အမရပူရတရားရုံးက ဗကသကျောင်းသား ၂ ဦးကို ထောင်ဒဏ် ၁ နှစ်ချ

အမရပူရတရားရုံးက ဗကသကျောင်းသား ၂ ဦးကို ထောင်ဒဏ် ၁ နှစ်ချ

အောက်တိုဘာ ၂၁ – ၂၀၂၀
လင်းခိုင်(VOM)

ဗကသများအဖွဲ့ချုပ်က ကိုစိုးလှနိုင်နဲ့ ကိုကျော်သီဟရဲကျော်တို့ ၂ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ – ၅၀၅(က)/၅၀၅(ခ)နဲ့ တရားစွဲထားတဲ့အမှုကို ဒီကနေ့မနက်ပိုင်း အမရပူရမြို့နယ်တရားရုံးကနေ ထောင်ဒဏ် (၁)နှစ် ချမှတ်ခဲ့ပါတယ်။

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်ရှေ့မှာ ရခိုင်ပြည်နယ်အရေးနဲ့ တပ်မတော်ဆန့်ကျင်ကြောင်းစာသားပါတဲ့ စတစ်ကာကမ်ပိန်းပြုလုပ်ခဲ့တဲ့အမှုကို ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး ပုဒ်မ-၅၀၅(က)(ခ)အမှုနှစ်ခုအတွက်တပေါင်းတည်း ထောင်ဒဏ် ၁နှစ် ကျခံစေဖို့ အမိန့်ချခဲ့တာဖြစ်ပါတယ်။

ကိုစိုးလှနိုင်နဲ့ ကိုကျော်သီဟရဲကျော်တို့ ၂ဦးကို မဟာအောင်မြေမြို့နယ်တရားရုံးကနေ ပုဒ်မ-၅၀၅(က)(ခ)နဲ့ ထောင်ဒဏ် ၂နှစ်၊ ချမ်အေးသာစံမြို့နယ်တရားရုံးက ထောင်ဒဏ် ၁နှစ်၊ အောင်မြေသာစံမြို့နယ်တရားရုံးက ထောင်ဒဏ် ၂နှစ် ချမှတ်ထားတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးဈေးချိုရှေ့မှာ ရခိုင်အရေးလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ဗကသကျောင်းသား (၁၃)ဦးထဲက ကျောင်းသား(၈)ဦးကိုလည်း ရဲတပ်ဖွဲ့ကနေ ငြိမ်းစုစီပုဒ်မ-၁၉၊ နိုင်ငံတာ်အကြည်ညိုပျက်စေမှုပုဒ်မ -၅၀၅(က)(ခ)တို့နဲ့ တရားစွဲဆို ဖမ်းဆီးထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ဗကသကျောင်းသား၂ဦး #ထောင်၁နှစ်ကျ

Zawgyi

အမရပူရတရား႐ုံးက ဗကသေက်ာင္းသား ၂ ဦးကို ေထာင္ဒဏ္ ၁ ႏွစ္ခ်

ေအာက္တိုဘာ ၂၁ – ၂၀၂၀
လင္းခိုင္(VOM)

ဗကသမ်ားအဖြဲ႕ခ်ဳပ္က ကိုစိုးလွႏိုင္နဲ႔ ကိုေက်ာ္သီဟရဲေက်ာ္တို႔ ၂ ဦးကို ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ – ၅၀၅(က)/၅၀၅(ခ)နဲ႔ တရားစြဲထားတဲ့အမႈကို ဒီကေန႔မနက္ပိုင္း အမရပူရၿမိဳ႕နယ္တရား႐ုံးကေန ေထာင္ဒဏ္ (၁)ႏွစ္ ခ်မွတ္ခဲ့ပါတယ္။

မႏၲေလးၿမိဳ႕၊ အမရပူရၿမိဳ႕နယ္၊ ရတနာပုံတကၠသိုလ္ေရွ႕မွာ ရခိုင္ျပည္နယ္အေရးနဲ႔ တပ္မေတာ္ဆန႔္က်င္ေၾကာင္းစာသားပါတဲ့ စတစ္ကာကမ္ပိန္းျပဳလုပ္ခဲ့တဲ့အမႈကို ႐ုံးထုတ္စစ္ေဆးခဲ့တာျဖစ္ၿပီး ပုဒ္မ-၅၀၅(က)(ခ)အမႈႏွစ္ခုအတြက္တေပါင္းတည္း ေထာင္ဒဏ္ ၁ႏွစ္ က်ခံေစဖို႔ အမိန႔္ခ်ခဲ့တာျဖစ္ပါတယ္။

ကိုစိုးလွႏိုင္နဲ႔ ကိုေက်ာ္သီဟရဲေက်ာ္တို႔ ၂ဦးကို မဟာေအာင္ေျမၿမိဳ႕နယ္တရား႐ုံးကေန ပုဒ္မ-၅၀၅(က)(ခ)နဲ႔ ေထာင္ဒဏ္ ၂ႏွစ္၊ ခ်မ္ေအးသာစံၿမိဳ႕နယ္တရား႐ုံးက ေထာင္ဒဏ္ ၁ႏွစ္၊ ေအာင္ေျမသာစံၿမိဳ႕နယ္တရား႐ုံးက ေထာင္ဒဏ္ ၂ႏွစ္ ခ်မွတ္ထားတာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ မႏၲေလးေစ်းခ်ိဳေရွ႕မွာ ရခိုင္အေရးလႈပ္ရွားမႈျပဳလုပ္ခဲ့တဲ့ ဗကသေက်ာင္းသား (၁၃)ဦးထဲက ေက်ာင္းသား(၈)ဦးကိုလည္း ရဲတပ္ဖြဲ႕ကေန ၿငိမ္းစုစီပုဒ္မ-၁၉၊ ႏိုင္ငံတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ -၅၀၅(က)(ခ)တို႔နဲ႔ တရားစြဲဆို ဖမ္းဆီးထားတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #မႏၲေလး #ဗကသေက်ာင္းသား၂ဦး #ေထာင္၁ႏွစ္က်

Related posts

Leave a Comment

VOM News

FREE
VIEW