တိုင်းရင်းသားပါတီတွေဟာ အဖြည့်ခံတွေလား ?

တိုင်းရင်းသားပါတီတွေဟာ အဖြည့်ခံတွေလား ?

စစ်တွေ၊ အောက်တိုဘာ ၂၄- ၂၀၂၀
ထက်အောင်စိုင်း (VOM)

“တပါတီတည်းက အနိုင်ရဖို့ လိုတယ်ဆိုတဲ့ အပြုအမှု၊ အပြောအဆိုတွေကြားမှာ ကျမတို့ရဲ့ပြည်ထောင်စုထဲက တိုင်းရင်းသားပါတီတွေဟာ အိမ်ဖြည့်သဘောမျိုးလို အရောင်ပြသဘောမျိုလား”

လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် (၉) ခုလုံးအပါအဝင် ပြည်နယ်အလယ်ပိုင်းနဲ့ တောင်ပိုင်းက ရပ်ကွက် (၁၅) ခုနဲ့ ကျေးရွာအုပ်စုပေါင်း (၁၃၇) အုပ်စုကို ရွေးကောက်ပွဲကျင်းပ ပြုလုပ်နိုင်တော့မှာ မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တဲ့အပေါ် ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန် ကို VOM ကမေးမြန်းစဉ်ပြောဆိုခဲ့တာပါ။

လာမယ့် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ အလယ်ပိုင်းမြို့နယ်တွေမှာသာ ရွေးကောက်ပွဲကျင်းပနိုင်မှာဖြစ်ပြီး ရခိုင်အမျိုးသားပါတီအနေနဲ့ ဂုဏ်သိက္ခရှိရှိနဲ့ ယှဉ်ပြိုင်အနိုင်ရလိုကြောင်း ဒေါ်အေးနုစိန်က ဆိုပါတယ်။

ဒီအကြောင်းအရာတွေအပါအဝင် ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခနဲ့ တည်ငြိမ်အေးချမ်းရေးအပါအဝင် လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာကြဖို့ကိုလည်း ရခိုင်အမျိုးသားပါတီ (ANP) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဘာသာပေါင်းစုံအတူနေထိုင်ရေးအတွက် (ANP) ပါတီရဲ့ သဘောထားအမြင်နဲ့ လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူသို့ ပေးချင်တဲ့ သတင်းစကားတွေအပါအဝင် သုံးသပ်ချက်အသေးစိပ်ကို VOM သတင်းထောက် ထက်အောင်စိုင်းက ဒေါ်အေးနုစိတ်ကို လူတွေ့မေးမြန်းထားတဲ့ ရုပ်သံမေးမြန်းချက်ကို ကြည့်ရှုနားဆင်နိုင်ကြမှာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရခိုင်အမျိုးသားပါတီ #ဒေါ်အေးနုစိန်ဓါတ်ပုံ ရခိုင်အမျိုးသားပါတီ(စစ်တွေ)

Zawgy

တိုင္းရင္းသားပါတီေတြဟာ အျဖည့္ခံေတြလား ?

စစ္ေတြ၊ ေအာက္တိုဘာ ၂၄- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

“တပါတီတည္းက အႏိုင္ရဖို႔ လိုတယ္ဆိုတဲ့ အျပဳအမႈ၊ အေျပာအဆိုေတြၾကားမွာ က်မတို႔ရဲ႕ျပည္ေထာင္စုထဲက တိုင္းရင္းသားပါတီေတြဟာ အိမ္ျဖည့္သေဘာမ်ိဳးလို အေရာင္ျပသေဘာမ်ိဳလား”

လာမယ့္ ၂၀၂၀ ႏိုဝင္ဘာလ ၈ ရက္ေန႔ေ႐ြးေကာက္ပြဲမွာ ရခိုင္ျပည္နယ္အတြင္းက ၿမိဳ႕နယ္ (၉) ခုလုံးအပါအဝင္ ျပည္နယ္အလယ္ပိုင္းနဲ႔ ေတာင္ပိုင္းက ရပ္ကြက္ (၁၅) ခုနဲ႔ ေက်း႐ြာအုပ္စုေပါင္း (၁၃၇) အုပ္စုကို ေ႐ြးေကာက္ပြဲက်င္းပ ျပဳလုပ္ႏိုင္ေတာ့မွာ မဟုတ္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ခဲ့တဲ့အေပၚ ရခိုင္အမ်ိဳးသားပါတီ ေျပာေရးဆိုခြင့္ရွိသူ မူဝါဒေရးရာဦးေဆာင္ေကာ္မတီဝင္ ေဒၚေအးႏုစိန္ ကို VOM ကေမးျမန္းစဥ္ေျပာဆိုခဲ့တာပါ။

လာမယ့္ ေ႐ြးေကာက္ပြဲမွာ ရခိုင္ျပည္နယ္ေတာင္ပိုင္းနဲ႔ အလယ္ပိုင္းၿမိဳ႕နယ္ေတြမွာသာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္မွာျဖစ္ၿပီး ရခိုင္အမ်ိဳးသားပါတီအေနနဲ႔ ဂုဏ္သိကၡရွိရွိနဲ႔ ယွဥ္ၿပိဳင္အႏိုင္ရလိုေၾကာင္း ေဒၚေအးႏုစိန္က ဆိုပါတယ္။

ဒီအေၾကာင္းအရာေတြအပါအဝင္ ရခိုင္ျပည္နယ္အတြင္း လက္ရွိျဖစ္ပြားေနတဲ့ စစ္ေရးပဋိပကၡနဲ႔ တည္ၿငိမ္ေအးခ်မ္းေရးအပါအဝင္ လက္ရွိျဖစ္ပြားေနတဲ့ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းနဲ႔ အေျဖရွာၾကဖို႔ကိုလည္း ရခိုင္အမ်ိဳးသားပါတီ (ANP) ပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒၚေအးႏုစိန္က တိုက္တြန္းထားပါတယ္။

ရခိုင္ျပည္နယ္အတြင္း ဘာသာေပါင္းစုံအတူေနထိုင္ေရးအတြက္ (ANP) ပါတီရဲ႕ သေဘာထားအျမင္နဲ႔ လာမယ့္ေ႐ြးေကာက္ပြဲမွာ ျပည္သူသို႔ ေပးခ်င္တဲ့ သတင္းစကားေတြအပါအဝင္ သုံးသပ္ခ်က္အေသးစိပ္ကို VOM သတင္းေထာက္ ထက္ေအာင္စိုင္းက ေဒၚေအးႏုစိတ္ကို လူေတြ႕ေမးျမန္းထားတဲ့ ႐ုပ္သံေမးျမန္းခ်က္ကို ၾကည့္ရႈနားဆင္ႏိုင္ၾကမွာ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရခိုင္အမ်ိဳးသားပါတီ #ေဒၚေအးႏုစိန
ဓါတ္ပုံ ရခိုင္အမ်ိဳးသားပါတီ(စစ္ေတြ)

 

Related posts

Leave a Comment

VOM News

FREE
VIEW