နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှုနဲ့ ထောင်ဒဏ် ၂ နှစ်ထပ်ချ

မန္တလေး၊ နိုဝင်ဘာ- ၁၂-၂၀၂၀
ရှိုင်းအောင်(VOM)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် တရား ရုံးက နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှု ပုဒ်မ- ၂၂၄ နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

ဦးကျော်မြင့်ဟာ ထောင်ပြေးမှု ပုဒ်မ -၂၂၄ အပြင် ၁၉၄၇ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်)အက်ဥပဒေပုဒ်မ-၁၃ (၁) နဲ့ပါ ထပ်မံတရားစွဲဆိုခံထားရတာလည်းဖြစ်ပါတယ်။

“အခုချမှတ်လိုက်တဲ့ထောင်ဒဏ်ကတော့ ယခင်ချခံရဆဲ ထောင်ဒဏ်အပြင် အပိုဆောင်းဖြစ်ပါတယ် သီးခြားစီပေါ့ ဒါနဲ့သက်ဆိုင်မှုမရှိဘူး၊ အပိုဆောင်းပြစ်ဒဏ်ဆိုတာ ပုဒ်မ ၂၂၄ ရဲ့ ရှင်းလင်းချက်မှာလည်း ဖော်ပြထားပြီးသားဖြစ်ပါတယ် အဲ့အတိုင်းဘဲ ချမှတ်ခဲ့တာပါ။ ဦးကျော်မြင့်အပေါ် စွဲဆိုထားတဲ့ လဝက ၁၃(၁) အရ အမှုကို ဒီကနေ့ ကျနော်တို့ စွဲချက်တင်သင့် မတင်သင့် ၂ ပတ် လျှောက်လွှဲချက် ကြားနာပါတယ်” လို့ ချမ်မြသာစည်မြို့နယ်တရားရုံး မြို့နယ်တရားသူကြီး ဦးကျော်မျိုးဝင်း က ပြောပါတယ်။

၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး( လက်တလောပြဌာန်းချက်) အက်ဥပဒေ ပုဒ်မ-၁၃(၁) ထက်မံစွဲဆိုထားတဲ့ ကျန်ရှိနေတဲ့အမှုကိုတော့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ရုံချိန်းထပ်မံ ချိန်းဆိုခဲ့တာဖြစ်ပါတယ်။

ဦးကျော်မြင့်ဟာ ၁၉၉၉ခုနှစ်၊ ဇန်နဝါရီ ၁၉ရက်က အိုးဘိုထောင်မှာ အကျဉ်းကျနေတုန်း အကျဉ်းထောင်ပြင်ပ ဆေးကုသခွင့်ရတဲ့အချိန်မှာ ထွက်ပြေးခဲ့တဲ့အတွက် ထောင်ပြေးမှုပုဒ်မ- ၂၂၄ နဲ့ ၂၀၂၀ခုနှစ် စက်တင်ဘာ ၂၉ရက် ညပိုင်းမှာ နေပြည်တော်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ၁၂၊ ပုဒ်မခွဲ(ခ)အရ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်လိုက်တဲ့အပြင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ၊ နည်းဥပဒေ၂၇အရ ပါတီကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ အောက်တိုဘာ ၁၇ရက်နေ့ ညပိုင်းက ကြေငြာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ဦးကျော်မြင့်

Related posts

Leave a Comment

VOM News

FREE
VIEW