စစ်ရှောင်စခန်းတွေမှာ ပါတီတွေမဲဆွယ်ရ အခက်အခဲဖြစ်နေ

စစ်ရှောင်စခန်းတွေမှာ ပါတီတွေမဲဆွယ်ရ အခက်အခဲဖြစ်နေ

မြစ်ကြီးနား-အောက်တိုဘာ ၂၂-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာ Covid-19 ရောဂါကာကွယ်နိုင်ရေးအတွက် အပြင်လူ အ၀င်မခံလို့ နိုင်ငံရေးပါတီတွေ မဲဆွယ်ရ အခက်အခဲ ဖြစ်နေတယ်လို့ ရွေးကောက်ပွဲ၀င်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ဒွဲဘူ ပြောပြတာကတော့ ရွေးကောက်ပွဲနီးလာလို့ စစ်ရှောင်စခန်းတွေက မဲဆန္ဒရှင်ပြည်သူတွေဆီ မဲဆွယ်ဖို့ ကြိုးစားတဲ့အခါ Covid-19 ရောဂါ အခြေအနေကြောင့် စစ်ရှောင်စခန်း တာ၀န်ခံတွေက အ၀င်မခံလို့ အခက်အခဲကြုံရတယ်လို့ ပြောပါတယ်။

ပါတီတွေဘက်က စစ်ရှောင်စခန်းတွေဆီ မဲဆွယ်ဖို့ ကိစ္စပြောလာတဲ့အခါ ဆောင်ရွက်ပေါ်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မိုင်းနား (KBC) စစ်ရှောင်စခန်းတာ၀န်ခံ ဦးဘရန်ဆိုင်းကို မေးကြည့်တော့ လူဦးရေ ၅၀ အောက်နဲ့ မဲဆွယ်ပွဲလုပ်နိုင်ဖို့ စီစဉ်ပေးရတယ်လို့ ပြောပါတယ်။

ပါတီတွေစစ်ရှောင်စခန်းတွေမှာ ၀င်ရောက်မဲဆွယ်မှု မပြုတော့ပေမယ့် အရင်က ဆွေးနွေးထားတာတွေ၊ စခန်းတာ၀န်ခံတွေက နေ့စဉ်ပြောပြတာတွေနဲ့ သားသမီးတွေရဲ့ ပြောပြမှုတွေအရ ပါတီတွေအကြောင်း သိနေပြီလို့ စီတာပူ စစ်ရောင်စခန်းမှာ နေထိုင်နေတဲ့ ဒေါ်လုထွယ်က ပြောပါတယ်။

ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့စာရင်းအရ တစ်ပြည်နယ်လုံးမှာ စစ်ရှောင်စခန်း (၉၀) ရှိပြီး လူဦးရေက ၄၀၀၀၀ ကျော်ရှိနေပါတယ်။ အဲ့ဒီအထဲကမှ မဲပေးပိုင်ခွင့်ရှိသူ အရေအတွက် ၂၅၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

#Voiceofmyanmar #VOM #ကချင်ပြည်နယ် #စစ်ရှောင်စခန်း #ပါတီမဲဆွယ်

Zawgy

စစ္ေရွာင္စခန္းေတြမွာ ပါတီေတြမဲဆြယ္ရ အခက္အခဲျဖစ္ေန

ျမစ္ႀကီးနား-ေအာက္တိုဘာ ၂၂-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ကခ်င္ျပည္နယ္အတြင္းက စစ္ေရွာင္စခန္းေတြမွာ Covid-19 ေရာဂါကာကြယ္ႏိုင္ေရးအတြက္ အျပင္လူ အ၀င္မခံလို႔ ႏိုင္ငံေရးပါတီေတြ မဲဆြယ္ရ အခက္အခဲ ျဖစ္ေနတယ္လို႔ ေ႐ြးေကာက္ပြဲ၀င္မယ့္ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ ဒုတိယဥကၠ႒ ေဒၚဒြဲဘူ ေျပာျပတာကေတာ့ ေ႐ြးေကာက္ပြဲနီးလာလို႔ စစ္ေရွာင္စခန္းေတြက မဲဆႏၵရွင္ျပည္သူေတြဆီ မဲဆြယ္ဖို႔ ႀကိဳးစားတဲ့အခါ Covid-19 ေရာဂါ အေျခအေနေၾကာင့္ စစ္ေရွာင္စခန္း တာ၀န္ခံေတြက အ၀င္မခံလို႔ အခက္အခဲႀကဳံရတယ္လို႔ ေျပာပါတယ္။

ပါတီေတြဘက္က စစ္ေရွာင္စခန္းေတြဆီ မဲဆြယ္ဖို႔ ကိစၥေျပာလာတဲ့အခါ ေဆာင္႐ြက္ေပၚရတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီး မိုင္းနား (KBC) စစ္ေရွာင္စခန္းတာ၀န္ခံ ဦးဘရန္ဆိုင္းကို ေမးၾကည့္ေတာ့ လူဦးေရ ၅၀ ေအာက္နဲ႔ မဲဆြယ္ပြဲလုပ္ႏိုင္ဖို႔ စီစဥ္ေပးရတယ္လို႔ ေျပာပါတယ္။

ပါတီေတြစစ္ေရွာင္စခန္းေတြမွာ ၀င္ေရာက္မဲဆြယ္မႈ မျပဳေတာ့ေပမယ့္ အရင္က ေဆြးေႏြးထားတာေတြ၊ စခန္းတာ၀န္ခံေတြက ေန႔စဥ္ေျပာျပတာေတြနဲ႔ သားသမီးေတြရဲ႕ ေျပာျပမႈေတြအရ ပါတီေတြအေၾကာင္း သိေနၿပီလို႔ စီတာပူ စစ္ေရာင္စခန္းမွာ ေနထိုင္ေနတဲ့ ေဒၚလုထြယ္က ေျပာပါတယ္။

ကခ်င္ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲရဲ႕စာရင္းအရ တစ္ျပည္နယ္လုံးမွာ စစ္ေရွာင္စခန္း (၉၀) ရွိၿပီး လူဦးေရက ၄၀၀၀၀ ေက်ာ္ရွိေနပါတယ္။ အဲ့ဒီအထဲကမွ မဲေပးပိုင္ခြင့္ရွိသူ အေရအတြက္ ၂၅၀၀၀ ေလာက္ရွိတယ္လို႔ သိရပါတယ္။

#Voiceofmyanmar #VOM #ကခ်င္ျပည္နယ္ #စစ္ေရွာင္စခန္း #ပါတီမဲဆြယ္

 

Related posts

Leave a Comment

VOM News

FREE
VIEW