ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ရုံး ပေါက်ကွဲမှုဖြစ်ပွား

နိုဝင်ဘာ ၆-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး-၇ရှိ ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ရုံးဝင်း အဆောက်အဦးတစ်ခုဘေးမှာ ဒီကနေ့နေ့လယ်၂ နာရီ ၄၀ မိနစ်ခန့်က ပေါက်ကွဲ
မှုတစ်ခုဖြစ်ပေါ်ခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

” လက်တလော ဘာပေါက်ကွဲတာလည်း စုံစမ်းနေဆဲပဲ။ အခုသိရ‌သလောက်ထိ လူထိခိုက် မှုမရှိဘူး။ တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတွေရောက်နေပြီ”လို့ အခင်းဖြစ်နေရာကိုရောက်နေတဲ့ ဒေသခံဦးသန်းဝင်းနိုင်က ပြောပါတယ်။

ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ရုံး ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ကော်မရှင်တာဝန်ရှိသူတွေကို ဆက်သွယ်စုံစမ်‌းနေပြီး ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Photo – သန်းဝင်းနိုင်
#voiceofmyanmar #VOM #ပဲခူး #ရွေးကောက်ပွဲကော်မရှင်ရုံး #ပေါက်ကွဲမှုဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW