ကျောက်မဲက အနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံး

ကျောက်မဲ၊ နိုဝင်ဘာ- ၂၁- ၂၀၂၀
(VoiceofMyanmar)
၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် ကျောက်မြို့အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)က အရွေးချယ်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော်ဟာ ကျောက်မဲမြို့ နောင်ပိန်ကျေးရွာအုပ်စုက နေအိမ်ရှေ့မှာတင် သေနတ်နဲ့ ပစ်ခတ်ခံရလို့ ကွယ်လွန်သွားပါတယ်။
လက်ရှိကျောက်မဲဆေးရုံကိုရောက်နေတဲ့ ကိုထိုက်ဇော်နဲ့ ညီအကိုလိုခင်တဲ့ သူငယ်ချင်း ကိုသားဇေ ာ် ပြောပြတာက “ကျနော်တို့ ခု ဆေးရုံမှာပဲရှိပါသေးတယ်၊ ၆ နာရီ မိနစ်၅၀ လောက်က ဆုံးသွားပါတယ်၊ အလောင်းသယ်ဖို့ကို မစီစဉ်ရသေးပါဘူး၊ သူ့ရွာက သူ့အိမ်ရှေ့မှာ ပစ်ခံရတာပါ” လို့ ငိုနေရင်း ပြောပြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကတော့ “ဒါမတိုင်ကလည်း ကျောက်မဲ ရွေးကောက်ပွဲကော်မရှင်ရုံးကို သေနတ်နဲ့ ပစ်ခံရတဲ့ သတင်းထွက်လာတယ်၊ ခုလည်း သူ့အိမ်ရှေ့ကို ဆိုင်ကယ်နဲ့လာပြီးတော့ ညာဘက်ရင်အုံကို ပစ်သွားတယ်ဆိုတော့ ဒါဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ အကြမ်းဖက်လုပ်ဆောင်ချင်းလို့ ဒီလိုသုံးသပ်ပါတယ်၊ ဒီလုပ်ရပ်ကို ရှုံ့ချတဲ့ ကြေငြာချက်တစ်ခု မကြာခင်ထွက်ပါမယ် တပ်မတော်ကလည်း သူလုပ်ရမယ့် ကိစ္စတစ်ခုဖြစ်လို့ သူ့အလုပ်သူ လုပ်ပါလိမ့်မယ် ကျနော်တို့လည်း ကိုယ့်အလုပ်ကို လုပ်ယုံပေါ့ ထွေထွေထူးထူး မပြောတော့ပါဘူး” လို့ ပြောပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင်ကလည်း ရခိုင်ပြည်နယ် တောင်ကုတ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း (၃)ဦးကိုလည်း အကြမ်းဖက်လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုအချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးပါဘူး။
#VOM #voiceofmyanmar #ကျောက်မဲ
Seen by Shine Aung at 19:33

Related posts

Leave a Comment

VOM News

FREE
VIEW