ဒဘတ်ယန် စစ်​ရှောင်​တွေရဲ့ အိမ်ပြန်ခရီး
နို၀င်ဘာ ၁၃-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဒဘတ်ယန်ကျေးရွာက စစိဘေးရှောင်နေတဲ့ အိမ်ထောင်စု ၂၁၆ စုနေထိုင်ဖို့ နေအိမ်တွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ အပြီးတည်ဆောက်မှာဖြစ်ပြီး မတ်လမှာ အားလုံးပြန်လာနိုင်ဖို့ စီစဉ်ပေးသွားမှာ ဖြစ်တယ်လို့ ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) တွဲဘက်အတွင်းရေးမှူး-၃ ဦးခါးလီက ပြောပါတယ်။ ၂၀၁၁ ခုနှစ် တစ်ကြော့ပြန် စစ်ပွဲတွေကြောင့် စစ်ရှောင်စခန်းတွေဆီ ရောက်ခဲ့ရလို့ ပျက်စီးနေတဲ့ နေအိမ်တွေအတွက် ပြင်ဆင်စရိတ်အဖြစ် တစ်အိမ်ကို ၁၀ သိန်း နဲ့ ၁၅ သိန်းဝန်းကျင် ထောက်ပံ့ပေးမှာဖြစ်ပြီး အသစ်ဆောက်ပေးရမယ့် နေအိမ်တွေကိုတော့ (KHCC)အနေနဲ့ သိန်း ၄၀ – ၄၅ သိန်းတန် တန်ဖိုးနည်း နေအိမ် တည်ဆောက်ပေးသွားမယ်လို့ ပြောပါတယ်။ အဲ့ဒီလို ဆောင်ရွက်ပေးတဲ့အခါ ဒဘတ်ယန်ကျေးရွာမှာ အမှန်တကယ် နေထိုင်တဲ့ အိမ်ထောင်စု…
Read More
စောင်းတန်းလေးသွယ်မှ လမ်းဘေးဈေးသည်ဘဝ
Read More
၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူ့ပါတီအတွင်း သဘောထားကွဲလွဲချက်တွေရှိနေ
နိုဝင်ဘာ ၁၂-၂၀၂၀ အေးချမ်းသူ(VOM) ၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီးမှာ ပြည်သူ့ပါတီအတွင်း သဘောထားကွဲလွဲချက်တွေ ဖြစ်ပေါ်လာပါတယ်။ ပြည်သူ့ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ၂၀၂၀အထွေထွေရွေးကောက်ပွဲအငြင်းပွားမှုတွေ အချိန်မှီတားဆီးထိန်းသိမ်းပေးဖို့တင်ပြတောင်းဆိုမှုတစ်ခု နိုဝင်ဘာ ၁၁ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလိုတင်ပြတောင်းဆိုခဲ့တဲ့ ပြည်သူ့ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးသီဟထွန်းကိုဆက်သွယ်မေးမြန်းရာမှာတော့ ” လိုအပ်ရင်ကန့်ကွက်လွှာတွေတင်ရမှာကိုး၊ ဒါပေမယ့် မြေပြင်မှာ သတင်းအချက်အလက်တွေ ပြန်လည်ရှာဖွေစုဆောင်းတဲ့အခါမှာ အစ်ကိုတို့မှာ အခက်အခဲအများကြီးရှိတယ်။ လုံခြုံရေး အခက်အခဲ သတင်းရယူဖို့ အခက်အခဲတွေရှိတယ်။ အချို့နေရာတွေမှာဆိုရင် ရန်သူလိုမြင်နေတာတွေရှိနေတယ်။ ဒါတွေကို သက်ဆိုင်ရာက ထိန်သိမ်းထားနိူင်တဲ့ အဖွဲ့အစည်းတစ်ခုလိုတယ်။ အဲ့ဒါကြောင့် တင်ပြတောင်းဆိုရတာပါ”လို့ VOMကိုပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ရာမှာ အငြင်းပွားမှုပုံစံအမျိုးမျိုးကိုမြင်တွေ့ရပြီး လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပဲွဲဖြစ်/မဖြစ် လိုအပ်တဲ့စစ်ဆေးစုံစမ်းမှုတွေပြုလုပ်ဖို့အတွက် အချိန်မှီ ထိန်းသိမ်းတားဆီးပေးဖို့ ကာကွယ်ရေးဦးစီးချုပ်ကို တင်ပြတောင်းဆိုတာဖြစ်တယ်လို့ တောင်းဆိုထားတဲ့စာမှာ ဖော်ပြထားပါတယ်။ ပါတီကနေ ဝင်ရောက်ရွေးချယ်ခံတဲ့ ကိုယ်စားလှယ်လောင်းအားလုံးဟာ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါမယ်လို့ ခံဝန်ကတိထိုးထားတာကြောင့်…
Read More
မဲရုံတာဝန်ကျခဲ့တဲ့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိ
နိုဝင်ဘာ ၁၂-၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးမြို့နယ်၊ မယ်လှတောင်ကျေးရွာအုပ်စု၊ မြင်းကင်းကျေးရွာမဲရုံမှာ တာဝန်ကျခဲ့တဲ့ ရွေးကော်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးမှာ ကိုဗစ်ပိုးကူးစက်ခံထားရတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာရရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ”နိုဝင်ဘာ ၁၀ရက်နေ့က မြင်းကင်းက လူနာတယောက်အနံ့မရလို့ဆေးရုံတင်ပြီး စစ်ကြည့်တော့ပိုးတွေ့တာဖြစ်တယ်”လို့ မကွေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဥမ္မာအေးက ပြောပါတယ်။ လူဦးရေတစ်ထောင်ကျော်ရှိတဲ့ မြင်းကင်းကျေးရွာကို အသွားအလာကန့်သတ်လိုက်ထားရှိပြီး မြို့ပေါ်က အလှူရှင်တွေ၊ ပါတီတချို့နဲ့ လူမှုကယ်ဆယ်ရေးပရဟိတအသင်းတွေက အကူညီပေးနေတယ်လို့ သိရပါတယ်။ အဲ့ဒီကျေးရွာနဲ့နီးစပ်သူတဦးပြောပြတာကတော့ ”ရွာရဲ့အနောက်မှာ မူလတန်းလွန်ကျောင်းရှိတယ်၊ အဲ့ဒီမှာကျန်တဲ့ ထိစပ်သူတွေတချို့ကွာရန်တင်းထားတယ်”လို့ပြောပါတယ်။ မကွေးမြို့နယ်မှာ ၂၀၂၀အထွေထွေရွေးကောက်ပွဲနဲ့ဆက်စပ်ပြီး ကြိုတင်မဲပေးချိန်ကလည်း သိင်္ဂါရပ်ကွက်မဲရုံမှာ မဲပေးသူတဦးဆီမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး နိုဝင်ဘာ၈ရက်နေ့မှာလည်း ယင်းမာတောကျေးရွာ မဲရုံတာဝန်ကျခဲ့တဲ့ ဆရာမတဦးမှာ ကိုဗစ်ပိုးတွေ့ပြီး သူနဲ့ထိစပ်တဲ့သူရဲ့အမျိုးသားမှာလည်း ကိုဗစ်ပိုးတွေ့ခဲ့တာလည်းဖြစ်ပါတယ်။ အခုတွေ့ရှိတဲ့ မြင်းကင်းကျေးရွာက ကိုဗစ်ပိုးတွေ့လူနာတွေကို မကွေးတိုင်းဆေးရုံကြီးမှာ ဆေးကုသမှုပေးနေပြီး ထိစပ်သူတွေကိုလည်း စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မကွေး #မဲရုံ
Read More
သန်လျင်ဘိုးဘွားရိပ်သာမှာ လူဦးရေ ၃၈၀ကျော် ကိုဗစ်ပိုးကူးစက်ခံရပြီး သေဆုံးသူ ၅ဦးထိရှိ
နိုဝင်ဘာ ၁၂-၂၀၂၀ သိင်္ဂီထွန်း(VOM ) ရန်ကုန်မြို့၊ သန်လျင်သဘာဝတရားရိပ်သာမှာရှိတဲ့ သီလရှင်၊ ရဟန်း၊ အဖိုး ၊ အဖွား ၊ ဝေယျာဝစ္စလုပ်ကိုင်ပေးသူ စုစုပေါင်း ၃၈၀ ကျော်မှာ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရတာဖြစ်ပြီး ကိုဗစ်ကြောင့်သေဆုံးသူ ၅ ဦးအထိ ရှိထားတယ်လို့ သိရပါတယ်။ မနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ရောဂါသက်သာလို့ ဆင်းခွင့်ရရှိတဲ့ အဖိုး၊အဖွား ၁၇၅ ဦးအထိရှိနေပြီး သူတို့အားလုံးကို သန်လျင် နည်းပညာတက္ကသိုလ်မှာ ဟုမ်းကွာရန်တင်း အဖြစ် ၇ ရက် ထားထားတယ်လို့ သိရပါတယ်။ “ပြန်ဆင်းလာတဲ့သူက ၁၇၅ ယောက်ရှိတယ်။ မနေ့ကထိပေါ့။ ဒီနေ့လည်း ဆင်းဖို့ရှိသေးတယ်။ ညနေပိုင်းမှ သိရမယ်။ သူက သီးသန့်ထားစရာနေရာမရှိလို့။ သူတို့က ပြန်ရင် ၇ ရက်သီးသန့်နေရမှာဆိုတော့ သီးသန့် တစ်ပါးတို့ နှစ်ပါးတို့ အဲ့ဒီလိုမျိုးနေရာတွေပေးစရာမရှိတော့ မြို့နယ်အုပ်ချုပ်ရေးကိုအကူအညီတောင်းပြီးတော့ တိုင်းကျန်းမာရေးနဲ့ညှိပြီးတော့…
Read More
ဟောင်ကောင် အတိုက်အခံလွှတ်တော်အမတ်အားလုံး နှုတ်ထွက်၊ ဗဟိုအစိုးရကို ဗြောင်ကျကျစိန်ခေါ်တာလို့ တရုတ်အစိုးရပြော
ဟောင်ကောင်၊ နိုဝင်ဘာ-၁၂-၂၀၂၀ မျိုးဆက် (VOM) ဟောင်ကောင်အတိုက်အခံ လွှတ်တော်အမတ်တွေ အစုလိုက်အပြုံလိုက် လွှတ်တော်ကနေနှုတ်ထွက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက ပြစ်တင်ရှုတ်ချလိုက်ပြီး ဒါဟာ တရုတ်အစိုးရရဲ့ အခွင့်အာဏာကို မထီမဲ့မြင်ပြုပြီး ပွင့်ပွင့်လင်းလင်း စိန်ခေါ်လိုက်တာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တရုတ်အစိုးရဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ယူဆတဲ့ ဟောင်ကောင်အတိုက်အခံအမတ် ၄ ဦးကို ထုတ်ပယ်လိုက်ပြီးနောက် အခြားအတိုက်အခံ အမတ် ၁၅ ဦးကလည်း နှုတ်ထွက်မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ လွှတ်တော်အမတ် ၄ ဦးကို ထုတ်ပယ်လိုက်တဲ့ လုပ်ရပ်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းအပါအဝင် ဟောင်ကောင်ရဲ့ အခွင့်အရေးတွေကို တရုတ်အစိုးရက နောက်ထပ်ကန့်သတ်လိုက်တာလို့ အများစုက ရှုမြင်နေကြပြီး တရုတ်အစိုးရကတော့ ငြင်းဆိုထားပါတယ်။ အတိုက်အခံအမတ်တွေ အများအပြားနှုတ်ထွက်လိုက်တဲ့ကိစ္စအပေါ် တရုတ်နိုင်ငံရဲ့ ဟောင်ကောင်၊ မကာအိုဆက်ဆံရေးရုံးက ပြစ်တင်ရှုတ်ချလိုက်ပြီး ဒါဟာ တရုတ်အစိုးရရဲ့ အခွင့်အာဏာ၊ အခြေခံဥပဒေနဲ့ ဟောင်ကောင်ဖွဲ့စည်းပုံကို ဗြောင်ကျကျစိန်ခေါ်လိုက်တာလို့ ဆိုပါတယ်။ ဒါဟာ…
Read More
ပုံစံမကျတဲ့ ဆန္ဒမဲပေးမှုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေက ရွေကောက်ပွဲကော်ရှင်ကို အကြောင်းကြားစာပို့ထား
နိုဝင်ဘာ ၁၂ -၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်အတွင်း ဆန္ဒမဲပေးရာမှာ ပုံစံမကျတဲ့ နည်းလမ်းတွေနဲ့ ဆန္ဒမဲပေးသူတချို့ရှိခဲ့တဲ့အတွက် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေက အဲ့ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို မနေ့ နိုဝင်ဘာ ၁၁ရက်နေ့က အကြောင်းကြားစာပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအကြောင်းကြားစာထဲမှာ ဖောင်းပြင်မြို့၊ ကွျှန်းရွှေဝါရပ်ကွက်မဲရုံမှာ အမျိုးသားတစ်ဦးဟာ ကြိုတင်မဲပေးခဲ့ပြီးနောက်ပိုင်း ဝဲလှော်ကျေးရွာမှာ နောက်တကြိမ် ဆန္ဒမဲ ထပ်မံပေးခဲ့တဲ့ ဖြစ်စဉ်အပါအဝင် ဖောင်းပြင်မြို့၊ အင်ကြင်းမြိုင်ရပ် အမှတ်-၂မဲရုံမှာ နိုဝင်ဘာ ၈ ရက်က ဆန္ဒမဲစာရင်းမှာ အမည်မပါတဲ့ အမျိုးသမီးတစ်ဦးက အခြားလူတစ်ယောက်ရဲ့ အမည်နဲ့ ဆန္ဒမဲပေးခဲ့တယ်ဆိုတဲ့ အချက်အလက်တွေ ပါဝင်တယ်လို့ သိရပါတယ်။ ” ကော်မရှင်ကို အကြောင်းကြားစာပို့ထားတာဖြစ်ပါတယ်၊ ပုံစံ-၁၉ မှာ လက်မှတ်ထိုးမထားတော့ ကန့်ကွက်တာပါ၊ စီစစ်ပြီး အစည်းဝေးထိုင်ပြီး အမှုဖွင့်မှာပါ”လို့ ရွေးကောက်ပွဲကော်ရှင်ကို အကြောင်းကြားစာပို့ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း…
Read More
မြန်မာအစိုးရသစ်ဖွဲ့ပြီးရင် ရိုဟင်ဂျာတွေပြန်ပို့ရေး သုံးပွင့်ဆိုင်ဆွေးနွေးမယ်လို့ ဘင်္ဂလားဒေ့ရှ်ပြော
ဒါကာ၊ နိုဝင်ဘာ-၁၂-၂၀၂၀ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာ အစိုးရသစ်တစ်ရပ်ဖွဲ့စီးပြီးနောက် သုံးပွင့်ဆိုင်ဆွေးနွေးရေး ယန္တရားကိုအသုံးပြုပြီး ရိုဟင်ဂျာတွေ ပြန်ပို့ရေးအတွက် ဆွေးနွေးပွဲတွေပြန်စသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က ပြောပါတယ်။ ဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး မိမိတို့အနေနဲ့ အကောင်းမြင်ထားပြီး သုံးပွင့်ဆိုင်ဆွေးနွေးပွဲဟာ များမကြာမီစတင်သွားမယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။ နှောင့်နှေးမှုတွေမရှိဘဲ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့မှုတွေ စတင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ တရုတ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ပေကျင်းမှာပြုလုပ်ဖို့ စီစဉ်နေကြပါတယ်။ မြန်မာဘက်ကတော့ ရိုဟင်ဂျာတွေနေရပ်ပြန်ရေးနဲ့ပတ်သက်ပြီး ကတိကဝတ်တွေပြုခဲ့ပေမယ့် လွန်ခဲ့တဲ့သုံးနှစ်အတွင်း တစ်ဦးတစ်ယောက်နေရပ်ပြန်တာမျိုးမရှိခဲ့ပါဘူး။ ရိုဟင်ဂျာဒုက္ခသည်တွေအကြား နေရပ်ပြန်ရေးနဲ့ပတ်သက်လို့ ယုံကြည်မှု ကင်းမဲ့နေပြီး ဒါဟာ မြန်မာနိုင်ငံဘက်က ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ Ref : Daily Star Photo: Daily Star #voiceofmyanmar #VOM #ဒါကာ
Read More
တက်လာတဲ့အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အလေးပေးဆောင်ရွက်ပေးဖို့ မြောက်ပိုင်း (၃) ဖွဲ့တောင်းဆို
စစ်တွေ၊ နိုဝင်ဘာ ၁၂- ၂၀၂၀ ထက်အောင်စိုင်း (VOM) ပြီးခဲ့တဲ့ (၅) နှစ်သက်တမ်းကာလက NLD ဦးဆောင်တဲ့ အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့တို့ကြား ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရှေ့ဆက်နိုင်ရေးအတွက် ရွေးကောက်ပွဲလွန်ကာလမှာ တက်လာမယ့် NLD အစိုးရအနေနဲ့ အထူးအလေးပေးဆောင်ရွက်ပေးဖို့လိုကြောင့်း မနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ရက်စွဲနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့က တိုက်တွန်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ” အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်တဲ့အတွက် (၂၁) ရာစုပင်လုံမှာလည်း အေအေကို မဖိတ်ဘူး။ အဲဒါကြောင့် မြောက်ပိုင်းလေးဖွဲ့ပါဝင်တဲ့ FPNCC ကလည်း မတက်ရောက်တော့ဘူးပေါ့နော်၊ အစိုးရတပ်ဖက်ကလည်း အပစ်ရပ်သက်တမ်းတိုးတိုင်းမှာလည်း ရခိုင်ဖက်မပါဘူး။ အေအေကို ချန်လှပ်ပြီးမှ ကြေညာထားတာရှိတယ်။ အဲလိုမျိုး တပ်ရော၊ အစိုးရရော နောက်ထပ်တစ်ကြိမ်ထပ်မံပြီးတော့ တွေ့ဆုံဆွေးနွေးရေးအဖွဲ့တွေဖွဲ့တယ်။ အဲလိုမျိုးလုပ်တဲ့အခါကျတော့ အေအေကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့ အတွက် မဖိတ်ခဲ့ဘူးပေါ့။…
Read More
နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှုနဲ့ ထောင်ဒဏ် ၂ နှစ်ထပ်ချ
မန္တလေး၊ နိုဝင်ဘာ- ၁၂-၂၀၂၀ ရှိုင်းအောင်(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် တရား ရုံးက နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှု ပုဒ်မ- ၂၂၄ နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဦးကျော်မြင့်ဟာ ထောင်ပြေးမှု ပုဒ်မ -၂၂၄ အပြင် ၁၉၄၇ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်)အက်ဥပဒေပုဒ်မ-၁၃ (၁) နဲ့ပါ ထပ်မံတရားစွဲဆိုခံထားရတာလည်းဖြစ်ပါတယ်။ “အခုချမှတ်လိုက်တဲ့ထောင်ဒဏ်ကတော့ ယခင်ချခံရဆဲ ထောင်ဒဏ်အပြင် အပိုဆောင်းဖြစ်ပါတယ် သီးခြားစီပေါ့ ဒါနဲ့သက်ဆိုင်မှုမရှိဘူး၊ အပိုဆောင်းပြစ်ဒဏ်ဆိုတာ ပုဒ်မ ၂၂၄ ရဲ့ ရှင်းလင်းချက်မှာလည်း ဖော်ပြထားပြီးသားဖြစ်ပါတယ် အဲ့အတိုင်းဘဲ ချမှတ်ခဲ့တာပါ။ ဦးကျော်မြင့်အပေါ် စွဲဆိုထားတဲ့ လဝက ၁၃(၁) အရ အမှုကို ဒီကနေ့ ကျနော်တို့ စွဲချက်တင်သင့် မတင်သင့် ၂ ပတ် လျှောက်လွှဲချက် ကြားနာပါတယ်”…
Read More
VOM News
FREE
VIEW