မဲရုံထဲကို မသက်ဆိုင်ဘဲဝင်လို့ ကျောက်ဆည်က ရပ်ကွက်အုပ်ချုပ်ရေးမှူး အမှုဖွင့်အရေးယူခံရ

ကျောက်ဆည်၊ နိုဝင်ဘာ- ၁- ၂၀၂၀
ရှိုင်းအောင်(VOM)

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ရဲစုရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးအောင်တိုးဟာ အသက် ၆၀ နဲ့အထက်ကြိုတင်မဲပေးတဲ့ မဲရုံထဲကို မသက်ဆိုင်ဘဲ ဝင်ရောက်ခဲ့တယ်ဆိုပြီး ပြည်ခိုင်ဖြိုးပါတီဝင် ဦးတင်မင်းမြတ်ဦးက တရားလိုပြုလုပ်ပြီး ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉/ဈ၊ ၆၁ ဃ နဲ့ ကျောက်ဆည်မြို့မစခန်းမှာ အမှုဖွင့် အရေးယူခံထားရတယ်လို့ ကျောက်ဆည်မြို့နယ်အုပ်ချုပ်မေးမှူး ဦးကျော်လွင်က VOM ကိုပြောပါတယ်။

ကြိုတင်မဲရုံဆိုတာက အုပ်ချုပ်ရေးမှူးရုံးမှာဘဲ မဲရုံလုပ်တော့ တချို့မဲ‌ေပးတဲ့သူတွေက ၆၀ အထက်တွေဆိုတော့ မစွမ်းမသန်တွေတချို့ပါတော့ တွဲခေါ်ပွေ့ခေါ်ပြီးတော့ပေါ့ မဲရုံဆိုပေမယ့်လို့ သူတို့ရုံးလိုထင်ပြီးတော့ မဲရုံထဲကိုဝင်တယ်၊ မဲပေးတဲ့ဟာတွေမှာ ကူးလုပ်တယ်ဆိုပြီးတော့ တစ်ဖက်ပါတီကနေပြီးတော့ အမှုဖွင့်တာ သူတို့ကတော့ ဖမ်းတာမဖမ်းတာတော့ မသိသေးဘူး မဲရုံအတွင်းမှာ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ပြီးတော့ မဲဆွယ်စည်းရုံးတယ်ဆိုပြီးတော့ အဲ့ဒါနဲ့ ဖွင့်တာပါ လို့ ကျောက်ဆည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်လွင် ကပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောက်ဆည်မြို့မစခန်းက ဒုရဲမှူး ဦးမျိုးဝင်းကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ မဲရုံအတွင်းဝင်တဲ့ဟာနဲ့ လာတိုင်လို့တော့ အမှုဖွင့်ထားပါတယ် အမှုကတော့ စစ်ဆေးနေဆဲရှိပါသေးတယ် လို့ ပြောပါတယ်။

ကျောက်ဆည်မြို့နယ်မှာ (၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၇) အုပ်စုရှိပြီး အသက် (၆၀) နှစ်နဲ့အထက် အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၂၆၃၅၉) ဦး ရှိတယ်လို့ သိရပါတယ်။

#VOM #VoiceofMyanmar #Election #ရွေးကောက်ပွဲ #ကြိုတင်မဲ #အုပ်ချုပ်ရေးမှူးအရေးယူခံရ

Zawgy

မဲ႐ုံထဲကို မသက္ဆိုင္ဘဲဝင္လို႔ ေက်ာက္ဆည္က ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး အမႈဖြင့္အေရးယူခံရ

ေက်ာက္ဆည္၊ ႏိုဝင္ဘာ- ၁- ၂၀၂၀
ရႈိင္းေအာင္(VOM)

မႏၲေလးတိုင္း၊ ေက်ာက္ဆည္ၿမိဳ႕နယ္၊ ရဲစုရပ္ကြက္က အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္တိုးဟာ အသက္ ၆၀ နဲ႔အထက္ႀကိဳတင္မဲေပးတဲ့ မဲ႐ုံထဲကို မသက္ဆိုင္ဘဲ ဝင္ေရာက္ခဲ့တယ္ဆိုၿပီး ျပည္ခိုင္ၿဖိဳးပါတီဝင္ ဦးတင္မင္းျမတ္ဦးက တရားလိုျပဳလုပ္ၿပီး ေ႐ြးေကာက္ပြဲဥပေဒပုဒ္မ ၅၉/ဈ၊ ၆၁ ဃ နဲ႔ ေက်ာက္ဆည္ၿမိဳ႕မစခန္းမွာ အမႈဖြင့္ အေရးယူခံထားရတယ္လို႔ ေက်ာက္ဆည္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေမးမႉး ဦးေက်ာ္လြင္က VOM ကိုေျပာပါတယ္။

ႀကိဳတင္မဲ႐ုံဆိုတာက အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာဘဲ မဲ႐ုံလုပ္ေတာ့ တခ်ိဳ႕မဲ‌ေပးတဲ့သူေတြက ၆၀ အထက္ေတြဆိုေတာ့ မစြမ္းမသန္ေတြတခ်ိဳ႕ပါေတာ့ တြဲေခၚေပြ႕ေခၚၿပီးေတာ့ေပါ့ မဲ႐ုံဆိုေပမယ့္လို႔ သူတို႔႐ုံးလိုထင္ၿပီးေတာ့ မဲ႐ုံထဲကိုဝင္တယ္၊ မဲေပးတဲ့ဟာေတြမွာ ကူးလုပ္တယ္ဆိုၿပီးေတာ့ တစ္ဖက္ပါတီကေနၿပီးေတာ့ အမႈဖြင့္တာ သူတို႔ကေတာ့ ဖမ္းတာမဖမ္းတာေတာ့ မသိေသးဘူး မဲ႐ုံအတြင္းမွာ ခြင့္ျပဳခ်က္မရွိဘဲ ဝင္ေရာက္ၿပီးေတာ့ မဲဆြယ္စည္း႐ုံးတယ္ဆိုၿပီးေတာ့ အဲ့ဒါနဲ႔ ဖြင့္တာပါ လို႔ ေက်ာက္ဆည္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္လြင္ ကေျပာပါတယ္။

အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး ေက်ာက္ဆည္ၿမိဳ႕မစခန္းက ဒုရဲမႉး ဦးမ်ိဳးဝင္းကို ဆက္သြယ္ေမးျမန္းတဲ့အခါမွာေတာ့ မဲ႐ုံအတြင္းဝင္တဲ့ဟာနဲ႔ လာတိုင္လို႔ေတာ့ အမႈဖြင့္ထားပါတယ္ အမႈကေတာ့ စစ္ေဆးေနဆဲရွိပါေသးတယ္ လို႔ ေျပာပါတယ္။

ေက်ာက္ဆည္ၿမိဳ႕နယ္မွာ (၁၀) ရပ္ကြက္၊ ေက်း႐ြာအုပ္စု (၈၇) အုပ္စုရွိၿပီး အသက္ (၆၀) ႏွစ္နဲ႔အထက္ အသက္အ႐ြယ္ႀကီးရင့္သူေတြနဲ႔ ႀကိဳတင္ဆႏၵမဲ ေပးပိုင္ခြင့္ရွိသူ (၂၆၃၅၉) ဦး ရွိတယ္လို႔ သိရပါတယ္။

#VOM #VoiceofMyanmar #Election #ေ႐ြးေကာက္ပြဲ #ႀကိဳတင္မဲ #အုပ္ခ်ဳပ္ေရးမႉးအေရးယူခံရ

 

Related posts

Leave a Comment

VOM News

FREE
VIEW