အလုပ်ရှင်ဘက်က ကျန်းမာရေးပိုင်းဆိုင်ရာစီစဉ်မှု အားနည်းတယ်ဆိုပြီး အလုပ်သမားထောင်နဲ့ချီဆန္ဒပြ

အလုပ်ရှင်ဘက်က ကျန်းမာရေးပိုင်းဆိုင်ရာစီစဉ်မှု အားနည်းတယ်ဆိုပြီး အလုပ်သမားထောင်နဲ့ချီဆန္ဒပြ

အောက်တိုဘာ ၂၂
သိင်္ဂီထွန်း (VOM )

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က MILA GARDEN CO.LTDဖိနပ်စက်ရုံဟာ အလုပ်သမားတွေအတွက် ကျန်းမာရေးပိုင်းဆိုင်ရာ စီစဉ်ပေးမှုအားနည်းတယ်ဆိုပြီး အလုပ်သမား ထောင်နဲ့ချီ စက်ရုံအတွင်းမှာ ဆန္ဒပြမှုပြုလုပ်ခဲ့တယ်လို့ စက်ရုံအလုပ်သမားဆီကနေ သိရပါတယ်။

အလုပ်သမားတွေတောင်းဆိုနေတာကတော့ အဓိက ကျန်းမာရေးပိုင်းဆိုင်ရာကို သေသေချာချာလုပ်ဆောင်ပေးဖို့နဲ့ လူမှုဖူလုံရေးကြေး၊ လူမှုဖူလုံရေးကဒ်တွေရရှိဖို့ အပါအဝင်စတဲ့ တောင်းဆိုချက်တချို့ကို ဒီကနေ့ အောက်တိုဘာလ ၂၂ ရက် နေ့လယ်ကတည်းက တောင်းဆိုနေတာပဲ ဖြစ်ပါတယ်။

“အခု ဆန္ဒပြနေပါတယ်။ တောင်းဆိုချက်တွေ ၅ချက်၊ ၆ ချက်ရှိတယ်။ စက်ရုံပြန်ဆင်းတယ် ရွာတွေကနေ ပေးမထွက်လို့ အလုပ်လာမဆင်းရတဲ့သူတွေရှိတယ်။ ရပ်ရွာလူကြီးတွေက ကိုဗစ်ကြောက်လို့ပေးမလွှတ်ဘူး။ အဲ့ဒီလူတွေကို အလုပ်ဖြုတ်မယ် လစာလျှော့မယ်ပြောလို့ ဒီနေ့အလုပ်ပြန်ဆင်းကြတယ်။ တောင်းဆိုတာက ကျန်းမာရေးနဲ့ပတ်သက်ပြီးလုပ်ပေးတာအရမ်းအားနည်းတယ်။ အိမ်သာကအစ အကုန်ပြုတ်ကျပြီးစုတ်ပြတ်နေတယ်။ အဲ့ဒါကို ဘယ်သူကိုပြောရမှန်းလဲမသိဘူး။ ဒါကြောင့်ဒီနေ့ အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုနေတာဖြစ်တယ်။ အဓိက ကျန်းမာရေးအတွက်ဆန္ဒပြနေတာပါ”လို့ စက်ရုံအလုပ်သမားတစ်ဦးဖြစ်သူက ပြောပါတယ်။

အခုလို စက်ရုံတွင်း ဆန္ဒပြမှုဖြစ်ပွားတာတွေဟာ အလုပ်သမားတွေရဲ့အခွင့်အရေးဆုံးရှုံးမှုတွေကိုအခြေခံပြီး ပုံကြီးချဲ့လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ချို့ရဲ့မြှောက်ထိုးပင့်ကော်လုပ်မှုတွေကြောင့်ဖြစ်တယ်လို့ လှည်းကူးမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းတန်က သုံးသပ်ပြောဆိုပါတယ်။

“အလုပ်သမားတွေက အလုပ်သမားအခွင့်အရေးတွေဆုံးရှုံးလို့ မကျေနပ်တာကြောင့်ဆန္ဒတွေထုတ်ဖော်တယ်။ ဒါပေမယ့် ဒီစက်ရုံကိစ္စက နိုင်ငံရေးတွေနဲ့ပတ်သက်လာတယ်။ ပုံကြီးချဲ့ပြီး မကြီးကြီးအောင်လုပ်တဲ့ကိစ္စတွေပါတယ်။ ဒါကြောင့်ဖြေရှင်းညှိနှိုင်းပေးပါမယ်လို့ အလုပ်သမားတချို့ကိုလည်း ဖျောင်းဖျထားပါတယ်”လို့ ဦးသိန်းတန်ကပြောပါတယ်။

အဲ့ဒီစက်ရုံဟာ ရန်ကုန်တိုင်းအစိုးရရဲ့ CMP စနစ်စက်ရုံတွေကို ပြန်လည်ပတ်ခွင့်ပြုကြောင်း ထုတ်ပြန်အပြီး အောက်တိုဘာလ ၁၂ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

စက်ရုံလည်ပတ်ချိန်ကစပြီး ဒီကနေ့အချိန်ထိ တာဝန်ရှိသူတွေဘက်ကနေ ကျန်းမာရေးပိုင်းဆိုင်ရာ စစ်ဆေးမှုတွေကို လာရောက်လုပ်ဆောင်မှုမရှိသေးဘူးလို့သိရပါတယ်။

ဒီနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းကလည်း အလုပ်သမားတစ်ဦး ရုတ်တရက်မူးလဲကျသွားတာကြောင့် ဆေးရုံကို အရေးပေါ်တင်လိုက်ရတယ်လို့ အလုပ်သမားတွေဆီကနေ သိရပါတယ်။

စက်ရုံမှာ အလုပ်သမားပေါင်းဟာ ၆၀၀၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။ လက်ရှိမှာ စက်ရုံအတွင်း အလုပ်သမားတွေဆန္ဒပြတောင်းဆိုနေတဲ့ အချက်နဲ့ပတ်သက်ပြီး အလုပ်ရှင် အလုပ်သမားပြေလည်မှုမရရှိသေးဘူးလို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #လှည်းကူး #အလုပ်သမား #ဆန္ဒပြ

Zawgyi

အလုပ္ရွင္ဘက္က က်န္းမာေရးပိုင္းဆိုင္ရာစီစဥ္မႈ အားနည္းတယ္ဆိုၿပီး အလုပ္သမားေထာင္နဲ႔ခ်ီဆႏၵျပ

ေအာက္တိုဘာ ၂၂
သိဂႌထြန္း (VOM )

ရန္ကုန္တိုင္း၊ လွည္းကူးၿမိဳ႕နယ္က MILA GARDEN CO.LTDဖိနပ္စက္႐ုံဟာ အလုပ္သမားေတြအတြက္ က်န္းမာေရးပိုင္းဆိုင္ရာ စီစဥ္ေပးမႈအားနည္းတယ္ဆိုၿပီး အလုပ္သမား ေထာင္နဲ႔ခ်ီ စက္႐ုံအတြင္းမွာ ဆႏၵျပမႈျပဳလုပ္ခဲ့တယ္လို႔ စက္႐ုံအလုပ္သမားဆီကေန သိရပါတယ္။

အလုပ္သမားေတြေတာင္းဆိုေနတာကေတာ့ အဓိက က်န္းမာေရးပိုင္းဆိုင္ရာကို ေသေသခ်ာခ်ာလုပ္ေဆာင္ေပးဖို႔နဲ႔ လူမႈဖူလုံေရးေၾကး၊ လူမႈဖူလုံေရးကဒ္ေတြရရွိဖို႔ အပါအ၀င္စတဲ့ ေတာင္းဆိုခ်က္တခ်ိဳ႔ကို ဒီကေန႔ ေအာက္တိုဘာလ ၂၂ ရက္ ေန႔လယ္ကတည္းက ေတာင္းဆိုေနတာပဲ ျဖစ္ပါတယ္။

“အခု ဆႏၵျပေနပါတယ္။ ေတာင္းဆိုခ်က္ေတြ ၅ခ်က္၊ ၆ ခ်က္ရွိတယ္။ စက္႐ုံျပန္ဆင္းတယ္ ရြာေတြကေန ေပးမထြက္လို႔ အလုပ္လာမဆင္းရတဲ့သူေတြရွိတယ္။ ရပ္ရြာလူႀကီးေတြက ကိုဗစ္ေၾကာက္လို႔ေပးမလႊတ္ဘူး။ အဲ့ဒီလူေတြကို အလုပ္ျဖဳတ္မယ္ လစာေလွ်ာ့မယ္ေျပာလို႔ ဒီေန႔အလုပ္ျပန္ဆင္းၾကတယ္။ ေတာင္းဆိုတာက က်န္းမာေရးနဲ႔ပတ္သက္ၿပီးလုပ္ေပးတာအရမ္းအားနည္းတယ္။ အိမ္သာကအစ အကုန္ျပဳတ္က်ၿပီးစုတ္ျပတ္ေနတယ္။ အဲ့ဒါကို ဘယ္သူကိုေျပာရမွန္းလဲမသိဘူး။ ဒါေၾကာင့္ဒီေန႔ အလုပ္သမားေတြက ဆႏၵျပေတာင္းဆိုေနတာျဖစ္တယ္။ အဓိက က်န္းမာေရးအတြက္ဆႏၵျပေနတာပါ”လို႔ စက္႐ုံအလုပ္သမားတစ္ဦးျဖစ္သူက ေျပာပါတယ္။

အခုလို စက္႐ုံတြင္း ဆႏၵျပမႈျဖစ္ပြားတာေတြဟာ အလုပ္သမားေတြရဲ႕အခြင့္အေရးဆုံးရႈံးမႈေတြကိုအေျခခံၿပီး ပုံႀကီးခ်ဲ႔လုပ္ေဆာင္ေနတဲ့ အဖြဲ႔အစည္းတစ္ခ်ိဳ႕ရဲ႕ေျမႇာက္ထိုးပင့္ေကာ္လုပ္မႈေတြေၾကာင့္ျဖစ္တယ္လို႔ လွည္းကူးၿမိဳ႕နယ္ ၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးသိန္းတန္က သုံးသပ္ေျပာဆိုပါတယ္။

“အလုပ္သမားေတြက အလုပ္သမားအခြင့္အေရးေတြဆုံးရႈံးလို႔ မေက်နပ္တာေၾကာင့္ဆႏၵေတြထုတ္ေဖာ္တယ္။ ဒါေပမယ့္ ဒီစက္႐ုံကိစၥက ႏိုင္ငံေရးေတြနဲ႔ပတ္သက္လာတယ္။ ပုံႀကီးခ်ဲ႔ၿပီး မႀကီးႀကီးေအာင္လုပ္တဲ့ကိစၥေတြပါတယ္။ ဒါေၾကာင့္ေျဖရွင္းညွိနိႈင္းေပးပါမယ္လို႔ အလုပ္သမားတခ်ိဳ႔ကိုလည္း ေဖ်ာင္းဖ်ထားပါတယ္”လို႔ ဦးသိန္းတန္ကေျပာပါတယ္။

အဲ့ဒီစက္႐ုံဟာ ရန္ကုန္တိုင္းအစိုးရရဲ႕ CMP စနစ္စက္႐ုံေတြကို ျပန္လည္ပတ္ခြင့္ျပဳေၾကာင္း ထုတ္ျပန္အၿပီး ေအာက္တိုဘာလ ၁၂ ရက္ေန႔မွာ ျပန္လည္ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။

စက္႐ုံလည္ပတ္ခ်ိန္ကစၿပီး ဒီကေန႔အခ်ိန္ထိ တာ၀န္ရွိသူေတြဘက္ကေန က်န္းမာေရးပိုင္းဆိုင္ရာ စစ္ေဆးမႈေတြကို လာေရာက္လုပ္ေဆာင္မႈမရွိေသးဘူးလို႔သိရပါတယ္။

ဒီေန႔ ေအာက္တိုဘာလ ၂၂ ရက္ေန႔ ေန႔လယ္ပိုင္းကလည္း အလုပ္သမားတစ္ဦး ႐ုတ္တရက္မူးလဲက်သြားတာေၾကာင့္ ေဆး႐ုံကို အေရးေပၚတင္လိုက္ရတယ္လို႔ အလုပ္သမားေတြဆီကေန သိရပါတယ္။

စက္႐ုံမွာ အလုပ္သမားေပါင္းဟာ ၆၀၀၀ ၀န္းက်င္ရွိတယ္လို႔သိရပါတယ္။ လက္ရွိမွာ စက္႐ုံအတြင္း အလုပ္သမားေတြဆႏၵျပေတာင္းဆိုေနတဲ့ အခ်က္နဲ႔ပတ္သက္ၿပီး အလုပ္ရွင္ အလုပ္သမားေျပလည္မႈမရရွိေသးဘူးလို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #လွည္းကူး #အလုပ္သမား #ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW