ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီစည်းရုံးရေးမှူးကို အယောင်ဆောင်မှုနဲ့ တပ်ကဖမ်းဆီးအရေးယူထား

အောက်တိုဘာ ၃၀ ၊ ၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ပုံနွှဲ့ကျေးရွာအုပ်စု ​မန်မော်ကျေးရွာနေ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ စည်းရုံးရေးမှုး တစ်ယောက်ကို ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၈ ညနေပိုင်း အချိန်က ဟုမ္မလင်းအ​ခြေစိုက် ခြေလျင်တပ်ရင်း တပ်စိပ် ၁ စိပ်ဟာ မန်မော်ကျေးရွာနေ ဦးမောင်သိန်းဆိုသူရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေတဲ့အခါ စစ်ယူနီဖောင်းတွေတွေ့ရှိခဲ့ရတယ်ဆိုပြီး ပြည်သူ့ဝန်ထမ်း တစ်ယောက်လို အယောင်ဆောင်ဖို့အတွက် စစ်အသုံးအဆောင် ပစ္စည်းတွေ လက်ဝယ်ထားတယ်ဆိုပြီးဖမ်းဆီး အရေးယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

” တပ်မတော် အရာရှိ တစ်ယောက်က တရားလို ပြုလုပ်ပြီး ဦးမောင်သိန်းကို အမှုဖွင့် တိုင်တန်းထားတာဖြစ်တယ်၊ စစ်အသုံးအဆောင် ပစ္စည်းတွေ လက်ဝယ်တွေ့ရှိလို့ ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှုနဲ့ဖြစ်တယ် ” လို့ ဟုမ္မလင်းမြို့နယ်က ရဲတပ်ဖွဲ့နဲ့ရင်းနှီးသူတယောက်ကပြောပါတယ်။

အဲ့ဒီအမှုကို မိုင်းကိုင်းနယ်မြေရဲစခန်းက (ပ) ၅၉ / ၂၀၂၀ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၀ အရ အမှုဖွင့် အရေးယူထားတာဖြစ်တယ်လို့လည် သိရပါတယ်။

ဒါ့အပြင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အခြေစိုက် တိုင်းလိုင် ( ရှမ်းနီ) အမျိုးသား ဖွံဖြိုးတိုးတက်ရေး ပါတီက အောက်တိုဘာ ၂၉ ရက်နေ့ ၊ ရက်စွဲပါနဲ့ ဖမ်းဆီးခံ ဦးမောင်သိန်း ဟာ ပါတီစည်းရုံးရေး တာဝန်ထမ်းဆောင်နေသူ တစ်ယောက်ဖြစ်ပြီး အမြန်ဆုံး ပြန်လည်လွတ်ပေးဖို့ ထုတ်ပြန်ချက်ထုတ်တောင်းဆိုထားပါတယ်။

ဖမ်းဆီးခံရသူ ဦးမောင်သိန်းနဲ့ ပတ်သက်လို့ သဘောထားမှတ်ချက်သီးခြား ရယူနိုင်ဖို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ဝန်ကြီး ဒေါ်မွှေးမွှေးခင်ကို VOM က ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့သလို တိုင်းလိုင်ပါတီတာဝန်ရှိသူကိုလည်း ဆက်သွယ်မရသေးဖြစ်နေပါတယ်။

ဟုမ္မလင်းမြို့နယ် ဥရုမြစ်ကြောင်း တလျောက်ဟာ ရွှေသတ္ထုထွက်ရှိရာ ဒေသဖြစ်ပြီး ရွှေတူးဖော်ရေး လုပ်ကွက်တွေနဲ့ စက်သုံးဆီ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ ပြည်သူ့ဝန်ထမ်း အယောင်ဆောင် အဖွဲ့တွေက ငွေကြေးကောက်ခံ တောင်းယူတာမျိုးတွေ မကြာခဏ ရှိတယ်လို့ မုံရွာ _ ဆယ်ဇင်း ကုန်တင်အမြန်ရေးယာဥ် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၂ ရက် ည ၇ နာရီကျော်အချိန်မှာ လူ ၃ ယောက် ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်း အယောင်ဆောင် အဖွဲ့တစ်ဖွဲ့ဟာ ဟုမ္မလင်းမြို့နယ် မာလုံကျေးရွာက ဒေသခံပြည်သူတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဥ်လည်း ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တိုင်းလိုင် #ရှမ်းနီ

Zawgy

ရွမ္းနီ အမ်ိဳးသားမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီစည္း႐ုံးေရးမႉးကို အေယာင္ေဆာင္မႈနဲ႔ ဖမ္းဆီးအေရးယူထား

ေအာက္တိုဘာ ၃၀ ၊ ၂၀၂၀
ကိုတိုးႀကီး (VOM)

စစ္ကိုင္းတိုင္း ဟုမၼလင္းၿမိဳ႕နယ္ ပုံႏႊဲ႕ေက်း႐ြာအုပ္စု ​မန္ေမာ္ေက်း႐ြာေန တိုင္းလိုင္ (ရွမ္းနီ) အမ်ိဳးသားမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ စည္း႐ုံးေရးမႈး တစ္ေယာက္ကို ျပည္သူ႔ဝန္ထမ္း အေယာင္ေဆာင္မႈနဲ႔ အမႈဖြင့္ အေရးယူထားတယ္လို႔ သိရပါတယ္။

ေအာက္တိုဘာ ၂၈ ညေနပိုင္း အခ်ိန္က ဟုမၼလင္းအ​ေျခစိုက္ ေျခလ်င္တပ္ရင္း တပ္စိပ္ ၁ စိပ္ဟာ မန္ေမာ္ေက်း႐ြာေန ဦးေမာင္သိန္းဆိုသူရဲ႕ ေနအိမ္ကို ဝင္ေရာက္ရွာေဖြတဲ့အခါ စစ္ယူနီေဖာင္းေတြေတြ႕ရွိခဲ့ရတယ္ဆိုၿပီး ျပည္သူ႔ဝန္ထမ္း တစ္ေယာက္လို အေယာင္ေဆာင္ဖို႔အတြက္ စစ္အသုံးအေဆာင္ ပစၥည္းေတြ လက္ဝယ္ထားတယ္ဆိုၿပီးဖမ္းဆီး အေရးယူခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

” တပ္မေတာ္ အရာရွိ တစ္ေယာက္က တရားလို ျပဳလုပ္ၿပီး ဦးေမာင္သိန္းကို အမႈဖြင့္ တိုင္တန္းထားတာျဖစ္တယ္၊ စစ္အသုံးအေဆာင္ ပစၥည္းေတြ လက္ဝယ္ေတြ႕ရွိလို႔ ျပည္သူ႔ဝန္ထမ္း အေယာင္ေဆာင္မႈနဲ႔ျဖစ္တယ္ ” လို႔ ဟုမၼလင္းၿမိဳ႕နယ္က ရဲတပ္ဖြဲ႕နဲ႔ရင္းႏွီးသူတေယာက္ကေျပာပါတယ္။

အဲ့ဒီအမႈကို မိုင္းကိုင္းနယ္ေျမရဲစခန္းက (ပ) ၅၉ / ၂၀၂၀ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၁၇၀ အရ အမႈဖြင့္ အေရးယူထားတာျဖစ္တယ္လို႔လည္ သိရပါတယ္။

ဒါ့အျပင္ မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ အေျခစိုက္ တိုင္းလိုင္ ( ရွမ္းနီ) အမ်ိဳးသား ဖြံၿဖိဳးတိုးတက္ေရး ပါတီက ေအာက္တိုဘာ ၂၉ ရက္ေန႔ ၊ ရက္စြဲပါနဲ႔ ဖမ္းဆီးခံ ဦးေမာင္သိန္း ဟာ ပါတီစည္း႐ုံးေရး တာဝန္ထမ္းေဆာင္ေနသူ တစ္ေယာက္ျဖစ္ၿပီး အျမန္ဆုံး ျပန္လည္လြတ္ေပးဖို႔ ထုတ္ျပန္ခ်က္ထုတ္ေတာင္းဆိုထားပါတယ္။

ဖမ္းဆီးခံရသူ ဦးေမာင္သိန္းနဲ႔ ပတ္သက္လို႔ သေဘာထားမွတ္ခ်က္သီးျခား ရယူႏိုင္ဖို႔ စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕ ရွမ္းတိုင္းရင္းသားလူမ်ိဳးမ်ားအေရးဆိုင္ရာ ဝန္ႀကီး ေဒၚေမႊးေမႊးခင္ကို VOM က ဖုန္းဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့သလို တိုင္းလိုင္ပါတီတာဝန္ရွိသူကိုလည္း ဆက္သြယ္မရေသးျဖစ္ေနပါတယ္။

ဟုမၼလင္းၿမိဳ႕နယ္ ဥ႐ုျမစ္ေၾကာင္း တေလ်ာက္ဟာ ေ႐ႊသတၳဳထြက္ရွိရာ ေဒသျဖစ္ၿပီး ေ႐ႊတူးေဖာ္ေရး လုပ္ကြက္ေတြနဲ႔ စက္သုံးဆီ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းေတြမွာ ျပည္သူ႔ဝန္ထမ္း အေယာင္ေဆာင္ အဖြဲ႕ေတြက ေငြေၾကးေကာက္ခံ ေတာင္းယူတာမ်ိဳးေတြ မၾကာခဏ ရွိတယ္လို႔ မုံ႐ြာ _ ဆယ္ဇင္း ကုန္တင္အျမန္ေရးယာဥ္ လုပ္ငန္းရွင္ေတြဆီက သိရပါတယ္။

ဒါ့အျပင္ ေအာက္တိုဘာ ၂၂ ရက္ ည ၇ နာရီေက်ာ္အခ်ိန္မွာ လူ ၃ ေယာက္ ပါဝင္တဲ့ ျပည္သူ႔ဝန္ထမ္း အေယာင္ေဆာင္ အဖြဲ႕တစ္ဖြဲ႕ဟာ ဟုမၼလင္းၿမိဳ႕နယ္ မာလုံေက်း႐ြာက ေဒသခံျပည္သူတစ္ေယာက္ကို ဖမ္းဆီးေခၚေဆာင္သြားတဲ့ ျဖစ္စဥ္လည္း ျဖစ္ခဲ့ေသးတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #တိုင္းလိုင္ #ရွမ္းနီ

 

Related posts

Leave a Comment

VOM News

FREE
VIEW