အရက်လာသောက်သူက ‌အိမ်ရှင်ရဲ့ သမီးဖြစ်သူကိုမဖွယ်မရာပြုလုပ်တဲ့အတွက် အမှုဖွင့်ဖမ်းဆီး

နိုဝင်ဘာ ၁၉-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကင်းချောင်းကျေးရွာမှာ နိုဝင်ဘာလ၁၇ရက်နေ့ ညပိုင်းက အရက်လာသောက်သူအမျိုးသားက နေအိမ်ပိုင်ရှင်ရဲ့ သမီးဖြစ်သူကို မဖွယ်မရာပြုလုပ်တယ်လို့ဆိုပြီး ပုဒ်မ ၂ခု နဲ့အမှုဖွင့်ဖမ်းဆီးထားတယ်လို့ မုဒုံမြို့မရဲစခန်းမှူး ဒု-ရဲမှူး အောင်မျိုးထွန်းက‌ ပြောပါတယ်။

” နေအိမ်လာအရက်သောက်သူက အိပ်နေတဲ့ ကလေးမကို မဖွယ်မရာလုပ်တယ်လို့ပဲပြောရမှာပါ။ ကလေးမလေးက အသက် ၁၅ နှစ်ကျော်ပဲရှိသေးပါတယ်”လို့ ဒု-ရဲမှူး ဦးအောင်မျိုးထွန်းကပြောပါတယ်။

မုဒုံမြို့နယ်၊ ကင်းချောင်းကျေးရွာမှာနေတဲ့ ကိုစိုးမိုးထွေး အသက်၂၅ နှစ်ဟာ တစ်ရွာတည်းအတူနေသူအမျိုးသားတစ်ဦးရဲ့နေအိမ်မှာ အရက်‌သောက်ခဲ့ကြပြီးနောက် အရက်မဝတဲ့အတွက် ထပ်ဝယ်ဖို့ သောက်စားနေသူ ၃ ဦးလုံးအပြင်ထွက်ခဲ့ကြတယ်လို့ သိရပါတယ်။

အပြင်ထွက်သွားခဲ့ပြီး မကြာခင် ကိုစိုးမိုးထွေးတစ်ဦးတည်း ပြန်လည်ရောက်ရှိလာပြီးနောက် နေအိမ်မှာ အိပ်‌ပျော်‌နေတဲ့ အသက် (၁၅ နှစ်)အရွယ်အမျိုးသမီးရဲ့ ခြင်ထောင်ထဲ ဝင်ကာ မဖွယ်မရာပြုလုပ်တာကြောင့် အော်ဟစ်အကူညီတောင်းခံစဉ် ထွက်ပြေးသွားခဲ့
တာဖြစ်တယ်လို့ မုဒုံမြို့မရဲစခန်းကနေ သိရပါတယ်။

” နောက်တစ်နေ့ မနက်မှ လာအမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ အမှုဖွင့်ပြီး သိပ်မကြာခင်ဖမ‌်းဆီးထားတယ်”လို့ မုဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

အမှုနဲ့ပတ်သက်ပြီး ကိုစိုးမိုးထွေးကို မုဒုံမြို့မရဲစခန်းမှ (ပ)၁၆၀၀/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၅၆/၃၅၄ (အိမ်ကျော်နင်းမှု/ကာယအိန္ဒြေပျက်စီးမှု)နဲ့ အမှုဖွင့်ဖမ်းဆီးစစ်‌ဆေးနေတယ်လို့ သိရပါတယ်။

Photo – မင်းမင်းထွဏ်း
#voiceovmyanmar #VOM #မုဒုံ

Related posts

Leave a Comment

VOM News

FREE
VIEW