အမေရိကန်သမ္မတရွေးကောက်ပွဲ အကြိတ်အနယ်ရှိနေချိန် အနိုင်ရပြီလို့ ဒေါ်နယ်ထရန့် အခိုင်အမာပြော

ဝါရှင်တန်၊ နိုဝင်ဘာ-၄-၂၀၂၀
မျိုးဆက် (VOM)

လက်ရှိကျင်းပနေတဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲဟာ အကြိတ်အနယ်ရှိနေပြီး Electroal Vote လို့ခေါ်တဲ့ ပြည်နယ်ကိုယ်စားပြုမဲတွေကိုရေတွက်ရာ အမေရိကန်ပြည်နယ် ၅၀ က ၄၁ ပြည်နယ်ရဲ့ မဲရလဒ်တွေမှာ ပြိုင်ဘက်သမ္မတလောင်း ဂျိုးဘိုင်ဒန်က ၂၂၄ မဲနဲ့ သမ္မတဒေါ်နယ်ထရန့်က ၂၁၃ မဲရရှိနေပါတယ်။

ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်နဲ့ ဒီမိုကရက်တစ်ပြိုင်ဘက် ဂျိုးဘိုင်ဒန်တို့ နှစ်ဦးထဲ့က မဲ၂၇၀ ရရှိသူဟာ သမ္မတဖြစ်လာမှာပါ။ မိမိအနေနဲ့ အကြီးအကျယ်အနိုင်ရပြီး အောင်ပွဲခံဖို့ အသင့်ဖြစ်နေပြီလို့ အိမ်ဖြူတော်မှာပြု လုပ်တဲ့ ထောက်ခံသူတွေနဲ့ တွေ့ဆုံပွဲမှာ ထရန့်က အခိုင်အမာဆိုပါတယ်။

ဒါပေမယ့် ဖလော်ရီဒါ၊ အိုဟိုင်းအိုး၊ ဂျော်ဂျီယာ၊ မြောက်ကယ်ရိုလိုင်းနားတို့လို ဒေါ်နယ်ထရန့်အသာရနိုင်ခြေရှိတဲ့ ပြည်နယ်မဲရလဒ်တွေ ရေတွက်ဖို့ ကျန်နေသေးပြီး ဒီပြည်နယ်တွေကနေ ၉၄ မဲလောက်ရရှိနိုင်တာကြောင့် ဒေါ်နယ်ထရန့် အနေနဲ့ ပြိုင်ဘက်သမ္မတလောင်းကို အသာစီးရယူသွားနိုင်တဲ့ အခြေအနေတွေရှိနေပါတယ်။

အရီဇိုးနား၊ ဝစ်ကွန်ဆင်၊ မီချီဂန်နဲ့ ပင်ဆယ်လ်ဗေးနီးယားတို့လို အဓိကပြည်နယ်တွေမှာတော့ ပြိုင်ဘက်သမ္မတနှစ်ဦးရဲ့ အခြေအနေဟာ အကြိတ်အနယ်ဖြစ်နေပါတယ်။ ပြိုင်ဘက်သမ္မတလောင်း ဂျိုးဘိုင်ဒန်ဟာ အရီဇိုးနားပြည်နယ်မှာ အသာစီးရနေပြီး နီဗားဒါးပြည်နယ် မဲရလဒ်အတွက်တော့ ထရန့်နဲ့ သူမသာ ကိုယ်မသာဖြစ်နေပေမယ့် အောင်မြင်မှုလမ်းကြောင်းပေါ်မှာရှိတယ်လို့ ဘိုင်ဒန်ကပြောပြန်ပါတယ်။

ရွေးကောက်ပွဲမှာ မဲသမာမှုတွေရှိတယ်လို့ သူကအထောက်အထားမဲ့ပြောဆိုခဲ့ပြီး မဲရေတွက်မှုတွေ ဆက်လက်လုပ်ဆောင်နေပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး တရားရုံးချုပ်ထိ တက်မယ်လို့ ထရန့်ကဆိုပါတယ်။ လက်ရှိအချိန်ထိ မဲတွေကို ရေတွက်နေဆဲဖြစ်ပြီး စာတိုက်ကနေ ကြိုတင်မဲပေးသူတွေဟာလည်း သန်း ၁၀၀ ထိရှိနေပါတယ်။

လက်ရှိအချိန်ထိတော့ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန် သမ္မတလောင်းနှစ်ဦးရဲ့ မဲရလဒ်တွေဟာ အကြိတ်အနယ်ရှိလာနေပြီး ပြတ်ပြတ်သားသား ရလဒ်ထွက်ပေါ်မလာသေးပါဘူး။

Ref: AP/BBC
Photo: Getty Images

Zawgy

အေမရိကန္သမၼတေ႐ြးေကာက္ပြဲ အႀကိတ္အနယ္ရွိေနခ်ိန္ အႏိုင္ရၿပီလို႔ ေဒၚနယ္ထရန႔္ အခိုင္အမာေျပာ

ဝါရွင္တန္၊ ႏိုဝင္ဘာ-၄-၂၀၂၀
မ်ိဳးဆက္ (VOM)

လက္ရွိက်င္းပေနတဲ့ အေမရိကန္သမၼတေ႐ြးေကာက္ပြဲဟာ အႀကိတ္အနယ္ရွိေနၿပီး Electroal Vote လို႔ေခၚတဲ့ ျပည္နယ္ကိုယ္စားျပဳမဲေတြကိုေရတြက္ရာ အေမရိကန္ျပည္နယ္ ၅၀ က ၄၁ ျပည္နယ္ရဲ႕ မဲရလဒ္ေတြမွာ ၿပိဳင္ဘက္သမၼတေလာင္း ဂ်ိဳးဘိုင္ဒန္က ၂၂၄ မဲနဲ႔ သမၼတေဒၚနယ္ထရန႔္က ၂၁၃ မဲရရွိေနပါတယ္။

ရီပတ္ဘလီကန္သမၼတေလာင္း ေဒၚနယ္ထရန႔္နဲ႔ ဒီမိုကရက္တစ္ၿပိဳင္ဘက္ ဂ်ိဳးဘိုင္ဒန္တို႔ ႏွစ္ဦးထဲ့က မဲ၂၇၀ ရရွိသူဟာ သမၼတျဖစ္လာမွာပါ။ မိမိအေနနဲ႔ အႀကီးအက်ယ္အႏိုင္ရၿပီး ေအာင္ပြဲခံဖို႔ အသင့္ျဖစ္ေနၿပီလို႔ အိမ္ျဖဴေတာ္မွာျပဳ လုပ္တဲ့ ေထာက္ခံသူေတြနဲ႔ ေတြ႕ဆုံပြဲမွာ ထရန႔္က အခိုင္အမာဆိုပါတယ္။

ဒါေပမယ့္ ဖေလာ္ရီဒါ၊ အိုဟိုင္းအိုး၊ ေဂ်ာ္ဂ်ီယာ၊ ေျမာက္ကယ္႐ိုလိုင္းနားတို႔လို ေဒၚနယ္ထရန႔္အသာရႏိုင္ေျခရွိတဲ့ ျပည္နယ္မဲရလဒ္ေတြ ေရတြက္ဖို႔ က်န္ေနေသးၿပီး ဒီျပည္နယ္ေတြကေန ၉၄ မဲေလာက္ရရွိႏိုင္တာေၾကာင့္ ေဒၚနယ္ထရန႔္ အေနနဲ႔ ၿပိဳင္ဘက္သမၼတေလာင္းကို အသာစီးရယူသြားႏိုင္တဲ့ အေျခအေနေတြရွိေနပါတယ္။

အရီဇိုးနား၊ ဝစ္ကြန္ဆင္၊ မီခ်ီဂန္နဲ႔ ပင္ဆယ္လ္ေဗးနီးယားတို႔လို အဓိကျပည္နယ္ေတြမွာေတာ့ ၿပိဳင္ဘက္သမၼတႏွစ္ဦးရဲ႕ အေျခအေနဟာ အႀကိတ္အနယ္ျဖစ္ေနပါတယ္။ ၿပိဳင္ဘက္သမၼတေလာင္း ဂ်ိဳးဘိုင္ဒန္ဟာ အရီဇိုးနားျပည္နယ္မွာ အသာစီးရေနၿပီး နီဗားဒါးျပည္နယ္ မဲရလဒ္အတြက္ေတာ့ ထရန႔္နဲ႔ သူမသာ ကိုယ္မသာျဖစ္ေနေပမယ့္ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚမွာရွိတယ္လို႔ ဘိုင္ဒန္ကေျပာျပန္ပါတယ္။

ေ႐ြးေကာက္ပြဲမွာ မဲသမာမႈေတြရွိတယ္လို႔ သူကအေထာက္အထားမဲ့ေျပာဆိုခဲ့ၿပီး မဲေရတြက္မႈေတြ ဆက္လက္လုပ္ေဆာင္ေနေပမယ့္ ဒီကိစၥနဲ႔ပတ္သက္ၿပီး တရား႐ုံးခ်ဳပ္ထိ တက္မယ္လို႔ ထရန႔္ကဆိုပါတယ္။ လက္ရွိအခ်ိန္ထိ မဲေတြကို ေရတြက္ေနဆဲျဖစ္ၿပီး စာတိုက္ကေန ႀကိဳတင္မဲေပးသူေတြဟာလည္း သန္း ၁၀၀ ထိရွိေနပါတယ္။

လက္ရွိအခ်ိန္ထိေတာ့ ဒီမိုကရက္တစ္နဲ႔ ရီပတ္ဘလီကန္ သမၼတေလာင္းႏွစ္ဦးရဲ႕ မဲရလဒ္ေတြဟာ အႀကိတ္အနယ္ရွိလာေနၿပီး ျပတ္ျပတ္သားသား ရလဒ္ထြက္ေပၚမလာေသးပါဘူး။

Ref: AP/BBC
Photo: Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW