဲ့အပြင် ကိုဗစ်ကာလ ဝေါ‌မြို့နယ်တွင်း ကူးစက်သူဦးရေ ၇၅ ယောက်ရှိနေပြီ ဖြစ်တယ်လို့ပဲခူးတိုင်း ကျန်းမာရေးဦးစီးဌာနရဲ့ အချက်လက်တွေအရ သိရပါတယ်။

တိုင်းနဲ့ပြည်နယ် ၁၄ ခုနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေအနက် ပဲခူးတိုင်းက Covid-19 ပိုးတွေ့လူနာဦးရေ တတိယအများဆုံးဖြစ်နေတဲ့အတွက် အထူးဂရုပြုဖို့ အောက်တိုဘာ၂၀ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သတိပေးတာတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

Photo – ဘုန်းသော်
#voiceofmyanmar #VOM #ဝေါမြို့

Zawgyi

ေဝါၿမိဳ႔မွာ NLDပါတီေအာင္ႏိုင္ေရး ဂီတေဖ်ာ္ေျဖမႈျပဳလုပ္တဲ့အေပၚ ေဝဖန္မႈေတြထြက္ေပၚ

ေအာက္တိုဘာ၂၁-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္း၊ ေဝါၿမိဳ႕နယ္ထဲမွာ ကိုဗစ္ဒုတိယလႈိင္း ေရာဂါကူးစက္မႈျမင့္တက္ေနခ်ိန္ မေန႔ ေအာက္တိုဘာ၂၀ ရက္ေန႔ညပိုင္းက NLDပါတီ ေအာင္ႏိုင္ေရးအတြက္ ဂီတေဖ်ာ္ေျဖမႈ ျပဳလုပ္ခဲ့တာနဲ႔ပတ္သက္ၿပီး ေဒသခံအခ်ိဳ႕နဲ႔ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဝဖန္မႈေတြရွိေနတယ္လို႔ သိရပါတယ္။

” ကြၽန္ေတာ္ကိုယ္တိုင္NLD ပါတီကိုအားေပးသူပါ။ မ‌ေန႔ညမွာ ျပည္သူ‌ေတြ စိတ္အပန္းေျပဖို႔ ေဟာ္လို‌ဂစ္တာေလာက္နဲ႔ ေဖ်ာ္ေျဖမႈလုပ္ဖို႔က် ေထြအုပ္က ည ၆ နာရီေလာက္မွ မလုပ္ဖို႔တားတယ္။ အခုလို သူတို႔ ေဖ်ာ္ေျဖမႈကိုေတာ့ ခြင့္ျပဳထားသလိုျဖစ္ေတာ့ စိတ္ထဲခံစားရပါတယ္” လို႔ ကိုဗစ္ကာလ ျပည္သူ႔ကိုဂီတနဲ႔ေဖ်ာ္‌ေျဖခြင့္ျပဳဖို႔ အသိေပးေတာင္းခံခဲ့သူ ဦးဇာနည္ကေျပာပါတယ္။

မေန႔ညပိုင္းက NLD ပါတီတံဆိပ္အမွတ္သားပါ ေဖ်ာ္ေျဖေရးယာဥ္တစ္စီးနဲ႔ ေဝါၿမိဳ႕ေပၚလွည့္လည္ေျဖေဖ်ာ္မႈေတြျပဳလုပ္ခဲ့ၿပီး လူစုလူေဝး ရာဂဏန္းခန႔္ၾကည့္ရႉေနၾကတဲ့ ဓါတ္ပုံမွတ္တမ္းေတြ လူမႈကြန္ရက္စာမ်က္ႏွာေပၚတက္လာခဲ့ၿပီးေနာက္ပိုင္း ေထာက္ခံသူ၊ ေဝဖန္သူ၊ မွတ္ခ်က္ျပဳသူနဲ႔ျပန္လည္မွ်ေဝတာေတြ ေထာင္နဲ႔ခ်ီရွိခဲ့တာလည္း ျဖစ္ပါတယ္။

” ကြၽန္‌မတို႔ မဲဆြယ္စည္း႐ုံးေရးကိစၥေတြလည္း ၁၃ ရက္ေန႔ကတည္းက ရပ္ထားပါတယ္။ ဒီလွည့္လည္ေဖ်ာ္ေျဖမႈဟာ ပါတီေအာင္ႏိုင္ေရးေကာ္မတီခြင့္ျပဳခ်က္လည္း မရွိသလို ကြၽန္မတို႔လုပ္တာ လုံးဝမဟုတ္ဘူးလို႔ေျပာခ်င္ပါတယ္”လို ႔ေဝါၿမိဳ႕နယ္ တိုင္‌းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚရီရီထိုက္ကေျပာပါတယ္။

ေဝါၿမိဳ႕နယ္အတြင္း ကိုဗစ္ပိုးေတြ႕လူနာမ်ားျပားေနခ်ိန္ လူစုလူေဝးနဲ႔လုပ္တဲ့ကိစၥေတြကို မျပဳေစခ်င္ဘူးလို႔လည္း ေဝါၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဦးစီးမႉ‌း ေဒါက္တာ ေမာင္ေမာင္ခ်စ္က သတိ‌ေပးေျပာဆိုပါတယ္။

ေအာက္တိုဘာ၂၀ ရက္ေန႔ ထုတ္ျပန္မႈေတြအရ ေဝါၿမိဳ႕နယ္ ကြာရန္တင္းစင္တာေတြမွာ အသြားအလာေစာင့္ၾကည့္ေနသူထဲက ကိုဗစ္ပိုးေတြ႕သူ ၁၅ ဦးရွိေနတဲ့အျပင္ ကိုဗစ္ကာလ ေဝါ‌ၿမိဳ႕နယ္တြင္း ကူးစက္သူဦးေရ ၇၅ ေယာက္ရွိေနၿပီ ျဖစ္တယ္လို႔ပဲခူးတိုင္း က်န္းမာေရးဦးစီးဌာနရဲ႕ အခ်က္လက္ေတြအရ သိရပါတယ္။

တိုင္းနဲ႔ျပည္နယ္ ၁၄ ခုနဲ႔ ေနျပည္ေတာ္ေကာင္စီနယ္ေျမေတြအနက္ ပဲခူးတိုင္းက Covid-19 ပိုးေတြ႕လူနာဦးေရ တတိယအမ်ားဆုံးျဖစ္ေနတဲ့အတြက္ အထူးဂ႐ုျပဳဖို႔ ေအာက္တိုဘာ၂၀ ရက္ေန႔က ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ သတိေပးတာေတြလည္း ျပဳလုပ္ခဲ့ပါေသးတယ္။

Photo – ဘုန္းေသာ္
#voiceofmyanmar #VOM #ေဝါၿမိဳ႔

Related posts

Leave a Comment

VOM News

FREE
VIEW