အရပ်သားတွေ ထိခိုက်သေဆုံးမှု အစိုးရဘာတွေကူသလဲလို့ ရခိုင်လွှတ်တော်မှာမေး

စစ်တွေ၊ နိုဝင်ဘာ ၁၇- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းစစ်ရေး ပဋိပက္ခတွေကြောင့် အရပ်သားထိခိုက်သေဆုံး ဒဏ်ရာရမှုတွေ တစ်နေ့တစ်ခြား တိုးလာတာနဲ့ အညီ ဒေသခံပြည်သူတွေရဲ့ အထွေထွေနစ်နာချက်တွေကို ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ကူညီထောက်ပံ့ပေးမှုတွေရှိကြောင်းနဲ့ အဲဒီလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရဲ့ကူညီထောက်ပံ့မှုအခြေအနေတွေအပေါ် လက်ရှိ စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ၊ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်က မနေ့ နိုဝင်ဘာ ၁၆ ရက်နေ့၊ ရခိုင်ပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးအောင်သန်းတင်ရဲ့ မေးမြန်းချက်ကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ပြန်လည်ဖြေကြားခဲ့ တာဖြစ်ပါတယ်။

ပြည်နယ်အစိုးရဖက်က ပြန်လည်ဖြေကြားရာမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲကြောင့်၊ ထိခိုက်သေဆုံး ဒဏ်ရာရရှိသူတွေကို အစိုးရအနေနဲ့ ကူညီထောက်ပံ့ပေးနေပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် သေဆုံးသူ တစ်ဦးကို (၃) သိန်းနှုန်းနဲ့ သေဆုံးသူ (၁၃၂) ဦးကို (၃၉၆) သိန်းနဲ့ ဒဏ်ရာရသူ တစ်ဦးကို (၅) သောင်းနှုန်းနဲ့ ဒဏ်ရာရသူ (၃၈၂) ဦးကို (၁၉၂) သိန်းတို့ကို သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးဦးစီဌာနတို့ရဲ့ တင်ပြချက်အရ ထောက်ပံ့ပေးထားကြောင်း သိရပါတယ်လို့ ဗိုလ်မှူးကြီး မင်းသန်းက ဖြေကြား ခဲ့ပါတယ်။

မေးခွန်းမေးမြန်းတဲ့ လွှတ်တော်ကိုယ်စားလှယ်ကတော့ အဲဒီလိုမျိုး ဖြေကြားချက်ဟာ ပြည့်စုံမှုမရှိတာကြောင့် အားမရဘူးလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သန်းတင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းစစ်ရေးကာလ ၂ နှစ်နီးပါအတွင်း သေဆုံးသူ (၃၀၀) ကျော်နဲ့ ဒဏ်ရာရရှိသူ (၆၀၀)ကျော်ထိရှိကာ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတဲ့ ဒုက္ခသည်ဦးရေဟာလည်း (၂၅၀၀၀၀) နီးပါး ရှိနေပြီဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင်လွှတ်တော်

zawgy

အရပ္သားေတြ ထိခိုက္ေသဆုံးမႈ အစိုးရဘာေတြကူသလဲလို႔ ရခိုင္လႊတ္ေတာ္မွာေမး

စစ္ေတြ၊ ႏိုဝင္ဘာ ၁၇- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္အတြင္း ျပည္တြင္းစစ္ေရး ပဋိပကၡေတြေၾကာင့္ အရပ္သားထိခိုက္ေသဆုံး ဒဏ္ရာရမႈေတြ တစ္ေန႔တစ္ျခား တိုးလာတာနဲ႔ အညီ ေဒသခံျပည္သူေတြရဲ႕ အေထြေထြနစ္နာခ်က္ေတြကို ရခိုင္ျပည္နယ္အစိုးရအေနနဲ႔ ကူညီေထာက္ပံ့ေပးမႈေတြရွိေၾကာင္းနဲ႔ အဲဒီလို႔ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ ရဲ႕ကူညီေထာက္ပံ့မႈအေျခအေနေတြအေပၚ လက္ရွိ စစ္ေရးတင္းမာမႈေတြရွိေနတဲ့ ပုဏၰားကြၽန္းၿမိဳ႕နယ္ ၊ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္သန္းတင္က မေန႔ ႏိုဝင္ဘာ ၁၆ ရက္ေန႔၊ ရခိုင္ျပည္နယ္လႊတ္ေတာ္ (၁၄) ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝးမွာ ေမးခြန္းထုတ္ခဲ့တာျဖစ္ပါတယ္။

ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္၊ ဦးေအာင္သန္းတင္ရဲ႕ ေမးျမန္းခ်က္ကို ရခိုင္ျပည္နယ္အစိုးရ အဖြဲ႕ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး မင္းသန္းက ျပန္လည္ေျဖၾကားခဲ့ တာျဖစ္ပါတယ္။

ျပည္နယ္အစိုးရဖက္က ျပန္လည္ေျဖၾကားရာမွာ ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲေၾကာင့္၊ ထိခိုက္ေသဆုံး ဒဏ္ရာရရွိသူေတြကို အစိုးရအေနနဲ႔ ကူညီေထာက္ပံ့ေပးေနၿပီး လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဦးစီးဌာနကေနၿပီး ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲေတြေၾကာင့္ ေသဆုံးသူ တစ္ဦးကို (၃) သိန္းႏႈန္းနဲ႔ ေသဆုံးသူ (၁၃၂) ဦးကို (၃၉၆) သိန္းနဲ႔ ဒဏ္ရာရသူ တစ္ဦးကို (၅) ေသာင္းႏႈန္းနဲ႔ ဒဏ္ရာရသူ (၃၈၂) ဦးကို (၁၉၂) သိန္းတို႔ကို သက္ဆိုင္ရာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးဦးစီဌာနတို႔ရဲ႕ တင္ျပခ်က္အရ ေထာက္ပံ့ေပးထားေၾကာင္း သိရပါတယ္လို႔ ဗိုလ္မႉးႀကီး မင္းသန္းက ေျဖၾကား ခဲ့ပါတယ္။

ေမးခြန္းေမးျမန္းတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ကေတာ့ အဲဒီလိုမ်ိဳး ေျဖၾကားခ်က္ဟာ ျပည့္စုံမႈမရွိတာေၾကာင့္ အားမရဘူးလို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးေအာင္သန္းတင္က ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း ျပည္တြင္းစစ္ေရးကာလ ၂ ႏွစ္နီးပါအတြင္း ေသဆုံးသူ (၃၀၀) ေက်ာ္နဲ႔ ဒဏ္ရာရရွိသူ (၆၀၀)ေက်ာ္ထိရွိကာ စစ္ေရးပဋိပကၡေတြေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးတဲ့ ဒုကၡသည္ဦးေရဟာလည္း (၂၅၀၀၀၀) နီးပါး ရွိေနၿပီျဖစ္ေၾကာင္း အရပ္ဖက္အဖြဲ႕အစည္းေတြရဲ႕ ထုတ္ျပန္ခ်က္စာရင္းေတြအရ သိရပါတယ္။

#voiceofmyanmar #VOM #ရခိုင္လႊတ္ေတာ္

 

Related posts

Leave a Comment

VOM News

FREE
VIEW