တောင်ကြီးမြို့ကို stay at home သတ်မှတ်

တောင်ကြီး-နိုဝင်ဘာ ၂၀ -၂၀၂၀
နေနန်းနွယ်( VOM)

ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမြို့ကို နိုဝင်ဘာ ၂၁ မှ စ၍ Stay At Home အိမ်အတွင်းသာ နေကြရန် ကြေညာလိုက်ပြီဖြစ်ပါတယ်။

တောင်ကြီးမြို့တွင် နိုဝင်ဘာ ၁၂ ရက်နေ့မှစပြီး ဒေသတွင်း ကိုဗစ်ရောဂါ ပြန့်ပွါးကူးစက်မှုစတင်တွေ့ရှိခဲ့ပြီး ကူးစက်သူများ များပြားလာ၍ ကူးစက်ပြန့်ပွါးမှု ထိန်းချုပ်နိုင်ရန် အိမ်တွင်းသာ နေကြပါရန် တိုက်တွန်းနှိုးဆော်လိုက်တယ်လို့ သိရပါတယ်

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထုတ်ပြန်ထားသကဲ့သို့ နိုဝင်ဘာ ၂၁ မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ အိမ်တွင်းသာ နေကြရန် တောင်ကြီးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်

လက်ရှိတွင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှာ ကိုဗစ်ရောဂါပိုး အတည်ပြုလူနာ အယောက် ၃၀ တက်ရောက် ကုသခံလျက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေရ ရှမ်းပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၂၃၄ ယောက်ရှိပြီး မြန်မာတနိုင်ငံလုံးအနေနဲ့ ကိုဗစ်အတည်ပြုလူနာ ၇၆၄၁၄ ရှိပြီး သေဆုံးသူ ၁၆၉၅ ယောက်ရှိပြီဖြစ်ပါတယ်။
#voiceofMyanmar #VOM #တောင်ကြီး #stayathome

zawgy


နေနန်းနွယ်( VOM)






 

Related posts

Leave a Comment

VOM News

FREE
VIEW