NLDပါတီ မဲဆွယ်ယာဉ်တန်းကို ကျေးရွာအတွင်း ဝင်ခွင့်မပေးတဲ့ ရာအိမ်မှူးကို အမှုဖွင့် အရေးယူ

အောက်တိုဘာ ၂၉ -၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြိုးကြာကန်ကျေးရွာက ရာအိမ်မှူးတစ်ယောက်ကို NLD ပါတီ အောင်နိုင်ရေး မဲဆွဲယာဉ်တန်း ကျေးရွာအတွင်း ဝင်ခွင့်မပေးတဲ့ကိစ္စနဲ့ပတ်သက်လို့ အမှုဖွင့်အရေးလိုက်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၇ရက် မနက်ပိုင်းက မုံရွာမြို့နယ် NLD ပါတီအဖွဲ့ဟာ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်အရ မုံရွာမြို့နယ် ၊ ကြိုးကြာကန်ကျေးရွာကို ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး သွားရောက်ခဲ့ချိန် ရွာအဝင်ကနေ ရာအိမ်မှုးတစ်ယောက်က ဝါးလုံးနဲ့ လမ်းကိုပိတ်ပြီး ကျေးရွာအတွင်း ပါတီ မဲဆွယ်စည်းရုံးခွင့်ကို ဟန့်တားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

” အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဦးစီးအရာရှိ ဦးအာကာမြင့်က တရားလိုပြုလုပ်ပြီး လမ်းပိတ်ဟန့်တားခဲ့တဲ့ ရာအိမ်မှူး ဦးမောင်ခိုင်ကို အရေးယူဖို့ တိုင်တန်းခဲ့တာဖြစ်တယ် ” လို့ မုံရွာနယ်မြေရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်ကပြောပါတယ်။

အဲ့ဒီအမှုကို မုံရွာနယ်မြေရဲစခန်းက (ပ) ၄၀၆/ ၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၄၁ အရ အမှုဖွင့်အရေးထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #NLDမဲဆွယ်ယာဉ် #ရွာအဝင်မခံတဲ့ရာအိမ်မှူး #အမှုဖွင့်အရေးယူ

Related posts

Leave a Comment

VOM News

FREE
VIEW