Quarantine တဲ့ မဲဆန္ဒရှင်တွေ မဲလက်မှတ်နဲ့ ၆ ပေအကွာက ကြိုတင်မဲပေးရမည်

မြစ်ကြီးနား- နိုဝင်ဘာ၄-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ် ၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က Quarantine Center တွေမှာ အသွားအလာ ကန့်သတ်ခံထားရသူတွေကို နိုဝင်ဘာလ ၄ ရက်နေ့ကစပြီး ကြိုတင်မဲပေးခွင့် ပြုခဲ့ပြီး မဲဆန္ဒရှင်တွေဟာ မဲလက်မှတ်နဲ့ ၆ ပေအကွာကနေ မဲပေးရမှာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးနဲ့ ဝိုင်းမော်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသိန်းမြို့တို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။

Quarantine Center က မဲပေးခွင့်ရှိသူတွေကို ကြိုတင်မဲကောက်ယူမှု အနေနဲ့ မြစ်ကြီးနားမြို့နယ်အတွင်း နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက်မှာ ကောက်ယူမှာဖြစ်ပြီး ဝိုင်းမော်မြို့နယ် အတွင်းမှာတော့ ၅ ရက်နေ့ကနေ ၇ ရက်အတွင်း ကောက်ယူမယ်လို့ သိရပါတယ်။ အဲ့ဒီလိုမဲပေးတဲ့အခါမှာ ရပ်ကျေးကော်မရှင် တာဝန်ရှိသူတွေ၊ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေနဲ့ စောင့်ကြည့်ရေး အဖွဲ့ဝင်တွေ ပါဝင်မှာဖြစ်ပါတယ်။

မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကတော့ ရပ်ကွက်အလိုက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေက တာဝန်ရှိသူ ၂ ဦးစီ လိုက်လံကောက်ယူမယ်လို့ ပြောပါတယ်။

ကြိုတင်မဲကောက်ယူဖို့Quarantine Center တွေကိုရောက်တဲ့အခါ မဲပေးဖို့နေရာ တစ်နေရာ သတ်မှတ်ပြီး လုံခြုံစိတ်ချမှုရှိရှိ မဲပေးနိုင်အောင် ဆောင်ရွက်ပေးမယ်လု့ိ ဆိုပါတယ်။ မဲရုံမှာ မဲပေးတဲ့အခါ ကြိုတင်မဲလက်ခံဖို့ သွားတဲ့သူတွေအားလုံး ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကာအကွယ်တွေ လုံလုံခြုံခြုံ ဝတ်ဆင်သွားရမှာ ဖြစ်ပါတယ်။
Quarantine Center မဲပေးမယ့်သူနဲ့ ၆ ပေအကွာကနေ ကြိုတင်မဲပေးရမယ့် လုပ်ငန်းစဉ်တွေရှင်းပြပြီး မဲဆန္ဒရှင်ကတော မဲလက်မှတ်တွေကို ကိုင်တွယ်လို့ ရမှာ မဟုတ်ပါဘူး၊ သူ့ကိုယ်စား ရပ်ကွက်ကျေးရွာ ကော်မရှင်က တာဝန်ရှိသူက မဲဆန္ဒရှင်ပြောတဲ့အတိုင်း မဲလက်မှတ်မှာ နှိပ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ မဲဆန္ဒရှင်ရှေ့မှာပဲ မဲလက်မှတ်ကို သေချာခေါက်ပြီး စာအိတ်ထဲ ထည့်ပေးမှာဖြစ်တယ်လို့ ဝိုင်းမော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါက်တာသိန်းမြို့က ပြောပါတယ်။

လက်ရှိစာရင်းအရ မြစ်ကြီးနားမြို့နယ်အတွင်း Quarantine ဝင်နေသူ မဲဆန္ဒရှင် ၁၀၀ ကျော်ရှိပြီး ဝိုင်းမော်မြို့နယ်အတွင်းမှာ QuarantineCenter ၃၀ လောက်ရှိပြီး Quarantine ဝင်နေသူဦးရေ ၇၀ လောက်ရှိတယ်လို့ သိရပါတယ်။

#Voiceofmyanmar #VOM #ြမစ်ကြီးနား #Quarantineဝင်နေတဲ့မဲဆန္ဒရှင်တွေ

zawgy

Quarantine တဲ့ မဲဆႏၵရွင္ေတြ မဲလက္မွတ္နဲ႔ ၆ ေပအကြာက ႀကိဳတင္မဲေပးရမည္

ျမစ္ႀကီးနား- ႏိုဝင္ဘာ၄-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ကခ်င္ျပည္နယ္ ၊ ျမစ္ႀကီးနားနဲ႔ ဝိုင္းေမာ္ၿမိဳ႕နယ္က Quarantine Center ေတြမွာ အသြားအလာ ကန႔္သတ္ခံထားရသူေတြကို ႏိုဝင္ဘာလ ၄ ရက္ေန႔ကစၿပီး ႀကိဳတင္မဲေပးခြင့္ ျပဳခဲ့ၿပီး မဲဆႏၵရွင္ေတြဟာ မဲလက္မွတ္နဲ႔ ၆ ေပအကြာကေန မဲေပးရမွာ ျဖစ္တယ္လို႔ ျမစ္ႀကီးနားၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန အုပ္ခ်ဳပ္ေရးမႉးနဲ႔ ဝိုင္းေမာ္ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ဝင္ ေဒါက္တာသိန္းၿမိဳ႕တို႔ရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

Quarantine Center က မဲေပးခြင့္ရွိသူေတြကို ႀကိဳတင္မဲေကာက္ယူမႈ အေနနဲ႔ ျမစ္ႀကီးနားၿမိဳ႕နယ္အတြင္း ႏိုဝင္ဘာ ၄ ရက္နဲ႔ ၅ ရက္မွာ ေကာက္ယူမွာျဖစ္ၿပီး ဝိုင္းေမာ္ၿမိဳ႕နယ္ အတြင္းမွာေတာ့ ၅ ရက္ေန႔ကေန ၇ ရက္အတြင္း ေကာက္ယူမယ္လို႔ သိရပါတယ္။ အဲ့ဒီလိုမဲေပးတဲ့အခါမွာ ရပ္ေက်းေကာ္မရွင္ တာဝန္ရွိသူေတြ၊ က်န္းမာေရးဌာနက တာဝန္ရွိသူေတြနဲ႔ ေစာင့္ၾကည့္ေရး အဖြဲ႕ဝင္ေတြ ပါဝင္မွာျဖစ္ပါတယ္။

ျမစ္ႀကီးနားၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန အုပ္ခ်ဳပ္ေရးမႉး ဦးသန္းဝင္းကေတာ့ ရပ္ကြက္အလိုက္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ေတြက တာဝန္ရွိသူ ၂ ဦးစီ လိုက္လံေကာက္ယူမယ္လို႔ ေျပာပါတယ္။

ႀကိဳတင္မဲေကာက္ယူဖို႔Quarantine Center ေတြကိုေရာက္တဲ့အခါ မဲေပးဖို႔ေနရာ တစ္ေနရာ သတ္မွတ္ၿပီး လုံၿခဳံစိတ္ခ်မႈရွိရွိ မဲေပးႏိုင္ေအာင္ ေဆာင္႐ြက္ေပးမယ္လု႔ိ ဆိုပါတယ္။ မဲ႐ုံမွာ မဲေပးတဲ့အခါ ႀကိဳတင္မဲလက္ခံဖို႔ သြားတဲ့သူေတြအားလုံး က်န္းမာေရးနဲ႔ပတ္သက္တဲ့ အကာအကြယ္ေတြ လုံလုံၿခဳံၿခဳံ ဝတ္ဆင္သြားရမွာ ျဖစ္ပါတယ္။
Quarantine Center မဲေပးမယ့္သူနဲ႔ ၆ ေပအကြာကေန ႀကိဳတင္မဲေပးရမယ့္ လုပ္ငန္းစဥ္ေတြရွင္းျပၿပီး မဲဆႏၵရွင္ကေတာ မဲလက္မွတ္ေတြကို ကိုင္တြယ္လို႔ ရမွာ မဟုတ္ပါဘူး၊ သူ႔ကိုယ္စား ရပ္ကြက္ေက်း႐ြာ ေကာ္မရွင္က တာဝန္ရွိသူက မဲဆႏၵရွင္ေျပာတဲ့အတိုင္း မဲလက္မွတ္မွာ ႏွိပ္ေပးရမွာ ျဖစ္ပါတယ္။ ၿပီးတဲ့အခါမွာ မဲဆႏၵရွင္ေရွ႕မွာပဲ မဲလက္မွတ္ကို ေသခ်ာေခါက္ၿပီး စာအိတ္ထဲ ထည့္ေပးမွာျဖစ္တယ္လို႔ ဝိုင္းေမာ္ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ေဒါက္တာသိန္းၿမိဳ႕က ေျပာပါတယ္။

လက္ရွိစာရင္းအရ ျမစ္ႀကီးနားၿမိဳ႕နယ္အတြင္း Quarantine ဝင္ေနသူ မဲဆႏၵရွင္ ၁၀၀ ေက်ာ္ရွိၿပီး ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းမွာ QuarantineCenter ၃၀ ေလာက္ရွိၿပီး Quarantine ဝင္ေနသူဦးေရ ၇၀ ေလာက္ရွိတယ္လို႔ သိရပါတယ္။

#Voiceofmyanmar #VOM #ျမစ္ႀကီးနား #Quarantineဝင္ေနတဲ့မဲဆႏၵရွင္ေတြ

 

Related posts

Leave a Comment

VOM News

FREE
VIEW