ထိုင်းအစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေး ဆန္ဒပြသူတွေ လက်မခံ

ဘန်ကောက်၊ နိုဝင်ဘာ-၆-၂၀၂၀
မျိုးဆက် (VOM)

ထိုင်းအစိုးရနဲ့အတူဖွဲ့စည်းမယ့် ပြန်လည်သင့်မြတ်ရေးကော်မတီမှာ ပူးပေါင်းပါဝင်ပြီး တွေ့ဆုံဆွေးနွေးရေးကို ထိုင်းဆန္ဒပြအုပ်စုက ငြင်းဆန်လိုက်ပါတယ်။

ထိုင်းလူငယ်တွေဦးဆောင်ပြီး ဘန်ကောက်မှာပြုလုပ်နေတဲ့ ဆန္ဒပြမှုတွေကို လျော့ပါးစေရန်အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းရေးကို အောက်တိုဘာ ၂၇ ရက်မှာကျင်းပတဲ့ ထိုင်းပါလီမန် အထူးအစည်းအဝေးမှာ အဆိုပြုခဲ့ပါတယ်။

အဲ့ဒီကော်မတီဖွဲ့စည်းတာဟာ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာအတွက် အချိန်ဖြုန်းတဲ့ နိုင်ငံရေးပြပွဲတစ်ခုသာဖြစ်ကြောင်း ၊ ဝန်ကြီးချုပ်ပရာယွတ် တာဝန်ထမ်းဆောင်နေသမျှကာလပတ်လုံး ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ဆန္ဒပြသူတွေက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ထိုင်းအစိုးရအနေနဲ့ ပြန်လည်သင့်မြတ်ရေးကော်မတီဖွဲ့စည်းဖို့အတွက် အဖွဲ့ဝင်ရွေးချယ်တာတွေကို လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ထိုင်းလူငယ်တွေကတော့ ဆန္ဒပြပွဲတွေကို ဆက်လက်ပြုလုပ်ဖို့ စီစဉ်ထားပြီး သူတို့ရဲ့ တောင်းဆိုမှုတွေထဲမှာ ဝန်ကြီးချုပ် ပရာယွတ်နှုတ်ထွက်ပေးရေးနဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးတို့ပါဝင်နေပါတယ်။

Ref : NHK
Photo: Reuters
#voiceomyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW