တနင်္သာရီမှာ NLD က တိုင်းလုံးကျွတ် အနိုင်ရ

နိုဝင်ဘာ၊ ၉- ၂၀၂၀
ရှိုင်းအောင်(VOM)

တနင်္သာရီမှာတိုင်းအတွင်းက မြို့နယ် ၁၀ ခုမှာ NLDပါတီက တိုင်းလုံးကျွတ် ရာနှုန်းပြည့် အနိုင်ရခဲ့တယ်လို့ တနင်္သာရီတိုင်းဒေသကြီး လက်ရှိ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်တင်တင်ရီက VOM ကိုပြောပါတယ်။

“အကုန်လုံးကို နိုင်တယ်လေ၊ တစ်တိုင်းလုံးကိုနိုင်တာ ရာနှုန်းပြည့်၊ အငြင်းပွားတာဆိုတာထက် မသမာမှုတွေရှိတယ်၊ မဲရုံမှူးတွေက မျက်နှာလိုက်တာတွေ ကြိုတင်မဲကိစ္စတွေ၊ ဘာသာရေးအကြောင်းပြပြီး မဲဆွယ်တာတွေ၊ သစ်ခိုးထုတ်တာတွေ မဖမ်းဘူးဆိုပြီး မဲဆွယ်တာတွေ ပုတ်ခတ်ပြောဆိုမဲဆွယ်တာတွေ ကြုံခဲ့ပေမယ့် နောက်ဆုံးတော့လည်း အန်တီတို့ပဲနိုင်ခဲ့တာပါ”လို့ တနင်္သာရီတိုင်း၊ ကျွန်းစုမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီက VOMကိုပြောပါတယ်။

တနင်္သာရီတိုင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ထားဝယ်တိုင်းရင်းသားများပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၂၂၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာလည်း NLDပါတီက တနင်္သာရီတိုင်းမှာ ရာနှုန်းပြည့်အနိုင်ရခဲ့ပါတယ်။

#တနင်္သာရီ #VOM #VoiceofMyanmar #NLD #Election

Related posts

Leave a Comment

VOM News

FREE
VIEW