ရန်ကင်းကလေးဆေးရုံ ကိုဗစ်ကူးစက်ခံရသူ ၅ဝ ကျော်အထိ ရှိလာ

ရန်ကုန်-အောက်တိုဘာ၃၀-၂၀၂၀
ထက်ခေါင်လင်း(VOM)

ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ကလေးငယ်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အားလုံးပေါင်း ၅ဝ ကျော် ကူးစက်ခံနေရပြီဖြစ်တယ်လို့ ရန်ကင်းကလေးဆေးရုံက သိရပါတယ်။

ကိုဗစ် ဒုတိယလှိုင်း စတင်ဖြစ်ပေါ်စဉ်ကတည်းက တဖြည်းဖြည်းနဲ့ ဆေးရုံကို လာပြတဲ့ ကလေးလူနာနဲ့ မိသားစုတွေထဲက တယောက်စ၊ နှစ်ယောက်စ စတင်တွေ့ရှိခဲ့ရာကနေ ယခုရက်ပိုင်းအထိ အဆိုပါ ကိန်းဂဏန်းအထိ ရောက်ရှိလာတာလို့ ရန်ကင်းကလေးဆေးရုံက လက်ထောက်ဆေးရုံအုပ် ဒေါက်တာမင်းသန့်က ပြောပါတယ်။

ဒေါက်တာမင်းသန့်က “ဆေးရုံကို ဖျားလို့၊ နာလို့ လာပြတဲ့ ကလေးတွေကို သံသယရှိလို့ စစ်လိုက်တဲ့အခါ တွေ့တာပါ။ နောက်ပြီး ကျန်းမာရေး ဝန်ထမ်းဆရာ၊ ဆရာမတွေ ကူးစက်တယ်ဆိုတာကလည်း အဲ့ဒီလိုကလေးတွေနဲ့ ထိတွေ့မိတဲ့ သူတချို့ကို စစ်ရာကတွေ့တယ်။ ပြောချင်တာက အခု ပမာဏက တပြိုင်နက်ထဲ ဖြစ်တာမျိုးမဟုတ်ဘူး” လို့ ဆိုပါတယ်။

ယခု ကိုဗစ် ဒုတိယလှိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ရောဂါပိုးဟာ တချို့လူနာတွေမှာ အနံ့ပျောက်တာ၊ ဖျားနာတာ မရှိပဲနဲ့ သာမန်လူကောင်းအတိုင်းသာ ရှိနေပြီး စစ်ကြည့်မှသာ တွေ့ရတဲ့ အနေအထားမျိုးလည်း ရှိတယ်လို့ ကျန်းမာရေး ဝန်ထမ်းတချို့က ပြောပါတယ်။

ရန်ကင်းကလေးဆေးရုံက ကျန်းမာရေး ဝန်ထမ်းတွေဟာ လာရောက်ပြသတဲ့ လူနာတိုင်းကို သံသယ လူနာအဖြစ် သဘောထားပြီးတော့ ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ PPE Level 2 အဆင့် ဝတ်စုံတွေ ဝတ်ဆင်ပြီးမှ ကုသမှု ပေးနေတယ်ဆိုပေမယ့် ဆေးရုံမှာ တာဝန်ထမ်းဆောင်နေရင်း အနံ့ပျောက်တာ၊ ခံတွင်းပျက်လာတာ စတာတွေနဲ့ သံသယရှိလို့ စစ်ကြည့်ရာကနေ တွေ့ရတာဖြစ်တယ်လို့ ဒေါက်တာမင်းသန့်က ပြောပါတယ်။

“ဒါပေမယ့် တချို့ ကျန်းမာရေး ဝန်ထမ်းတွေကြတော့ ဘယ်ကနေ ဘယ်လို ကူးခံရတယ်ဆိုတာကို သေသေချာချာကို ပြောပြလို့ မရတဲ့ အနေအထားလည်း ရှိတယ်။ အရေးပေါ် ဌာနက ဆရာမ ၂ ဦးဆို နေ့တိုင်း လူနာအများအပြားနဲ့ ထိတွေ့နေတာ။ ဘယ်ကကူးမှန်း မသိရဘူး။ အဲ့ဒီလိုတွေကြတော့ သူနဲ့ ထိစပ်ခဲ့တယ်ဆိုတဲ့ Contact တွေကို လိုက်ဖို့က ခက်တယ်” လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ အစိုးရကလေးဆေးရုံ ၂ ရုံသာရှိရာ ရန်ကင်းကလေးဆေးရုံဟာ ကလေးလူနာများအတွက် အထူးအားထားရာ အစိုးရ ဆေးရုံတခု အပါအဝင်ဖြစ်ပါတယ်။ အဲ့ဒီအပြင် ကိုဗစ်လူနာများကို သီးခြား လက်ခံကုသပေးရန်အတွက် လျာထားတဲ့ ‌ဆေးရုံတခုလည်း မဟုတ်ပါဘူး။

ယခုလို ရန်ကင်းကလေးဆေးရုံမှာ ကိုဗစ်လူနာ တွေ့ရှိလာတယ်ဆိုပေမယ့် ဆေးရုံကိုတော့ ဆက်လက်ဖွင့်ထားဆဲဖြစ်ကာ ကုသပေးနေပါတယ်။ ဒါပေမယ့် ဆေးရုံတင် ကုသဖို့ မလိုတဲ့ လူနာတွေ၊ ခွဲစိတ်ကုသဖို့ ရက်ချိန်းစောင့်နေတဲ့ သူတွေကိုတော့ ဆေးရုံမှာ တက်ရောက်ကုသမှုကို တတ်နိုင်သမျှ လျော့ချထားပါတယ်။

အဖြစ်မနေ ဆေးရုံတင်ရမယ့် ကလေးလူနာတွေဆိုရင် သီးသန့်အခန်းမှာ ပထမဦးစွာထားရှိကာ ကိုဗစ်စစ်ဆေးပြီး မရှိတော့မှ ကုသဆောင်တွေကို ပို့ပြီး ကိုဗစ်တွေ့ရှိတယ်ဆိုရင် အဆိုပါ သီးသန့်အခန်းမှာပဲ ကုသမှု ဆက်ပေးတယ်လို့ ရန်ကင်းကလေးဆေးရုံက လက်ထောက်ဆေးရုံအုပ် ဒေါက်တာမင်းသန့်က ဆိုပါတယ်။

ရန်ကင်းကလေးဆေးရုံမှာ ကိုဗစ်ကူးစက်ခံရတဲ့ ကျန်းမာရေး ဆရာ၊ ဆရာမ ၁ဝ ဂဏန်းကျော် ရှိနေပြီးတော့ ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းပေါင်း ၂ဝဝ ကျော် ၃ဝဝ နီးပါး ရှိတယ်လို့ အဆိုပါဆေးရုံက သိရပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၂၉ ရက်နေ့ည ၈ နာရီ သတင်းထုတ်ပြန်ချက်တွေအရ အဆိုပါနေ့ ၂၄ နာရီအတွင်း ကိုဗစ်လူနာအသစ် တွေ့ရှိသူ ၁၃၃၁ ရှိခဲ့ပြီး မြန်မာတနိုင်ငံလုံးမှာ ကိုဗစ်စတင်တွေ့ရှိသည့် မတ်လအကုန်ပိုင်းကစပြီး ကနေ့အချိန်အထိ ကိုဗစ်ကူးစက်ခံရသူ ၅၀၄၀၃ ဦး ရှိခဲ့ကြောင်း သိရတယ်။

ထို့အပြင် ကိုဗစ်ကူးစက်ခံရသူတွေထဲမှ သေဆုံးခဲ့သူ ၁၁၉၉ ဦးအထိ ရောက်ရှိလာနေပြီဖြစ်ပါတယ်။ သေဆုံးသူအများစုဟာ ကိုဗစ်ဒုတိလှိုင်းအချိန်တွင် အများဆုံးဖြစ်ခဲ့ပြီး ရောဂါနောက်ခံရှိသူ အများစုဖြစ်ကြတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #ရန်ကင်းကလေးဆေးရုံ #ကိုဗစ်

ဓါတ်ပုံ ကျမ္မာရေးဝန်ကြီးဌာန

Zawgy

ရန္ကင္းကေလးေဆး႐ုံ ကိုဗစ္ကူးစက္ခံရသူ ၅ဝ ေက်ာ္အထိ ရွိလာ

ရန္ကုန္-ေအာက္တိုဘာ၃၀-၂၀၂၀
ထက္ေခါင္လင္း(VOM)

ရန္ကုန္ၿမိဳ႕ ရန္ကင္းကေလးေဆး႐ုံမွာ ကိုဗစ္ေရာဂါပိုး ကူးစက္ခံရသူ ကေလးငယ္ေတြနဲ႔ က်န္းမာေရး ဝန္ထမ္းေတြ အားလုံးေပါင္း ၅ဝ ေက်ာ္ ကူးစက္ခံေနရၿပီျဖစ္တယ္လို႔ ရန္ကင္းကေလးေဆး႐ုံက သိရပါတယ္။

ကိုဗစ္ ဒုတိယလႈိင္း စတင္ျဖစ္ေပၚစဥ္ကတည္းက တျဖည္းျဖည္းနဲ႔ ေဆး႐ုံကို လာျပတဲ့ ကေလးလူနာနဲ႔ မိသားစုေတြထဲက တေယာက္စ၊ ႏွစ္ေယာက္စ စတင္ေတြ႕ရွိခဲ့ရာကေန ယခုရက္ပိုင္းအထိ အဆိုပါ ကိန္းဂဏန္းအထိ ေရာက္ရွိလာတာလို႔ ရန္ကင္းကေလးေဆး႐ုံက လက္ေထာက္ေဆး႐ုံအုပ္ ေဒါက္တာမင္းသန႔္က ေျပာပါတယ္။

ေဒါက္တာမင္းသန႔္က “ေဆး႐ုံကို ဖ်ားလို႔၊ နာလို႔ လာျပတဲ့ ကေလးေတြကို သံသယရွိလို႔ စစ္လိုက္တဲ့အခါ ေတြ႕တာပါ။ ေနာက္ၿပီး က်န္းမာေရး ဝန္ထမ္းဆရာ၊ ဆရာမေတြ ကူးစက္တယ္ဆိုတာကလည္း အဲ့ဒီလိုကေလးေတြနဲ႔ ထိေတြ႕မိတဲ့ သူတခ်ိဳ႕ကို စစ္ရာကေတြ႕တယ္။ ေျပာခ်င္တာက အခု ပမာဏက တၿပိဳင္နက္ထဲ ျဖစ္တာမ်ိဳးမဟုတ္ဘူး” လို႔ ဆိုပါတယ္။

ယခု ကိုဗစ္ ဒုတိယလႈိင္းမွာ ျဖစ္ေပၚခဲ့တဲ့ ေရာဂါပိုးဟာ တခ်ိဳ႕လူနာေတြမွာ အနံ႔ေပ်ာက္တာ၊ ဖ်ားနာတာ မရွိပဲနဲ႔ သာမန္လူေကာင္းအတိုင္းသာ ရွိေနၿပီး စစ္ၾကည့္မွသာ ေတြ႕ရတဲ့ အေနအထားမ်ိဳးလည္း ရွိတယ္လို႔ က်န္းမာေရး ဝန္ထမ္းတခ်ိဳ႕က ေျပာပါတယ္။

ရန္ကင္းကေလးေဆး႐ုံက က်န္းမာေရး ဝန္ထမ္းေတြဟာ လာေရာက္ျပသတဲ့ လူနာတိုင္းကို သံသယ လူနာအျဖစ္ သေဘာထားၿပီးေတာ့ က်န္းမာေရး ဝန္ႀကီးဌာနက သတ္မွတ္ထားတဲ့ PPE Level 2 အဆင့္ ဝတ္စုံေတြ ဝတ္ဆင္ၿပီးမွ ကုသမႈ ေပးေနတယ္ဆိုေပမယ့္ ေဆး႐ုံမွာ တာဝန္ထမ္းေဆာင္ေနရင္း အနံ႔ေပ်ာက္တာ၊ ခံတြင္းပ်က္လာတာ စတာေတြနဲ႔ သံသယရွိလို႔ စစ္ၾကည့္ရာကေန ေတြ႕ရတာျဖစ္တယ္လို႔ ေဒါက္တာမင္းသန႔္က ေျပာပါတယ္။

“ဒါေပမယ့္ တခ်ိဳ႕ က်န္းမာေရး ဝန္ထမ္းေတြၾကေတာ့ ဘယ္ကေန ဘယ္လို ကူးခံရတယ္ဆိုတာကို ေသေသခ်ာခ်ာကို ေျပာျပလို႔ မရတဲ့ အေနအထားလည္း ရွိတယ္။ အေရးေပၚ ဌာနက ဆရာမ ၂ ဦးဆို ေန႔တိုင္း လူနာအမ်ားအျပားနဲ႔ ထိေတြ႕ေနတာ။ ဘယ္ကကူးမွန္း မသိရဘူး။ အဲ့ဒီလိုေတြၾကေတာ့ သူနဲ႔ ထိစပ္ခဲ့တယ္ဆိုတဲ့ Contact ေတြကို လိုက္ဖို႔က ခက္တယ္” လို႔ ဆိုပါတယ္။

ရန္ကုန္ၿမိဳ႕မွာ အစိုးရကေလးေဆး႐ုံ ၂ ႐ုံသာရွိရာ ရန္ကင္းကေလးေဆး႐ုံဟာ ကေလးလူနာမ်ားအတြက္ အထူးအားထားရာ အစိုးရ ေဆး႐ုံတခု အပါအဝင္ျဖစ္ပါတယ္။ အဲ့ဒီအျပင္ ကိုဗစ္လူနာမ်ားကို သီးျခား လက္ခံကုသေပးရန္အတြက္ လ်ာထားတဲ့ ‌ေဆး႐ုံတခုလည္း မဟုတ္ပါဘူး။

ယခုလို ရန္ကင္းကေလးေဆး႐ုံမွာ ကိုဗစ္လူနာ ေတြ႕ရွိလာတယ္ဆိုေပမယ့္ ေဆး႐ုံကိုေတာ့ ဆက္လက္ဖြင့္ထားဆဲျဖစ္ကာ ကုသေပးေနပါတယ္။ ဒါေပမယ့္ ေဆး႐ုံတင္ ကုသဖို႔ မလိုတဲ့ လူနာေတြ၊ ခြဲစိတ္ကုသဖို႔ ရက္ခ်ိန္းေစာင့္ေနတဲ့ သူေတြကိုေတာ့ ေဆး႐ုံမွာ တက္ေရာက္ကုသမႈကို တတ္ႏိုင္သမွ် ေလ်ာ့ခ်ထားပါတယ္။

အျဖစ္မေန ေဆး႐ုံတင္ရမယ့္ ကေလးလူနာေတြဆိုရင္ သီးသန႔္အခန္းမွာ ပထမဦးစြာထားရွိကာ ကိုဗစ္စစ္ေဆးၿပီး မရွိေတာ့မွ ကုသေဆာင္ေတြကို ပို႔ၿပီး ကိုဗစ္ေတြ႕ရွိတယ္ဆိုရင္ အဆိုပါ သီးသန႔္အခန္းမွာပဲ ကုသမႈ ဆက္ေပးတယ္လို႔ ရန္ကင္းကေလးေဆး႐ုံက လက္ေထာက္ေဆး႐ုံအုပ္ ေဒါက္တာမင္းသန႔္က ဆိုပါတယ္။

ရန္ကင္းကေလးေဆး႐ုံမွာ ကိုဗစ္ကူးစက္ခံရတဲ့ က်န္းမာေရး ဆရာ၊ ဆရာမ ၁ဝ ဂဏန္းေက်ာ္ ရွိေနၿပီးေတာ့ ေဆး႐ုံမွာ တာဝန္ထမ္းေဆာင္ေနတဲ့ က်န္းမာေရးဝန္ထမ္းေပါင္း ၂ဝဝ ေက်ာ္ ၃ဝဝ နီးပါး ရွိတယ္လို႔ အဆိုပါေဆး႐ုံက သိရပါတယ္။

က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ ေအာက္တိုဘာ ၂၉ ရက္ေန႔ည ၈ နာရီ သတင္းထုတ္ျပန္ခ်က္ေတြအရ အဆိုပါေန႔ ၂၄ နာရီအတြင္း ကိုဗစ္လူနာအသစ္ ေတြ႕ရွိသူ ၁၃၃၁ ရွိခဲ့ၿပီး ျမန္မာတႏိုင္ငံလုံးမွာ ကိုဗစ္စတင္ေတြ႕ရွိသည့္ မတ္လအကုန္ပိုင္းကစၿပီး ကေန႔အခ်ိန္အထိ ကိုဗစ္ကူးစက္ခံရသူ ၅၀၄၀၃ ဦး ရွိခဲ့ေၾကာင္း သိရတယ္။

ထို႔အျပင္ ကိုဗစ္ကူးစက္ခံရသူေတြထဲမွ ေသဆုံးခဲ့သူ ၁၁၉၉ ဦးအထိ ေရာက္ရွိလာေနၿပီျဖစ္ပါတယ္။ ေသဆုံးသူအမ်ားစုဟာ ကိုဗစ္ဒုတိလႈိင္းအခ်ိန္တြင္ အမ်ားဆုံးျဖစ္ခဲ့ၿပီး ေရာဂါေနာက္ခံရွိသူ အမ်ားစုျဖစ္ၾကတယ္လို႔ က်န္းမာေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

#voiceofmyanmar #VOM #ရန္ကင္းကေလးေဆး႐ုံ #ကိုဗစ္

 

Related posts

Leave a Comment

VOM News

FREE
VIEW