မြန်မာအစိုးရသစ်ဖွဲ့ပြီးရင် ရိုဟင်ဂျာတွေပြန်ပို့ရေး သုံးပွင့်ဆိုင်ဆွေးနွေးမယ်လို့ ဘင်္ဂလားဒေ့ရှ်ပြော

ဒါကာ၊ နိုဝင်ဘာ-၁၂-၂၀၂၀
မျိုးဆက် (VOM)

မြန်မာနိုင်ငံမှာ အစိုးရသစ်တစ်ရပ်ဖွဲ့စီးပြီးနောက် သုံးပွင့်ဆိုင်ဆွေးနွေးရေး ယန္တရားကိုအသုံးပြုပြီး ရိုဟင်ဂျာတွေ ပြန်ပို့ရေးအတွက် ဆွေးနွေးပွဲတွေပြန်စသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က ပြောပါတယ်။

ဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး မိမိတို့အနေနဲ့ အကောင်းမြင်ထားပြီး သုံးပွင့်ဆိုင်ဆွေးနွေးပွဲဟာ များမကြာမီစတင်သွားမယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

နှောင့်နှေးမှုတွေမရှိဘဲ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့မှုတွေ စတင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ တရုတ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ပေကျင်းမှာပြုလုပ်ဖို့ စီစဉ်နေကြပါတယ်။

မြန်မာဘက်ကတော့ ရိုဟင်ဂျာတွေနေရပ်ပြန်ရေးနဲ့ပတ်သက်ပြီး ကတိကဝတ်တွေပြုခဲ့ပေမယ့် လွန်ခဲ့တဲ့သုံးနှစ်အတွင်း တစ်ဦးတစ်ယောက်နေရပ်ပြန်တာမျိုးမရှိခဲ့ပါဘူး။

ရိုဟင်ဂျာဒုက္ခသည်တွေအကြား နေရပ်ပြန်ရေးနဲ့ပတ်သက်လို့ ယုံကြည်မှု ကင်းမဲ့နေပြီး ဒါဟာ မြန်မာနိုင်ငံဘက်က ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

Ref : Daily Star
Photo: Daily Star
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW